ကန်ကြီးထောင့်တွင် ဒုတိယမြောက် Mytel တာဝါတိုင် မိုင်းခွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း နှစ်ပတ်အတွင်း ဒုတိယမြောက် Mytel ဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

ချောင်းကန့်လန်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် အောက်တို ဘာလ ၂၃ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်က မိုင်းခွဲဖျက်ဆီး ခံလိုက်ရခြင်းဖြစ်သည်။

“လူထိခိုက်တာမျိုးတော့ မရှိဘူး။ စစ်တပ်က ရွာထဲကို လူစိမ်းအဝင်အထွက်ရှိလား ဧည့်သည် ရှိမရှိ လာစစ်ဆေးတယ်” ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး က ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့က အစုကြီးကျေးရွာရှိ မိုင်တဲဖုန်းတာဝါတိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသေးသည်။

ယခု မိုင်းခွဲရာတွင် ပေါက်ကွဲမှုကြောင့် ဖုန်းတာဝါတိုင်အောက်ခြေရှိ ထရန်ဖော်မာစက် နှင့် ဆက်စပ်ပစ္စည်းများ၊ ဝါယာကြိုးများ ပျက်စီးသွားသည်ဟု ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ရုံး တာဝန်ရှိသူများထံမှ သိရသည်။

Mytel ဖုန်းတာဝါတိုင်များ ဗုံးခွဲ ဖျက်ဆီးခံနေရသဖြင့် တာဝါတိုင် ထိမ်းသိမ်းရေး ဝန်ထမ်းများအား ထိခိုက်မည်ကို စိုးရိမ်ရကြောင်း Mytel ဖုန်း ဆက်သွယ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ပျက်စီးသည့် ပစ္စည်းများ၏ ကာလတန်ဘိုးမှာ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ခန့် ရှိနိုင်သည်ဟု ပုသိမ်မြို့ အခြေ စိုက် Mytel ဖုန်း ဆက်သွယ်ရုံး တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ပုသိမ်မြို့ပြ ပြောက်ကျားအဖွဲ့ ၏ ပုသိမ်ခရိုင် တပ်ဖွဲ့က ယင်းဖောက်ခွဲမှုကို ပြည်သူများ တစ်စုံတစ်ရာ မထိခိုက် စေ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

ဧရာဝတီတိုင်းတွင် စက်တင်ဘာလမှ စတင်၍ ဘိုကလေး၊ မအူပင်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ပုသိမ်၊ ကန် ကြီးထောင့် နှင့် ဖျာပုံ မြို့နယ်များ အပါအဝင် အခြားသောမြို့နယ်များရှိ Mytel ဖုန်းတာဝါတိုင် ၁၀ တိုင် မိုင်းခွဲ မီးရှို့ ဖျက်ဆီးခံထားရပြီ ဖြစ်သည်။

သို့သော် ကျိုက်လတ်မြို့နယ် နှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင်များ ဗုံးထောင် ဖောက်ခွဲ ဖျက် ဆီးမှုများသည် အောင်မြင်မှု မရှိခဲ့ဘူးဟု ကျိုက်လတ်နှင့် မော်လမြိုင်ကျွန်းမြို့ က ဒေသခံများက ပြောသည်။

*** ZAWGYI ***
ကန္ႀကီးေထာင့္တြင္ ဒုတိယေျမာက္ Mytel တာဝါတိုင္ မိုင္းခြဲခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္အတြင္း ႏွစ္ပတ္အတြင္း ဒုတိယေျမာက္ Mytel ဖုန္းတာဝါတိုင္ မိုင္းခြဲဖ်က္ဆီးခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေခ်ာင္းကန႔္လန္ေက်း႐ြာရွိ Mytel ဖုန္းတာဝါတိုင္ ေအာက္တို ဘာလ ၂၃ ရက္ေန႔ ည ၇ နာရီခြဲ အခ်ိန္ခန႔္က မိုင္းခြဲဖ်က္ဆီး ခံလိုက္ရျခင္းျဖစ္သည္။

“လူထိခိုက္တာမ်ိဳးေတာ့ မရွိဘူး။ စစ္တပ္က ႐ြာထဲကို လူစိမ္းအဝင္အထြက္ရွိလား ဧည့္သည္ ရွိမရွိ လာစစ္ေဆး တယ္” ဟု အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦး က ေျပာသည္။

ေအာက္တိုဘာ ၁၂ ရက္ေန႔က အစုႀကီးေက်း႐ြာရွိ မိုင္တဲဖုန္းတာဝါတိုင္ မိုင္းခြဲဖ်က္ဆီးခံခဲ့ရေသးသည္။

ယခု မိုင္းခြဲရာတြင္ ေပါက္ကြဲမႈေၾကာင့္ ဖုန္းတာဝါတိုင္ေအာက္ေျခရွိ ထရန္ေဖာ္မာစက္ ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ ဝါယာႀကိဳးမ်ား ပ်က္စီးသြားသည္ဟု ေက်း႐ြာ အုပ္ခ်ဳပ္ေရးအဖြဲ႕႐ုံး တာဝန္ရွိသူမ်ားထံမွ သိရသည္။

Mytel ဖုန္းတာဝါတိုင္မ်ား ဗုံးခြဲ ဖ်က္ဆီးခံေနရသျဖင့္ တာဝါတိုင္ ထိမ္းသိမ္းေရး ဝန္ထမ္းမ်ားအား ထိခိုက္မည္ကို စိုးရိမ္ရေၾကာင္း Mytel ဖုန္း ဆက္သြယ္ေရး႐ုံး တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ယခု ပ်က္စီးသည့္ ပစၥည္းမ်ား၏ ကာလတန္ဘိုးမွာ က်ပ္သိန္း ၁၀၀၀ ဝန္းက်င္ခန႔္ ရွိႏိုင္သည္ဟု ပုသိမ္ၿမိဳ႕ အေျခ စိုက္ Mytel ဖုန္း ဆက္သြယ္႐ုံး တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

ပုသိမ္ၿမိဳ႕ျပ ေျပာက္က်ားအဖြဲ႕ ၏ ပုသိမ္ခ႐ိုင္ တပ္ဖြဲ႕က ယင္းေဖာက္ခြဲမႈကို ျပည္သူမ်ား တစ္စုံတစ္ရာ မထိခိုက္ ေစ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္ဟု ထုတ္ေဖာ္ ေျပာဆိုထားသည္။

ဧရာဝတီတိုင္းတြင္ စက္တင္ဘာလမွ စတင္၍ ဘိုကေလး၊ မအူပင္၊ က်ိဳက္လတ္၊ ေမာ္လၿမိဳင္ကြၽန္း၊ ပုသိမ္၊ ကန္ ႀကီးေထာင့္ ႏွင့္ ဖ်ာပုံ ၿမိဳ႕နယ္မ်ား အပါအဝင္ အျခားေသာၿမိဳ႕နယ္မ်ားရွိ Mytel ဖုန္းတာဝါတိုင္ ၁၀ တိုင္ မိုင္းခြဲ မီးရႈိ႕ ဖ်က္ဆီးခံထားရၿပီ ျဖစ္သည္။

သို႔ေသာ္ က်ိဳက္လတ္ၿမိဳ႕နယ္ ႏွင့္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ရွိ Mytel ဖုန္းတာဝါတိုင္မ်ား ဗုံးေထာင္ ေဖာက္ခြဲ ဖ်က္ ဆီးမႈမ်ားသည္ ေအာင္ျမင္မႈ မရွိခဲ့ဘူးဟု က်ိဳက္လတ္ႏွင့္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ က ေဒသခံမ်ားက ေျပာသည္။