တိုက်ခိုက်မှု ဗီဒီယိုဖိုင်များမှ တဆင့် သဲလွန်စ ရနိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။

စစ်ကောင်စီ ကင်းစခန်းအချို့နှင့် သတင်းပေးများအား တိုက်ခိုက်မှုများကို ရိုက်ကူးထားသည့် ရုပ်သံဖိုင်များကို လုံခြုံရေးအရ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ မဖြန့်ဝေသင့်ကြောင်း အငြိမ်းစား ရဲအရာရှိများနှင့် ရှေ့နေများက အကြံပြုတိုက်တွန်းထားသည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၃ ရက်နေ့ က ဗိုလ်တစ်ထောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ကင်းစခန်းနှင့် ကြည့်မြင် တိုင်မြို့နယ်၊ ဗားကရာချောက် အတွင်းရှိ ကင်းစခန်းတို့ကို ရန်ကုန် PDF များက တိုက်ခိုက်ခဲ့သည့် ရုပ်သံဗီဒီယိုဖိုင် များ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ လာခဲ့သည့်အတွက် ယခုကဲ့သို့ အကြံပြုတိုက်တွန်းလိုက်ခြင်း ဖြစ် သည်။

“လူငယ်တွေကတော့ သူတို့ရဲ့အောင်ပွဲ၊ သူတို့ရဲ့လုပ်ဆောင်ချက်ကို ပြည်သူကို သိစေချင်တဲ့အတွက် တင်တာပဲ။ ဒါပေမယ့် အခုအချိန်မှာ မတင်သင့်သေးဘူး။ လုံခြုံရေးအရ အရမ်းအန္တရာယ်များတယ်” ဟု အငြိမ်းစား ရဲအရာ ရှိ တစ်ဦး က အကြံပြုပြော ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်နေခြင်းကြောင့် သဲလွန်စ အသေး အမွှားလေးမှ စတင်ပြီး ကွင်းဆက်မပြတ် ဖော်ထုတ်လာနိုင်သဖြင့် PDF များ အနေဖြင့် အန္တရာယ်များလွန်း သည် ဟု အထက်ပါရဲအရာနှင့် တရားလွှတ်တော်ရှေ့နေအချို့ က ပြောသည်။

“ရဲဖက်ကတော့ ဒီဗီဒီယိုဖိုင်တွေကနေ တစ်ဆင့် အစဆွဲထုတ်ပြီး အဆင့်ဆင့်လိုက်မှာ ကျိမ်းသေတယ်။ သူတို့ ဗီဒီ ယိုဖိုင်ကို ကြည့်ပြီး သဲလွန်စရှာတာတွေ၊ အဲ့ဒီပတ်ဝန်းကျင်က CCTV တွေ ကြည့်ပြီး လှုပ်ရှားသွားလာတာတွေကို ကောက်ချက်ဆွဲပြီး လိုက်မှာပဲ” ဟု အထက်ပါရဲအရာရှိက ဆက်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ က မြန်မာ့မီးရထား၊ အောက်မြန်မာပြည် သတင်းနှင့်ပြန်ကြားရေးဌာန တွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၅၆ နှစ်အရွယ် ဦးထိန်ဝင်းကို ပစ်ခတ်ခဲ့သည့် ဗီဒီယိုဖိုင်မှာလည်း အောက်တို ဘာလ ၂၃ ရက်နေ့ တွင် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ ပြန့်နှံ့လာခဲ့သည်။

“အနီးစပ်ဆုံးရုပ်ပုံတွေ ဖော်ထုတ်လို့ ရနိုင်တာပေါ့။ ဆောင်ရွက်ပုံ နည်းလမ်းတွေ အသုံးပြုတဲ့ကားတွေ၊ ဆိုင် ကယ်တွေကနေ တဆင့် သဲလွန်စတွေရပြီး ဖော်ထုတ်နိုင်တာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦး က သတိ ပေး ပြောဆိုသည်။

သတင်းဌာနများသည်လည်း ယခုအချိန်တွင် ဗီဒီယိုဖိုင်များကို တင်နေခြင်းအား သတိထား လုပ်ဆောင်သင့်သည်ဟု တရားလွတ်တော်ရှေ့နေ က ပြောသည်။

PDF များ အနေဖြင့် မြို့ပြတိုက်ပွဲများ ဖြစ်လာသည်အထိ တစ်ဆင့်ချင်း ဖော်ဆောင်ရာတွင် ပြည်သူထောက်ခံမှု ရရှိစေရန်၊ ပြည်သူများသိရှိစေရန် ဗီဒီယိုဖိုင်များ ရိုက်ကူးဖြန့်ဝေသော်လည်း ယခုအချိန်ကာလသည် စောနေသေး သည်ဟု ရှေ့နေများက သုံးသပ်သည်။

