မတ္တရာတွင် စစ်ကောင်စီ တပ်ဖွဲ့များ ငွေလုယက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာ မြောက်ဘက် ပန်းသလဲတောင်အနီးတွင် ထုံးဖုတ် လုပ်ငန်း လုပ်ကိုင်နေသူ ဦးလှမြင့်၏ တဲသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာကာ ငွေ သုံး သိန်းခွဲကို လုယက် သွားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် ဆိုင်ကယ် ၈ စီး၊ အိမ်စီးကားတစ်စီးဖြင့် ပျူစောထီး အဖွဲ့နှင့်အတူ စစ်သား အယောက် ၂၀ ခန့် က ဦးလှမြင့်၏ တဲသို့ ဝင်ရောက်ရှာဖွေကာ ဦးလှမြင့်နှင့် သားတို့ကို ရိုက်နှက်၍ နွားရောင်းရငွေ သုံးသိန်းခွဲ ယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“PDF တွေနဲ့ အဆက်သွယ်ရှိလား သိလားမေးပြီး သူသား တရုတ်ကြီးကိုလည်း ရိုက်ပြီး မျက်နှာကို ဆေးလိပ်မီးနဲ့ တို့ သွားတယ်” ဟု ကျောက်ဆည်လေးကျေးရွာက အသက် ၄၀ ခန့် အရွယ် ရှိသူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထိုသို့ မဝင်ရောက်ခင်ကလည်း ဦးလှမြင့်အိမ်သို့ ခြိမ်းခြောက်စာများ ချဖူးသည်များလည်း ရှိခဲ့သည်ဟု ဒေသခံ များက ပြောသည်။

ယခု လာရောက်လုယက်သူများသည် စက်တင်ဘာလတုန်းက သဖန်းကိုင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည် စစ် သားများ ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

PDF များနှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ မတ္တရာမြို့ အရှေ့ပိုင်းက ကျေးရွာများကိုလည်း စစ်ကောင်စီမှ အငြိုး ထား ခြိမ်းခြောက်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိ ၈ လာကျော်ကာလအတွင်း မြို့ပြ/ကျေးလက်များ အားလုံးတွင် တရားဥပဒေမဲ့လုပ်ရပ်များကို လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူးစောထီးအဖွဲ့များက ကျူးလွန်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
မတၱရာတြင္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ား ေငြလုယက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၊ ေက်ာက္ဆည္ေလးေက်း႐ြာ ေျမာက္ဘက္ ပန္းသလဲေတာင္အနီးတြင္ ထုံးဖုတ္ လုပ္ငန္း လုပ္ကိုင္ေနသူ ဦးလွျမင့္၏ တဲသို႔ စစ္ေကာင္စီတပ္သားမ်ား ဝင္ေရာက္လာကာ ေငြ သုံး သိန္းခြဲကို လုယက္ သြားသည္။

ေအာက္တိုဘာလ ၂၂ ရက္ေန႔ ညေန ၆ နာရီခြဲ အခ်ိန္ခန႔္တြင္ ဆိုင္ကယ္ ၈ စီး၊ အိမ္စီးကားတစ္စီးျဖင့္ ပ်ဴေစာထီး အဖြဲ႕ႏွင့္အတူ စစ္သား အေယာက္ ၂၀ ခန႔္ က ဦးလွျမင့္၏ တဲသို႔ ဝင္ေရာက္ရွာေဖြကာ ဦးလွျမင့္ႏွင့္ သားတို႔ကို ႐ိုက္ႏွက္၍ ႏြားေရာင္းရေငြ သုံးသိန္းခြဲ ယူသြားသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

“PDF ေတြနဲ႔ အဆက္သြယ္ရွိလား သိလားေမးၿပီး သူသား တ႐ုတ္ႀကီးကိုလည္း ႐ိုက္ၿပီး မ်က္ႏွာကို ေဆးလိပ္မီးနဲ႔ တို႔ သြားတယ္” ဟု ေက်ာက္ဆည္ေလးေက်း႐ြာက အသက္ ၄၀ ခန႔္ အ႐ြယ္ ရွိသူ ေဒသခံ အမ်ိဳးသား တစ္ဦးက ေျပာသည္။

ထိုသို႔ မဝင္ေရာက္ခင္ကလည္း ဦးလွျမင့္အိမ္သို႔ ၿခိမ္းေျခာက္စာမ်ား ခ်ဖူးသည္မ်ားလည္း ရွိခဲ့သည္ဟု ေဒသခံ မ်ားက ေျပာသည္။

ယခု လာေရာက္လုယက္သူမ်ားသည္ စက္တင္ဘာလတုန္းက သဖန္းကိုင္ေက်း႐ြာကို မီးရႈိ႕ဖ်က္ဆီးခဲ့သည္ စစ္ သားမ်ား ျဖစ္သည္ဟုလည္း ေဒသခံမ်ားက ဆိုသည္။

PDF မ်ားႏွင့္ အဆက္သြယ္ရွိသည္ဟုဆိုကာ မတၱရာၿမိဳ႕ အေရွ႕ပိုင္းက ေက်း႐ြာမ်ားကိုလည္း စစ္ေကာင္စီမွ အၿငိဳး ထား ၿခိမ္းေျခာက္မႈမ်ားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးကတည္းက ယေန႔အခ်ိန္ထိ ၈ လာေက်ာ္ကာလအတြင္း ၿမိဳ႕ျပ/ေက်းလက္မ်ား အားလုံးတြင္ တရားဥပေဒမဲ့လုပ္ရပ္မ်ားကို လက္နက္ကိုင္ေဆာင္ထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ၎တို႔၏ လက္ေအာက္ခံ ပ်ဴးေစာထီးအဖြဲ႕မ်ားက က်ဴးလြန္လွ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။