KIO မြောက်ပိုင်းတိုင်း တွင် ကျောင်းသားများအကြား COVID-19 ကူးစက်မှု မြင့်မား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၁ နယ်မြေဖြစ်သည့် အင်ဂွမ်လမြို့တွင် COVID-19 ရောဂါကူးစက်မှု များ ဆက်တိုက်တွေ့ရှိနေပြီး အယောက် ၃၀၀ ကျော် ကူးစက်ခံထားရသည်ဟု KIO ၏ COVID-19 ရောဂါတား ဆီးနှိမ်နှင်းရေး ကော်မတီက ပြောသည်။
ကချင်ပြည်နယ် မြောက်ပိုင်း အင်ဂွမ်လမြို့အတွင်းရှိ KIO က ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းမှ COVID-19 ကူးစက်မှုများ စတင်ဖြစ် ပွားလာရခြင်း ဖြစ်သည်ဟု KIO COVID-19 ရောဂါတားဆီးနှိမ်နှင်းရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဟိန်းဝေါမ် က ပြောသည်။
“ဒီအင်ဂွမ်လမှာဆိုရင် အဲ့ဒီမှာ အထက်တန်းကျောင်း ဖွင့်ထားတယ်။ အဲ့ဒီမှာ ဘော်ဒါဆောင်တွေ၊ ကျောင်းသား တွေ၊ မြို့က ကျောင်းသားတွေလည်း အဲ့မှာ ကျောင်းတက်ကြတယ်။ အဲ့မှာ သူတို့ကို သူတို့ရဲ့ မိဘတွေ၊ မြို့ကလူ တွေ သွားတွေ့တော့ အဲ့ကနေ ကူးစက်မှု ဖြစ်နိုင်တာလို့ သူတို့က အဲ့လို ခန့်မှန်းထားတယ်။ ဟိုတနေ့ ၃ ရက် လောက်ကဆို ၂၂၀ ကျော်ရှိတယ်။ မနေ့က ထပ်စစ်တော့ ၁၀၀ ကျော်တွေ့တယ်။ ၁၄၅ ရောက်လား ပြန်တိုး လာ တယ်။ ဟုတ်ကဲ့ ၃၀၀ ကျော်လောက် ရှိပြီ” ဟု ပြောသည်။
အင်ဂွမ်လမြို့သည် မြစ်ကြီးနားမြို့အထက် ၆၅ မိုင်အကွာ ဆွမ်ပရာဘွမ်မြို့နယ် အတွင်းရှိ မလိခနှင့်မေခ မြစ် ကြားတွင်တည်ရှိပြီး KIO မြောက်ပိုင်းတိုင်း ဌာနချုပ်ရှိရာဒေသ ဖြစ်သည်။
အင်ဂွမ်လမြို့ အတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ကတစ်ကြိမ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က တစ်ကြိမ် ကျောင်းသူ/သားများ၊ ဆရာ/ဆရာမများအား COVID-19 ရောဂါပိုး စစ်ဆေးပေးခဲ့ရာတွင် ပိုးတွေ့သူ အယောက် ၃၀၀ ကျော် ရှိသွားပြီဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။
အောက်တိုဘာလ ၂၃ ရက်နေ့က အယောက် ၂၂၀ ကျော်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ၁၂၈ ဦးတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။
“အစဆိုရင် ဘော်ဒါဆောင်မှာ အနံ့ပျောက်တဲ့လူတွေ တစ်ယောက် နှစ်ယောက်ရှိလာတော့ အဲ့မှာ လူ ၃၀၀ ကျော် ကို စစ်လိုက်တယ်။ စစ်လိုက်တော့ အဲ့မှာ ပိုးတွေ့တာမျိုး တွေ့ရှိတာဖြစ်တယ်။ နောက်တစ်ခု အခုက ၁၀၀၀ ကျော်ကို ဆက်စစ်ဖို့ ရှိတယ်။ အဓိက အဲ့ဒီမှာ ဖြစ်တာလည်း ကြာပြီ။ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလ ဆန်းပိုင်းမှာ ဖြစ်တာ။”