အခြား တရားလွှတ်တော် ရှေ့နေတစ်ဦး က လည်း “ဒါကတိုက်ပွဲဆိုတော့ ဟိုဖက်ဒီဖက် စိတ်ဓာတ်ရေးရာ အသာ စီးရအောင်တော့ လုပ်ကြမှာပေါ့။ အခုက တစ်ဆင့်ချင်း တက်လာရင်းမှ မြို့ပြတိုက်ပွဲပုံစံ ပီပီပြင်ပြင်လေး ဖြစ် လာတာပေါ့။ ပြည်သူတွေအနေနဲ့က နှစ်ဖက်လုံးက တင်လာသမျှ သတင်းတွေကို ချင့်ချိန်ယုံဖို့နဲ့ အန္တရာယ်ကင်း အောင် နေနိုင်ဖို့ က အဓိကပါ” ဟု ပြောသည်။

အဆိုပါ ဗီဒီယိုဖိုင်များကို ပြည်တွင်းအွန်လိုင်း မီဒီယာအများစုတွင်လည်း ဖော်ပြနေကြပြီး လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ကြည့်ရှုသူနှင့် ပြန်လည်မျှဝေသူ သန်းနှင့်ချီရှိ ခဲ့သည်။

ပြီးခဲ့သည့် လပိုင်းများကလည်း မန္တလေးမြို့ရှိ PDF များ ခိုအောင်းနေသည့်နေအိမ်တိုက်တစ်ခုကို ရပ်ကွက်နေ ပြည်သူတစ်ဦးက ဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်သို့ တင်မိရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခြင်းကိုခံခဲ့ရသည့် ဖြစ်စဉ်မျိုးလည်း ဖြစ်ပွားခဲ့ဖူးသည်။

*** ZAWGYI ***
တိုက္ခိုက္မႈ ဗီဒီယိုဖိုင္မ်ားမွ တဆင့္ သဲလြန္စ ရႏိုင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။

စစ္ေကာင္စီ ကင္းစခန္းအခ်ိဳ႕ႏွင့္ သတင္းေပးမ်ားအား တိုက္ခိုက္မႈမ်ားကို ႐ိုက္ကူးထားသည့္ ႐ုပ္သံ ဖိုင္မ်ားကို လုံၿခဳံေရးအရ လူမႈကြန္ရက္စာမ်က္ႏွာေပၚသို႔ မျဖန႔္ေဝသင့္ေၾကာင္း အၿငိမ္းစား ရဲအရာရွိမ်ားႏွင့္ ေရွ႕ေနမ်ားက အႀကံျပဳတိုက္တြန္းထားသည္။

ရန္ကုန္ၿမိဳ႕တြင္ ေအာက္တိုဘာ ၂၃ ရက္ေန႔ က ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ ကင္းစခန္းႏွင့္ ၾကည့္ျမင္ တိုင္ၿမိဳ႕နယ္၊ ဗားကရာေခ်ာက္ အတြင္းရွိ ကင္းစခန္းတို႔ကို ရန္ကုန္ PDF မ်ားက တိုက္ခိုက္ခဲ့သည့္ ႐ုပ္သံဗီဒီယိုဖိုင္ မ်ား လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံ႔ လာခဲ့သည့္အတြက္ ယခုကဲ့သို႔ အႀကံျပဳတိုက္တြန္းလိုက္ျခင္း ျဖစ္ သည္။

“လူငယ္ေတြကေတာ့ သူတို႔ရဲ႕ေအာင္ပြဲ၊ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ကို ျပည္သူကို သိေစခ်င္တဲ့အတြက္ တင္တာပဲ။ ဒါေပမယ့္ အခုအခ်ိန္မွာ မတင္သင့္ေသးဘူး။ လုံၿခဳံေရးအရ အရမ္းအႏၲရာယ္မ်ားတယ္” ဟု အၿငိမ္းစား ရဲအရာ ရွိ တစ္ဦး က အႀကံျပဳေျပာ ဆိုသည္။

စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားသည္ စနစ္တက်ဖြဲ႕စည္းထားသည့္ အဖြဲ႕အစည္းျဖစ္ေနျခင္းေၾကာင့္ သဲလြန္စ အေသး အမႊားေလးမွ စတင္ၿပီး ကြင္းဆက္မျပတ္ ေဖာ္ထုတ္လာႏိုင္သျဖင့္ PDF မ်ား အေနျဖင့္ အႏၲရာယ္မ်ားလြန္း သည္ ဟု အထက္ပါရဲအရာႏွင့္ တရားလႊတ္ေတာ္ေရွ႕ေနအခ်ိဳ႕ က ေျပာသည္။

