မအူပင် မြို့နယ်အတွင်း ငါးမွေးမြူရေး လုပ်ငန်း ထောင်ဂဏန်း ရပ်ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ငါးမွေးမြူရေး လုပ်ငန်း တစ်ထောင်နီးပါး လုပ်ငန်း ရပ်ဆိုင်းသွားကြောင်း လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
“အစာဈေး စက်ဆီဈေး အကုန်တက်တယ်။ ငါးရောင်းဖို့ကျတော့ ပြည်တွင်း ပြည်ပ ဈေးကွက်ပျက် ငါး ဈေး ကျတယ်။ ကန်ငှားခတောင် မပေးနိုင်တော့လို့ တချို့ ကန်ပစ်ပြေးပြီး ထွက်ပြေးသလို တချို့လည်း ရပ် လိုက် ရတယ်” ဟု ငါးမွေးမြူရေး လုပ်ကိုင်သူ ဦးမျိုးဝင်း က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်စည်ပို့ဆောင်ရေး အပိုင်း ခက်ခဲလာခဲ့ရာ ပြည်တွင်းပြည်ပ ငါးဈေး ကွက်ပျက်သွားသည့်အတွက် အရှုံးပေါ်လာခဲ့ပြီး ၈ လအကြာတွင် လုပ်ငန်းအများအပြား ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်ဟု ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ထို့အပြင် လုပ်ငန်း ရှေ့ဆက် လုပ်ကိုင်ရန်အတွက် ဘဏ်မှငွေထုတ်ယူရန်လည်း အတော်ခက်ခဲလေး ခက်ခဲ လာသည် ဟု ဆိုကြသည်။
လက်ရှိတွင် ငါးမွေးမြူရေးသုံးပစ္စည်းများ၊ ငါးစာများ ကုန်စျေးနှုန်းတက်လည်သော်လည်း ပြည်တွင်းပြည်ပ ငါးစျေးကွက်မှာ ပျက်ဆီးနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ထပ်မံ ရင်းနှီးမြုပ်နှံရေး အခက်အခဲ များ ရှိလာသည့်အတွက် ငါးမွေးမြူရေး လုပ်ငန်းကို လက်လွှတ်လိုက်ကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ငါးစာ ပဲဖတ် နှမ်းဖတ် ဈေးနှုန်းများ သာမက ဒေသတွင်း၌ အလွယ်တကူ ရရှိပြီး ဈေးသက်သာသည့် ဖွဲနု ဈေးနှုန်းသည်ပင် ၁၆ ပိသာဝင် တစ်အိတ်လျှင် ကျပ် ၂၀၀၀ ဈေးတက်သွားခဲ့သည်ဟု ဦးမျိုးဝင်း က ပြော သည်။
သို့သော် ငါးဈေးမှာ တစ်ပိဿာနှင့် အထက် အရွယ်ဆိုဒ် ငါးတစ်ပိသာလျှင် ကျပ် ၄၀၀၀ ရှိရာမှ ယခုခါ ထက် ဝက်ခန့် ဈေးကျသွားသည့်အပြင် လမ်းခရီး ပိတ်ဆို့မှုများကြောင့်လည်း ကုန်ပစ္စည်း ပို့ဆောင်ရာတွင် ပျက် ဆီး ဆုံးရှုံးမှုများရှိနေသည်ဟု ငါးမွေးမြူရေး လုပ်ငန်းရှင်များက ပြောသည်။