ရောဂါကူးစက်ခံရသောသူ အများစုသည် ခရစ်ယာန်အသင်းတော်များမှ ဖွင့်လှစ်ထားသော ဘော်ဒါအဆောင်များတွင် နေ ထိုင်သောသူများဖြစ်ပြီး ကျောင်းသားမိဘများ လာရောက်တွေ့ဆုံခဲ့ရာမှ ရောဂါ ကူးစက်ခံရခြင်း ဖြစ်နိုင်သည်ဟု အင်ဂွမ်လမြို့ ကိုဗစ်တားဆီးနှိမ်နှင်းရေး ကော်မတီက ပြောသည်။
ထိုသို့ကူးစက်မှုရှိနေသည့်အတွက် အင်ဂွမ်လမြို့ရှိ ဒေသခံ အိမ်ထောင်စု ၁၅၀ အိမ်ထောင်နှင့် လူဦးရေ ၉၀၇ ကို လည်း ဆေးစစ်မှုများ ဆက်လက်ပြုလုပ်သွားမည် ဟု သိရသည်။
COVID-19 ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာများ အားလုံးကို သီးသန့်ခွဲထားပြီး အတည်ပြုလူနာများနှင့် ထိစပ်သူများ၊ သံသယလူနာများကိုလည်း Quarantine သီးသန့်ထားရှိပြီး ကျန်းမာရေး အခြေအနေများကို စောင့် ကြည့်လျက် ရှိသည်ဟု သိရသည်။
ကျန်းမာရေးစောင့်ရှောက်ကုသရေးကို KIO ၏ ကျန်းမာရေးဌာနနှင့် COVID-19 ရောဂါ လူနာပြုစု စောင့်ရှောက် ရေးအဖွဲ့တို့က ပူးပေါင်းကာ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လူမှုရေးအဖွဲ့အစည်းများကလည်း ဆေးဝါး ကရိ ယာ အကူအညီများပေးအပ်ကာ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်နေသည်ဟု KIO ၏ COVID-19 ရောဂါ တားဆီးနှိမ်နှင်းရေး ကော်မတီ က ပြောသည်။
Photo – The Kachin Net
*** ZAWGYI ***
KIO ေျမာက္ပိုင္းတိုင္း တြင္ ေက်ာင္းသားမ်ားအၾကား COVID-19 ကူးစက္မႈ ျမင့္မား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။
ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ၏ တပ္မဟာ ၁ နယ္ေျမျဖစ္သည့္ အင္ဂြမ္လၿမိဳ႕တြင္ COVID-19 ေရာဂါကူးစက္မႈ မ်ား ဆက္တိုက္ေတြ႕ရွိေနၿပီး အေယာက္ ၃၀၀ ေက်ာ္ ကူးစက္ခံထားရသည္ဟု KIO ၏ COVID-19 ေရာဂါတား ဆီးႏွိမ္ႏွင္းေရး ေကာ္မတီက ေျပာသည္။
ကခ်င္ျပည္နယ္ ေျမာက္ပိုင္း အင္ဂြမ္လၿမိဳ႕အတြင္းရွိ KIO က ဖြင့္လွစ္ထားသည့္ အထက္တန္းေက်ာင္းမွ COVID-19 ကူးစက္မႈမ်ား စတင္ျဖစ္ ပြားလာရျခင္း ျဖစ္သည္ဟု KIO COVID-19 ေရာဂါတားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ အတြင္းေရးမႉး ဗိုလ္မႉးႀကီး လဖိုင္ဟိန္းေဝါမ္ က ေျပာသည္။
“ဒီအင္ဂြမ္လမွာဆိုရင္ အဲ့ဒီမွာ အထက္တန္းေက်ာင္း ဖြင့္ထားတယ္။ အဲ့ဒီမွာ ေဘာ္ဒါေဆာင္ေတြ၊ ေက်ာင္းသား ေတြ၊ ၿမိဳ႕က ေက်ာင္းသားေတြလည္း အဲ့မွာ ေက်ာင္းတက္ၾကတယ္။ အဲ့မွာ သူတို႔ကို သူတို႔ရဲ႕ မိဘေတြ၊ ၿမိဳ႕ကလူ ေတြ သြားေတြ႕ေတာ့ အဲ့ကေန ကူးစက္မႈ ျဖစ္ႏိုင္တာလို႔ သူတို႔က အဲ့လို ခန႔္မွန္းထားတယ္။ ဟိုတေန႔ ၃ ရက္ ေလာက္ကဆို ၂၂၀ ေက်ာ္ရွိတယ္။ မေန႔က ထပ္စစ္ေတာ့ ၁၀၀ ေက်ာ္ေတြ႕တယ္။ ၁၄၅ ေရာက္လား ျပန္တိုး လာ တယ္။ ဟုတ္ကဲ့ ၃၀၀ ေက်ာ္ေလာက္ ရွိၿပီ” ဟု ေျပာသည္။
