အင်းတော်မြို့တွင် ဗုံး ၆ လုံးကွဲ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။

အင်းတော်မြို့တွင် ဗုံး ၆ လုံးကွဲပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ အဝင် စင့်ဟောက်ကျေးရွာအနီးရှိ ဂျပန်ပိတောက်ပင်အောက်ရှိသော်သော် ကွမ်းယာ ဆိုင်ရှေ့တွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ဗုံး ၆ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“သေတဲ့ သုံးယောက်စလုံး အရပ်ဝတ်နဲ့ဆိုတော့ ရဲလား စစ်သားလားခွဲလို့ မရသေးဘူး။ ဒဏ်ရာရတဲ့ သူတွေ လည်း ရှိသေးတယ်“ ဟု အသက် ၅၀ အရွယ် စင့်ဟောက်ကျေးရွာက အမျိုးသားတစ်ဦး က ပြောသည်။

သော်သော်ကွမ်းယာဆိုင်သည် အင်းတော်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ် အနီးတွင် ရှိသည့် ကွမ်း ယာဆိုင်ဖြစ်ပြီး စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များပါ ကွမ်းယာ တောင်းစားနေသည့် ဆိုင် ဖြစ်သည်ဟု ဒေသခံရွာသားအချို့က ပြောသည်။

မန္တလေး၊ အင်းတော်၊ မြစ်ကြီးနား မဟာဗျူဟာ လမ်းကြီးပေါ်ရှိ ယင်းဂိတ်တွင် ရဲသား ၁၅ ဦး၊ ရဲမေ ၂ ဦး ခန့် အမြဲတမ်း ရှိပြီး ဖြတ်သန်းသွားလာနေသည့် ကားများကို ငွေတောင်းသည့် ဂိတ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဖားကန့် – မြစ်ကြီးနား ဘက်တက်သည် လောင်စာဆီတင် ကားတစ်စီးလျှင် ကျပ် ၅၀၀၀၀၊ ခရီးသည်တင် လေ အိပ် ကားများကို ကျပ် ၂၀၀၀၀၊ ဘက်ဖိုးတင်ကားဆိုလျှင် ကျပ်တစ်သိန်း ကောက်ခံလေ့ရှိသည့် ဂိတ် ဖြစ်သည်။

ယခုဗုံးပေါက်ကွဲမှုသည် အင်းတော်မြို့တွင် ပထမဆုံးပေါက်ကွဲမှုဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုတွင် ဗုံး ၆ လုံး ဆက် တိုက် ပေါက်ကွဲခဲ့သဖြင့် တစ်မြို့လုံး ထိတ်လန့်နေသည်ဟု သိရသည်။

စင့်ဟောက်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက လည်း “ကွဲမယ့်ကွဲတော့ ၆ လုံး ဆက်တိုက်ကြီး ဆိုတော့ တမြို့လုံး ကြောက်လဲကြောက် အံ့လဲသြကုန်တာပ“ ဟု ပြောသည်။

ယခုပေါက် ကွဲမှုသည် မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။

ကသာခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်မြို့နက်များတွင် စက်တင်ဘာလကတည်း က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

အင်းတော်မြို့သည် အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့တစ်မြို့ဖြစ်ပြီး မန္တလေး-မြစ်ကြီး နား မီးရထားလမ်းပေါ်တွင် တည်ရှိ၍ မန္တလေးမြို့မှ မီးရထားလမ်းဖြင့်ဆိုပါက မိုင်ပေါင်း ၂ဝ၆ မိုင် ကွာဝေးသည့် မြို့တစ်မြို့ ဖြစ်သည်။

*** ZAWGYI ***
အင္းေတာ္ၿမိဳ႕တြင္ ဗုံး ၆ လုံးကြဲ၊ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၃ ဦး ေသဆုံး

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။

အင္းေတာ္ၿမိဳ႕တြင္ ဗုံး ၆ လုံးကြဲၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၃ ဦး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ အင္းေတာ္ၿမိဳ႕ အဝင္ စင့္ေဟာက္ေက်း႐ြာအနီးရွိ ဂ်ပန္ပိေတာက္ပင္ေအာက္ရွိေသာ္ေသာ္ ကြမ္းယာ ဆိုင္ေရွ႕တြင္ ေအာက္တိုဘာ ၂၄ ရက္ နံနက္ပိုင္းက ဗုံး ၆ လုံးေပါက္ကြဲခဲ့ျခင္းျဖစ္သည္။