ဧရာဝတီတိုင်း ငါးလုပ်ငန်းရှင်များ အ သင်း၏ အမှုဆောင် တစ်ဦးက “လုပ်ငန်းတွေ ရပ်သွားတော့ ဒီလုပ် ငန်းကို မှီခိုရတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ စားဝတ်နေရေး နဲ့ ဒေသတွင်း တည်ငြိမ် အေးချမ်းရေး၊ ပြည်သူ တစ်ဦးခြင်းရဲ့ ဘဝလုံခြုံရေးပါ ထိခိုက်လာ တယ်” ဟု ပြောသည်။
ငါးကန် တစ်ဧကလျှင် ငါးပိဿာချိန် ၂၀၀၀ အထိ မွေးမြူထုတ်လုပ်ကြပြီး အနိမ့်ဆုံး ငါးမွေးသူ လုပ်ငန်းရှင် တစ်ဦးလျှင် ဧက ၂၀ အနည်းဆုံးရှိရာ ငါးကန်လုပ်သား ၃ ဦး ရှိကြောင်း၊ ယခုနှစ် ငါးဈေးကျသဖြင့် ငါးတစ် ပိဿာ ကို ကျပ် ၄၀၀ ခန့် အရှုံးပေါ်နေသည်ဟု ငါးမွေးသူများ က ပြောသည်။
ငါးမွေးမြူရေး လုပ်ငန်းရှင်များ လုပ်ငန်းများရပ်ဆိုင်းသွားရသည့်အတွက် ငါးကန်လုပ်သားအချို့လည်း အလုပ်လက်မဲ့ဖြစ်ကုန်သည်ဟု ဆိုသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိပြီး မြို့နယ် အများစုတွင် ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးမုတ်၊ ငါး ကြင်း နှင့် ငါးဒန် တို့ကို မွေးမြူထုတ်လုပ်ကြသည်။
ကျေးရွာ ၈၈ အုပ်စုရှိသည့် မအူပင်မြို့နယ်တွင် ငါးမွေးမြူသည့် ကန်ဧက ၂၀၀၀၀ ကျော်ရှိကာ ၁၀ ဧက ရှိ ငါးကန် တစ်ကန်လျှင် ကန်လုပ်သား ၂ ဦး ထားရှိရကြောင်း ဧရာဝတီတိုင်း ငါးလုပ်ငန်း ဦးစီးဌာန၏ မှတ် တမ်းများအရ သိရသည်။
*** ZAWGYI ***
မအူပင္ ၿမိဳ႕နယ္အတြင္း ငါးေမြးျမဴေရး လုပ္ငန္း ေထာင္ဂဏန္း ရပ္ဆိုင္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။
ဧရာဝတီတိုင္း မအူပင္ၿမိဳ႕နယ္ရွိ ငါးေမြးျမဴေရး လုပ္ငန္း တစ္ေထာင္နီးပါး လုပ္ငန္း ရပ္ဆိုင္းသြားေၾကာင္း လုပ္ငန္းလုပ္ကိုင္သူမ်ားက ေျပာသည္။
“အစာေဈး စက္ဆီေဈး အကုန္တက္တယ္။ ငါးေရာင္းဖို႔က်ေတာ့ ျပည္တြင္း ျပည္ပ ေဈးကြက္ပ်က္ ငါး ေဈး က်တယ္။ ကန္ငွားခေတာင္ မေပးႏိုင္ေတာ့လို႔ တခ်ိဳ႕ ကန္ပစ္ေျပးၿပီး ထြက္ေျပးသလို တခ်ိဳ႕လည္း ရပ္ လိုက္ ရတယ္” ဟု ငါးေမြးျမဴေရး လုပ္ကိုင္သူ ဦးမ်ိဳးဝင္း က ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ကုန္စည္ပို႔ေဆာင္ေရး အပိုင္း ခက္ခဲလာခဲ့ရာ ျပည္တြင္းျပည္ပ ငါးေဈး ကြက္ပ်က္သြားသည့္အတြက္ အရႈံးေပၚလာခဲ့ၿပီး ၈ လအၾကာတြင္ လုပ္ငန္းအမ်ားအျပား ရပ္ဆိုင္းသြားခဲ့ျခင္းျဖစ္သည္ဟု ငါးေမြးျမဴေရး လုပ္ငန္း လုပ္ကိုင္သူမ်ားက ေျပာသည္။
ထို႔အျပင္ လုပ္ငန္း ေရွ႕ဆက္ လုပ္ကိုင္ရန္အတြက္ ဘဏ္မွေငြထုတ္ယူရန္လည္း အေတာ္ခက္ခဲေလး ခက္ခဲ လာသည္ ဟု ဆိုၾကသည္။