အင္ဂြမ္လၿမိဳ႕သည္ ျမစ္ႀကီးနားၿမိဳ႕အထက္ ၆၅ မိုင္အကြာ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ အတြင္းရွိ မလိခႏွင့္ေမခ ျမစ္ ၾကားတြင္တည္ရွိၿပီး KIO ေျမာက္ပိုင္းတိုင္း ဌာနခ်ဳပ္ရွိရာေဒသ ျဖစ္သည္။
အင္ဂြမ္လၿမိဳ႕ အတြင္း ေအာက္တိုဘာလ ၂၃ ရက္ေန႔ကတစ္ႀကိမ္၊ ေအာက္တိုဘာလ ၂၄ ရက္ေန႔က တစ္ႀကိမ္ ေက်ာင္းသူ/သားမ်ား၊ ဆရာ/ဆရာမမ်ားအား COVID-19 ေရာဂါပိုး စစ္ေဆးေပးခဲ့ရာတြင္ ပိုးေတြ႕သူ အေယာက္ ၃၀၀ ေက်ာ္ ရွိသြားၿပီဟု ဗိုလ္မႉးႀကီးလဖိုင္ဟိန္းေဝါမ္ က ေျပာသည္။
ေအာက္တိုဘာလ ၂၃ ရက္ေန႔က အေယာက္ ၂၂၀ ေက်ာ္၊ ေအာက္တိုဘာလ ၂၄ ရက္ေန႔တြင္ ၁၂၈ ဦးတို႔တြင္ ကိုဗစ္-၁၉ ပိုးေတြ႕ရွိခဲ့သည္။
“အစဆိုရင္ ေဘာ္ဒါေဆာင္မွာ အနံ႔ေပ်ာက္တဲ့လူေတြ တစ္ေယာက္ ႏွစ္ေယာက္ရွိလာေတာ့ အဲ့မွာ လူ ၃၀၀ ေက်ာ္ ကို စစ္လိုက္တယ္။ စစ္လိုက္ေတာ့ အဲ့မွာ ပိုးေတြ႕တာမ်ိဳး ေတြ႕ရွိတာျဖစ္တယ္။ ေနာက္တစ္ခု အခုက ၁၀၀၀ ေက်ာ္ကို ဆက္စစ္ဖို႔ ရွိတယ္။ အဓိက အဲ့ဒီမွာ ျဖစ္တာလည္း ၾကာၿပီ။ စက္တင္ဘာလကုန္နဲ႔ ေအာက္တိုဘာလ ဆန္းပိုင္းမွာ ျဖစ္တာ။”
ေရာဂါကူးစက္ခံရေသာသူ အမ်ားစုသည္ ခရစ္ယာန္အသင္းေတာ္မ်ားမွ ဖြင့္လွစ္ထားေသာ ေဘာ္ဒါအေဆာင္မ်ားတြင္ ေန ထိုင္ေသာသူမ်ားျဖစ္ၿပီး ေက်ာင္းသားမိဘမ်ား လာေရာက္ေတြ႕ဆုံခဲ့ရာမွ ေရာဂါ ကူးစက္ခံရျခင္း ျဖစ္ႏိုင္သည္ဟု အင္ဂြမ္လၿမိဳ႕ ကိုဗစ္တားဆီးႏွိမ္ႏွင္းေရး ေကာ္မတီက ေျပာသည္။
ထိုသို႔ကူးစက္မႈရွိေနသည့္အတြက္ အင္ဂြမ္လၿမိဳ႕ရွိ ေဒသခံ အိမ္ေထာင္စု ၁၅၀ အိမ္ေထာင္ႏွင့္ လူဦးေရ ၉၀၇ ကို လည္း ေဆးစစ္မႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ ဟု သိရသည္။
COVID-19 ေရာဂါကူးစက္ခံရသည့္ အတည္ျပဳလူနာမ်ား အားလုံးကို သီးသန႔္ခြဲထားၿပီး အတည္ျပဳလူနာမ်ားႏွင့္ ထိစပ္သူမ်ား၊ သံသယလူနာမ်ားကိုလည္း Quarantine သီးသန႔္ထားရွိၿပီး က်န္းမာေရး အေျခအေနမ်ားကို ေစာင့္ ၾကည့္လ်က္ ရွိသည္ဟု သိရသည္။
က်န္းမာေရးေစာင့္ေရွာက္ကုသေရးကို KIO ၏ က်န္းမာေရးဌာနႏွင့္ COVID-19 ေရာဂါ လူနာျပဳစု ေစာင့္ေရွာက္ ေရးအဖြဲ႕တို႔က ပူးေပါင္းကာ တာဝန္ယူေဆာင္႐ြက္လ်က္ရွိၿပီး လူမႈေရးအဖြဲ႕အစည္းမ်ားကလည္း ေဆးဝါး ကရိ ယာ အကူအညီမ်ားေပးအပ္ကာ ကူညီေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေနသည္ဟု KIO ၏ COVID-19 ေရာဂါ တားဆီးႏွိမ္ႏွင္းေရး ေကာ္မတီ က ေျပာသည္။
Photo – The Kachin Net