“ေသတဲ့ သုံးေယာက္စလုံး အရပ္ဝတ္နဲ႔ဆိုေတာ့ ရဲလား စစ္သားလားခြဲလို႔ မရေသးဘူး။ ဒဏ္ရာရတဲ့ သူေတြ လည္း ရွိေသးတယ္“ ဟု အသက္ ၅၀ အ႐ြယ္ စင့္ေဟာက္ေက်း႐ြာက အမ်ိဳးသားတစ္ဦး က ေျပာသည္။

ေသာ္ေသာ္ကြမ္းယာဆိုင္သည္ အင္းေတာ္ၿမိဳ႕ အဝင္အထြက္ စစ္ေဆးေရးဂိတ္ အနီးတြင္ ရွိသည့္ ကြမ္း ယာဆိုင္ျဖစ္ၿပီး စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားပါ ကြမ္းယာ ေတာင္းစားေနသည့္ ဆိုင္ ျဖစ္သည္ဟု ေဒသခံ႐ြာသားအခ်ိဳ႕က ေျပာသည္။

မႏၲေလး၊ အင္းေတာ္၊ ျမစ္ႀကီးနား မဟာဗ်ဴဟာ လမ္းႀကီးေပၚရွိ ယင္းဂိတ္တြင္ ရဲသား ၁၅ ဦး၊ ရဲေမ ၂ ဦး ခန႔္ အၿမဲတမ္း ရွိၿပီး ျဖတ္သန္းသြားလာေနသည့္ ကားမ်ားကို ေငြေတာင္းသည့္ ဂိတ္ျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။

ဖားကန႔္ – ျမစ္ႀကီးနား ဘက္တက္သည္ ေလာင္စာဆီတင္ ကားတစ္စီးလွ်င္ က်ပ္ ၅၀၀၀၀၊ ခရီးသည္တင္ ေလ အိပ္ ကားမ်ားကို က်ပ္ ၂၀၀၀၀၊ ဘက္ဖိုးတင္ကားဆိုလွ်င္ က်ပ္တစ္သိန္း ေကာက္ခံေလ့ရွိသည့္ ဂိတ္ ျဖစ္သည္။

ယခုဗုံးေပါက္ကြဲမႈသည္ အင္းေတာ္ၿမိဳ႕တြင္ ပထမဆုံးေပါက္ကြဲမႈျဖစ္ၿပီး အဆိုပါ ေပါက္ကြဲမႈတြင္ ဗုံး ၆ လုံး ဆက္ တိုက္ ေပါက္ကြဲခဲ့သျဖင့္ တစ္ၿမိဳ႕လုံး ထိတ္လန႔္ေနသည္ဟု သိရသည္။

စင့္ေဟာက္ေက်း႐ြာက အသက္ ၄၅ ႏွစ္အ႐ြယ္ ေဒသခံ အမ်ိဳးသမီးတစ္ဦးက လည္း “ကြဲမယ့္ကြဲေတာ့ ၆ လုံး ဆက္တိုက္ႀကီး ဆိုေတာ့ တၿမိဳ႕လုံး ေၾကာက္လဲေၾကာက္ အံ့လဲၾသကုန္တာပ“ ဟု ေျပာသည္။

ယခုေပါက္ ကြဲမႈသည္ မည္သူမည္ဝါ၏ လက္ခ်က္ျဖစ္သည္ကို မသိရေသးေပ။

ကသာခ႐ိုင္အတြင္းရွိ ကသာ၊ ထီးခ်ိဳင့္၊ ဗန္းေမာက္၊ အင္းေတာ္ၿမိဳ႕နက္မ်ားတြင္ စက္တင္ဘာလကတည္း က ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့သည္။

အင္းေတာ္ၿမိဳ႕သည္ အထက္ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး မႏၲေလး-ျမစ္ႀကီး နား မီးရထားလမ္းေပၚတြင္ တည္ရွိ၍ မႏၲေလးၿမိဳ႕မွ မီးရထားလမ္းျဖင့္ဆိုပါက မိုင္ေပါင္း ၂ဝ၆ မိုင္ ကြာေဝးသည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။