“ရဲဖက္ကေတာ့ ဒီဗီဒီယိုဖိုင္ေတြကေန တစ္ဆင့္ အစဆြဲထုတ္ၿပီး အဆင့္ဆင့္လိုက္မွာ က်ိမ္းေသတယ္။ သူတို႔ ဗီဒီ ယိုဖိုင္ကို ၾကည့္ၿပီး သဲလြန္စရွာတာေတြ၊ အဲ့ဒီပတ္ဝန္းက်င္က CCTV ေတြ ၾကည့္ၿပီး လႈပ္ရွားသြားလာတာေတြကို ေကာက္ခ်က္ဆြဲၿပီး လိုက္မွာပဲ” ဟု အထက္ပါရဲအရာရွိက ဆက္သည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၃ ရက္ေန႔ က ျမန္မာ့မီးရထား၊ ေအာက္ျမန္မာျပည္ သတင္းႏွင့္ျပန္ၾကားေရးဌာန တြင္ တာဝန္ထမ္းေဆာင္ေနသည့္ အသက္ ၅၆ ႏွစ္အ႐ြယ္ ဦးထိန္ဝင္းကို ပစ္ခတ္ခဲ့သည့္ ဗီဒီယိုဖိုင္မွာလည္း ေအာက္တို ဘာလ ၂၃ ရက္ေန႔ တြင္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚသို႔ ျပန႔္ႏွံ႔လာခဲ့သည္။

“အနီးစပ္ဆုံး႐ုပ္ပုံေတြ ေဖာ္ထုတ္လို႔ ရႏိုင္တာေပါ့။ ေဆာင္႐ြက္ပုံ နည္းလမ္းေတြ အသုံးျပဳတဲ့ကားေတြ၊ ဆိုင္ ကယ္ေတြကေန တဆင့္ သဲလြန္စေတြရၿပီး ေဖာ္ထုတ္ႏိုင္တာေပါ့” ဟု တရားလႊတ္ေတာ္ေရွ႕ေန တစ္ဦး က သတိ ေပး ေျပာဆိုသည္။

သတင္းဌာနမ်ားသည္လည္း ယခုအခ်ိန္တြင္ ဗီဒီယိုဖိုင္မ်ားကို တင္ေနျခင္းအား သတိထား လုပ္ေဆာင္သင့္သည္ဟု တရားလြတ္ေတာ္ေရွ႕ေန က ေျပာသည္။

PDF မ်ား အေနျဖင့္ ၿမိဳ႕ျပတိုက္ပြဲမ်ား ျဖစ္လာသည္အထိ တစ္ဆင့္ခ်င္း ေဖာ္ေဆာင္ရာတြင္ ျပည္သူေထာက္ခံမႈ ရရွိေစရန္၊ ျပည္သူမ်ားသိရွိေစရန္ ဗီဒီယိုဖိုင္မ်ား ႐ိုက္ကူးျဖန႔္ေဝေသာ္လည္း ယခုအခ်ိန္ကာလသည္ ေစာေနေသး သည္ဟု ေရွ႕ေနမ်ားက သုံးသပ္သည္။

အျခား တရားလႊတ္ေတာ္ ေရွ႕ေနတစ္ဦး က လည္း “ဒါကတိုက္ပြဲဆိုေတာ့ ဟိုဖက္ဒီဖက္ စိတ္ဓာတ္ေရးရာ အသာ စီးရေအာင္ေတာ့ လုပ္ၾကမွာေပါ့။ အခုက တစ္ဆင့္ခ်င္း တက္လာရင္းမွ ၿမိဳ႕ျပတိုက္ပြဲပုံစံ ပီပီျပင္ျပင္ေလး ျဖစ္ လာတာေပါ့။ ျပည္သူေတြအေနနဲ႔က ႏွစ္ဖက္လုံးက တင္လာသမွ် သတင္းေတြကို ခ်င့္ခ်ိန္ယုံဖို႔နဲ႔ အႏၲရာယ္ကင္း ေအာင္ ေနႏိုင္ဖို႔ က အဓိကပါ” ဟု ေျပာသည္။

အဆိုပါ ဗီဒီယိုဖိုင္မ်ားကို ျပည္တြင္းအြန္လိုင္း မီဒီယာအမ်ားစုတြင္လည္း ေဖာ္ျပေနၾကၿပီး လူမႈကြန္ရက္စာမ်က္ ႏွာေပၚတြင္ ၾကည့္ရႈသူႏွင့္ ျပန္လည္မွ်ေဝသူ သန္းႏွင့္ခ်ီရွိ ခဲ့သည္။

ၿပီးခဲ့သည့္ လပိုင္းမ်ားကလည္း မႏၲေလးၿမိဳ႕ရွိ PDF မ်ား ခိုေအာင္းေနသည့္ေနအိမ္တိုက္တစ္ခုကို ရပ္ကြက္ေန ျပည္သူတစ္ဦးက ဓါတ္ပုံ႐ိုက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေပၚသို႔ တင္မိရာမွ စစ္ေကာင္စီ၏ တပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္စီးနင္းျခင္းကိုခံခဲ့ရသည့္ ျဖစ္စဥ္မ်ိဳးလည္း ျဖစ္ပြားခဲ့ဖူးသည္။