လက္ရွိတြင္ ငါးေမြးျမဴေရးသုံးပစၥည္းမ်ား၊ ငါးစာမ်ား ကုန္ေစ်းႏႈန္းတက္လည္ေသာ္လည္း ျပည္တြင္းျပည္ပ ငါးေစ်းကြက္မွာ ပ်က္ဆီးေနသည့္အတြက္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ထပ္မံ ရင္းႏွီးျမဳပ္ႏွံေရး အခက္အခဲ မ်ား ရွိလာသည့္အတြက္ ငါးေမြးျမဴေရး လုပ္ငန္းကို လက္လႊတ္လိုက္ၾကျခင္း ျဖစ္သည္ဟု ဆိုၾကသည္။
ငါးစာ ပဲဖတ္ ႏွမ္းဖတ္ ေဈးႏႈန္းမ်ား သာမက ေဒသတြင္း၌ အလြယ္တကူ ရရွိၿပီး ေဈးသက္သာသည့္ ဖြဲႏု ေဈးႏႈန္းသည္ပင္ ၁၆ ပိသာဝင္ တစ္အိတ္လွ်င္ က်ပ္ ၂၀၀၀ ေဈးတက္သြားခဲ့သည္ဟု ဦးမ်ိဳးဝင္း က ေျပာ သည္။
သို႔ေသာ္ ငါးေဈးမွာ တစ္ပိႆာႏွင့္ အထက္ အ႐ြယ္ဆိုဒ္ ငါးတစ္ပိသာလွ်င္ က်ပ္ ၄၀၀၀ ရွိရာမွ ယခုခါ ထက္ ဝက္ခန႔္ ေဈးက်သြားသည့္အျပင္ လမ္းခရီး ပိတ္ဆို႔မႈမ်ားေၾကာင့္လည္း ကုန္ပစၥည္း ပို႔ေဆာင္ရာတြင္ ပ်က္ ဆီး ဆုံးရႈံးမႈမ်ားရွိေနသည္ဟု ငါးေမြးျမဴေရး လုပ္ငန္းရွင္မ်ားက ေျပာသည္။
ဧရာဝတီတိုင္း ငါးလုပ္ငန္းရွင္မ်ား အ သင္း၏ အမႈေဆာင္ တစ္ဦးက “လုပ္ငန္းေတြ ရပ္သြားေတာ့ ဒီလုပ္ ငန္းကို မွီခိုရတဲ့ အလုပ္သမားေတြ အလုပ္လက္မဲ့ ျဖစ္သြားတယ္။ စားဝတ္ေနေရး နဲ႔ ေဒသတြင္း တည္ၿငိမ္ ေအးခ်မ္းေရး၊ ျပည္သူ တစ္ဦးျခင္းရဲ႕ ဘဝလုံၿခဳံေရးပါ ထိခိုက္လာ တယ္” ဟု ေျပာသည္။
ငါးကန္ တစ္ဧကလွ်င္ ငါးပိႆာခ်ိန္ ၂၀၀၀ အထိ ေမြးျမဴထုတ္လုပ္ၾကၿပီး အနိမ့္ဆုံး ငါးေမြးသူ လုပ္ငန္းရွင္ တစ္ဦးလွ်င္ ဧက ၂၀ အနည္းဆုံးရွိရာ ငါးကန္လုပ္သား ၃ ဦး ရွိေၾကာင္း၊ ယခုႏွစ္ ငါးေဈးက်သျဖင့္ ငါးတစ္ ပိႆာ ကို က်ပ္ ၄၀၀ ခန႔္ အရႈံးေပၚေနသည္ဟု ငါးေမြးသူမ်ား က ေျပာသည္။
ငါးေမြးျမဴေရး လုပ္ငန္းရွင္မ်ား လုပ္ငန္းမ်ားရပ္ဆိုင္းသြားရသည့္အတြက္ ငါးကန္လုပ္သားအခ်ိဳ႕လည္း အလုပ္လက္မဲ့ျဖစ္ကုန္သည္ဟု ဆိုသည္။
ဧရာဝတီတိုင္းအတြင္း ၿမိဳ႕နယ္ ၂၆ ၿမိဳ႕နယ္ရွိၿပီး ၿမိဳ႕နယ္ အမ်ားစုတြင္ ငါးျမစ္ခ်င္း၊ ငါးေခါင္းပြ၊ ငါးမုတ္၊ ငါး ၾကင္း ႏွင့္ ငါးဒန္ တို႔ကို ေမြးျမဴထုတ္လုပ္ၾကသည္။
ေက်း႐ြာ ၈၈ အုပ္စုရွိသည့္ မအူပင္ၿမိဳ႕နယ္တြင္ ငါးေမြးျမဴသည့္ ကန္ဧက ၂၀၀၀၀ ေက်ာ္ရွိကာ ၁၀ ဧက ရွိ ငါးကန္ တစ္ကန္လွ်င္ ကန္လုပ္သား ၂ ဦး ထားရွိရေၾကာင္း ဧရာဝတီတိုင္း ငါးလုပ္ငန္း ဦးစီးဌာန၏ မွတ္ တမ္းမ်ားအရ သိရသည္။