မအူပင် လျှပ်စစ်ရုံးရှေ့ ဗုံးကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊EPC လျှပ်စစ်မီတာရုံးရှေ့တွင် အောက်တို ဘာလ ၂၃ ရက်နေ့ ည ၇ နာရီကျော် အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အမှတ် ၁ ရပ်ကွက်၊ မင်းလမ်း ရှိ မြို့နယ် မီတာရုံးရှေ့ အဝင်ပေါက် နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အနီးအနားတဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်နေသည်ဟု မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်က ဒေသခံ အချို့ က ပြောသည်။

“အသံကတော့ အတော်ကျယ်တယ်။ လူထိခိုက်တာ အဆောက်အဦ ပျက်တာမျိုးတော့ မရှိဘူး” ဟု ပေါက်ကွဲမှု ဖြစ်ပွားသည့် လမ်းအတွင်း နေထိုင်သူ တစ်ဦး က ပြောသည်။

ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဘူးဟုလည်း ဒေသခံများက ဆိုသည်။

ယခုလ အတွင်း မအူပင်မြို့နယ် လျှပ်စစ်မီတာရုံးက မီတာလာမဖတ်ပဲ မီတာခများကို ၂ ဆ တိုးမြင့် ကောက်ခံနေ သည့်အတွက် မြို့ခံများက ကျေနပ်မှု မရှိကြဘူးဟု ဒေသခံများက ပြောသည်။

မအူပင်မြို့ခံ ကိုအောင်ကြီး က “မအူပင် PDF က စစ်ကောင်စီ လက်အောက်ခံ EPC ရုံးဝန်ထမ်းတွေကို သတိပေး တဲ့အနေနဲ့ ဘယ်သူ့ကိုမှ မထိခိုက်အောင် ဖောက်ခွဲတာ ဆိုပြီး သတင်းထုတ်ပြန် ထားတယ်” ဟု ပြောသည်။

လူ အများသွားလာသည့် နေရာတွင် ဗုံးပေါက်ကွဲပါက လမ်းသွားလမ်းလာ ပြည်သူများ ကို ထိခိုက်မည်ကို စိုးရိမ် ကြောင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။

ဧရာဝတီတိုင်းထဲတွင် အောက်တိုဘာ ၁၃ ရက်နေ့ က ဓနုဖြူမြို့ နှင့် အောက်တိုဘာ ၁၀ ရက်နေ့က ကျိုက်လတ် မြို့ တို့ရှိ မီတာရုံးများရှေ့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။

သို့သော် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ပုသိမ်မြို့ မီတာရုံး ကွန်ပျူတာခန်းအတွင်း ဗုံးပေါက်ကွဲမှုတွင် ရုံးဝန် ထမ်း တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရုံးအတွင်းရှိ ကွန်ပျူတာအချို့ ပျက်စီးသွားခဲ့သည်။

*** ZAWGYI ***
မအူပင္ လွ်ပ္စစ္႐ုံးေရွ႕ ဗုံးကြဲ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕၊EPC လွ်ပ္စစ္မီတာ႐ုံးေရွ႕တြင္ ေအာက္တို ဘာလ ၂၃ ရက္ေန႔ ည ၇ နာရီေက်ာ္ အခ်ိန္ခန႔္က ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္။

အမွတ္ ၁ ရပ္ကြက္၊ မင္းလမ္း ရွိ ၿမိဳ႕နယ္ မီတာ႐ုံးေရွ႕ အဝင္ေပါက္ ေနရာတြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ အနီးအနားတဝိုက္တြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက လမ္းမ်ားကို ပိတ္ဆို႔ စစ္ေဆးမႈမ်ား လုပ္ေနသည္ဟု မအူပင္ၿမိဳ႕၊ အမွတ္ ၁ ရပ္ကြက္က ေဒသခံ အခ်ိဳ႕ က ေျပာသည္။

“အသံကေတာ့ အေတာ္က်ယ္တယ္။ လူထိခိုက္တာ အေဆာက္အဦ ပ်က္တာမ်ိဳးေတာ့ မရွိဘူး” ဟု ေပါက္ကြဲမႈ ျဖစ္ပြားသည့္ လမ္းအတြင္း ေနထိုင္သူ တစ္ဦး က ေျပာသည္။

ထိုေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိသူ မရွိဘူးဟုလည္း ေဒသခံမ်ားက ဆိုသည္။

ယခုလ အတြင္း မအူပင္ၿမိဳ႕နယ္ လွ်ပ္စစ္မီတာ႐ုံးက မီတာလာမဖတ္ပဲ မီတာခမ်ားကို ၂ ဆ တိုးျမင့္ ေကာက္ခံေန သည့္အတြက္ ၿမိဳ႕ခံမ်ားက ေက်နပ္မႈ မရွိၾကဘူးဟု ေဒသခံမ်ားက ေျပာသည္။

မအူပင္ၿမိဳ႕ခံ ကိုေအာင္ႀကီး က “မအူပင္ PDF က စစ္ေကာင္စီ လက္ေအာက္ခံ EPC ႐ုံးဝန္ထမ္းေတြကို သတိေပး တဲ့အေနနဲ႔ ဘယ္သူ႔ကိုမွ မထိခိုက္ေအာင္ ေဖာက္ခြဲတာ ဆိုၿပီး သတင္းထုတ္ျပန္ ထားတယ္” ဟု ေျပာသည္။

လူ အမ်ားသြားလာသည့္ ေနရာတြင္ ဗုံးေပါက္ကြဲပါက လမ္းသြားလမ္းလာ ျပည္သူမ်ား ကို ထိခိုက္မည္ကို စိုးရိမ္ ေၾကာင္း အမွတ္ ၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္ တစ္ဦး က ေျပာသည္။

ဧရာဝတီတိုင္းထဲတြင္ ေအာက္တိုဘာ ၁၃ ရက္ေန႔ က ဓႏုျဖဴၿမိဳ႕ ႏွင့္ ေအာက္တိုဘာ ၁၀ ရက္ေန႔က က်ိဳက္လတ္ ၿမိဳ႕ တို႔ရွိ မီတာ႐ုံးမ်ားေရွ႕တြင္ ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ရာ ထိခိုက္ပ်က္စီးမႈ မရွိခဲ့ေပ။

သို႔ေသာ္ ဇြန္လအတြင္းက ျဖစ္ပြားခဲ့သည့္ ပုသိမ္ၿမိဳ႕ မီတာ႐ုံး ကြန္ပ်ဴတာခန္းအတြင္း ဗုံးေပါက္ကြဲမႈတြင္ ႐ုံးဝန္ ထမ္း တစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး ႐ုံးအတြင္းရွိ ကြန္ပ်ဴတာအခ်ိဳ႕ ပ်က္စီးသြားခဲ့သည္။