၈၈ မျိုးဆက် ဦးဂျင်မီ ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။
၈၈ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဂျင်မီ မြောက်ဒဂုံမြို့နယ်အတွင်း ဖမ်းဆီးခံလိုက်ရသည်ဟု ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်း က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အောက်တိုဘာ ၂၃ ရက်နေ့၊ ညပိုင်းက မြောက်ဒဂုံမြို့နယ်အတွင်း ဦးဂျင်မီ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး သွားခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
“၂၃-၁၀-၂၁ ရက် ညပိုင်းမှာ မြောက်ဒဂုံမှာ ကိုဂျင်မီကို စကစတွေ ဖမ်းဆီးသွားပါတယ်။ အသက်အန္တရာယ်ကို စိုး ရိမ်ပါတယ်။ စကစ ဖမ်းဆီးမှု နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ အားလုံးကို တာဝန်ယူဖြေရှင်းရမယ်” ဟု ဒေါ်နီလာသိန်းက သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
စစ်ကောင်စီက ဦးဂျင်မီကို ဖမ်းဆီးသွားချိန် အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားရှိပြီး ဖမ်းဆီးမှု နောက် ပိုင်း ဖြစ်ပေါ်လာသည့် အခြေအနေ အားလုံးကို စစ်ကောင်စီက တာဝန်ယူဖြေရှင်းရမည်ဟုလည်း ဦးဂျင်မီ၏ ဇနီးက ထည့်သွင်းရေးသား ထားသည်။
ဖမ်းဆီးခံခဲ့ရသည့် ဦးဂျင်မီသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ပြီး ပုဒ်မ ၅၀၅-ခ ဖြင့် စစ်ကောင်စီ၏ အမှုဖွင့်ခြင်းကို ခံထားရသူ ဖြစ်သည်။
*** ZAWGYI ***
၈၈ မ်ိဳးဆက္ ဦးဂ်င္မီ ဖမ္းခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။
၈၈ ေက်ာင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ဦးဂ်င္မီ ေျမာက္ဒဂုံၿမိဳ႕နယ္အတြင္း ဖမ္းဆီးခံလိုက္ရသည္ဟု ၎၏ ဇနီးျဖစ္သူ ေဒၚနီလာသိန္း က လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
ေအာက္တိုဘာ ၂၃ ရက္ေန႔၊ ညပိုင္းက ေျမာက္ဒဂုံၿမိဳ႕နယ္အတြင္း ဦးဂ်င္မီ ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီး သြားျခင္း ျဖစ္သည္ဟု ေရးသားထားသည္။
“၂၃-၁၀-၂၁ ရက္ ညပိုင္းမွာ ေျမာက္ဒဂုံမွာ ကိုဂ်င္မီကို စကစေတြ ဖမ္းဆီးသြားပါတယ္။ အသက္အႏၲရာယ္ကို စိုး ရိမ္ပါတယ္။ စကစ ဖမ္းဆီးမႈ ေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ အေျခအေန အားလုံးကို တာဝန္ယူေျဖရွင္းရမယ္” ဟု ေဒၚနီလာသိန္းက သူမ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
စစ္ေကာင္စီက ဦးဂ်င္မီကို ဖမ္းဆီးသြားခ်ိန္ အသက္အႏၲရာယ္ စိုးရိမ္ရသည့္ အေနအထားရွိၿပီး ဖမ္းဆီးမႈ ေနာက္ ပိုင္း ျဖစ္ေပၚလာသည့္ အေျခအေန အားလုံးကို စစ္ေကာင္စီက တာဝန္ယူေျဖရွင္းရမည္ဟုလည္း ဦးဂ်င္မီ၏ ဇနီးက ထည့္သြင္းေရးသား ထားသည္။
ဖမ္းဆီးခံခဲ့ရသည့္ ဦးဂ်င္မီသည္ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ တစ္ဦးျဖစ္ၿပီး ပုဒ္မ ၅၀၅-ခ ျဖင့္ စစ္ေကာင္စီ၏ အမႈဖြင့္ျခင္းကို ခံထားရသူ ျဖစ္သည္။