မွန်ပြည်နယ်အတွင်းရှိ NLD ရုံးများ ဖောက်ခွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်။

မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်များအတွင်းရှိ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် NLD ပါတီ ရုံးများ စနေ၊ တနင်္ဂနွေ နှစ်ရက်အတွင်း ဗုံးဖောက်ခွဲခံရသည်ဟု ဒေသခံများက ပြောသည်။

ဘီးလင်းမြို့ ဆရာစံရပ်ကွက်တွင် ရှိသည့် ဘီးလင်းမြို့နယ် NLD ပါတီ ရုံးတွင် အောက်တိုဘာ ၂၄ ရက်နေ့၊ နံနက် ၁ နာရီကျော် အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရုံးတစ်ရုံးလုံး ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

“ညပိုင်းလည်း ဖြစ်နေတော့ ပေါက်ကွဲတဲ့ အသံက အတော်ပြင်းတယ်။ ဖောက်ခွဲခံရတဲ့ NLD ရုံးကတော့ ပျက်စီး သွားတယ်။ အဲရုံးမှာ လူလည်း မရှိဘူးဆိုတော့ လူထိခိုက်တာတော့ မရှိဘူးလို့ သိရတယ်” ဟု ဘီးလင်းမြို့ခံ တစ် ဦး က ပြောသည်။

အလားတူ အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်ခန့်တွင်လည်း ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် NLD ပါတီရုံး ဗုံးဖောက်ခွဲခံရသည်ဟု ကျိုက်ထိုမြို့ခံများက ပြောသည်။

ထို့အပြင် သထုံမြို့နယ်က NLD ပါတီ ရုံးတွင်လည်း အောက်တိုဘာ ၂၃ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင် အချိန်ခန့် က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ကျိုက်ထိုနှင့် သထုံမြို့နယ် NLD ပါတီရုံး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်မှု မရှိဘူးဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မွန်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားမှုရှိခဲ့ ပြီး NLD ပါတီရုံးများ ဖောက်ခွဲခံရသည့် ယခုဖြစ်စဥ်သည် ပြည်နယ်အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။

ယခုရက်ပိုင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်များ၊ လျှပ်စစ်ရုံးများ၊ ရပ်ကျေး အုပ်ချုပ်ရေး မှူးရုံးများတွင်လည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။

ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အချို့သော ပေါက်ကွဲမှုဖြစ်စဥ်များသည် ဒေသအတွင်းရှိ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသော်လည်း အချို့သော ပေါက်ကွဲမှု ဖြစ်စဥ် များသည် မည်သူမည်ဝါလုပ်ဆောင်သည်ကို အတည်ပြုနိုင်ခြင်း မရှိပေ။

*** ZAWGYI ***
မြန္ျပည္နယ္အတြင္းရွိ NLD ႐ုံးမ်ား ေဖာက္ခြဲခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္။

မြန္ျပည္နယ္အတြင္းရွိ ဘီးလင္း၊ က်ိဳက္ထိုႏွင့္ သထုံၿမိဳ႕နယ္မ်ားအတြင္းရွိ အမ်ိဳးသားဒီမိုကေရးစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ႐ုံးမ်ား စေန၊ တနဂၤေႏြ ႏွစ္ရက္အတြင္း ဗုံးေဖာက္ခြဲခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဘီးလင္းၿမိဳ႕ ဆရာစံရပ္ကြက္တြင္ ရွိသည့္ ဘီးလင္းၿမိဳ႕နယ္ NLD ပါတီ ႐ုံးတြင္ ေအာက္တိုဘာ ၂၄ ရက္ေန႔၊ နံနက္ ၁ နာရီေက်ာ္ အခ်ိန္ခန႔္က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ႐ုံးတစ္႐ုံးလုံး ထိခိုက္ပ်က္စီးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ညပိုင္းလည္း ျဖစ္ေနေတာ့ ေပါက္ကြဲတဲ့ အသံက အေတာ္ျပင္းတယ္။ ေဖာက္ခြဲခံရတဲ့ NLD ႐ုံးကေတာ့ ပ်က္စီး သြားတယ္။ အဲ႐ုံးမွာ လူလည္း မရွိဘူးဆိုေတာ့ လူထိခိုက္တာေတာ့ မရွိဘူးလို႔ သိရတယ္” ဟု ဘီးလင္းၿမိဳ႕ခံ တစ္ ဦး က ေျပာသည္။

အလားတူ ေအာက္တိုဘာ ၂၃ ရက္ေန႔ ည ၁၁ နာရီခြဲဝန္းက်င္ခန႔္တြင္လည္း က်ိဳက္ထိုၿမိဳ႕၊ ေကာ့စႏိုင္ရပ္ကြက္ရွိ က်ိဳက္ထိုၿမိဳ႕နယ္ NLD ပါတီ႐ုံး ဗုံးေဖာက္ခြဲခံရသည္ဟု က်ိဳက္ထိုၿမိဳ႕ခံမ်ားက ေျပာသည္။

ထို႔အျပင္ သထုံၿမိဳ႕နယ္က NLD ပါတီ ႐ုံးတြင္လည္း ေအာက္တိုဘာ ၂၃ ရက္ေန႔၊ ည ၁၁ နာရီဝန္းက်င္ အခ်ိန္ခန႔္ က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္။

ေပါက္ကြဲမႈေၾကာင့္ က်ိဳက္ထိုႏွင့္ သထုံၿမိဳ႕နယ္ NLD ပါတီ႐ုံး အေဆာက္အဦးအခ်ိဳ႕ ထိခိုက္ပ်က္စီးမႈရွိေသာ္လည္း လူထိခိုက္မႈ မရွိဘူးဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ပိုင္း မြန္ျပည္နယ္အတြင္း ဗုံးေပါက္ကြဲမႈျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားမႈရွိခဲ့ ၿပီး NLD ပါတီ႐ုံးမ်ား ေဖာက္ခြဲခံရသည့္ ယခုျဖစ္စဥ္သည္ ျပည္နယ္အတြင္း ပထမဆုံး အႀကိမ္ ျဖစ္သည္။

ယခုရက္ပိုင္းတြင္လည္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေနအိမ္မ်ား၊ လွ်ပ္စစ္႐ုံးမ်ား၊ ရပ္ေက်း အုပ္ခ်ဳပ္ေရး မႉး႐ုံးမ်ားတြင္လည္း ဗုံးေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားေနသည္။

ျပည္နယ္အတြင္း ျဖစ္ပြားခဲ့သည့္ အခ်ိဳ႕ေသာ ေပါက္ကြဲမႈျဖစ္စဥ္မ်ားသည္ ေဒသအတြင္းရွိ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက ၎တို႔ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ၾကေသာ္လည္း အခ်ိဳ႕ေသာ ေပါက္ကြဲမႈ ျဖစ္စဥ္ မ်ားသည္ မည္သူမည္ဝါလုပ္ေဆာင္သည္ကို အတည္ျပဳႏိုင္ျခင္း မရွိေပ။