သန်လျင် တံတား အဆင်းဂိတ်တွင် ပစ်ခတ်မှု ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။

သန်လျင်တံတားအဆင်း သန်လျင်ဘက်ခြမ်းက စစ်ကောင်စီ လုံခြုံရေးဂိတ်တွင် ဒီဇင်ဘာ ၄ ရက်နေ့ညက တစ်နာရီခြားပြီး ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု နယ်မြေခံများက ပြောသည်။  

အဆိုပါစစ်ကောင်စီ လုံခြုံရေးဂိတ်တွင် ည ၈ နာရီခွဲဝန်းကျင်က သေနတ်သံ အချက် ၂၀ ခန့်ကြားရပြီး ည ၉ နာရီ ခွဲဝန်းကျင်တွင်လည်း သေနတ်သံများ ထပ်မံကြားရသည်ဟု ကျိုက်ထောဘုရားအနီးနေထိုင်သူများက ပြော သည်။

ကျိုက်ထောဘုရားအနီးနေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အပြန်အလှန်ပစ်ကြတာ ထင် တယ်။ အတွဲလိုက်ပဲ။ ကြားတာတော့ အချက်ရေတော်တော်များတယ် ဟု ပြောသည်။

ထိုစစ်ကောင်စီ လုံခြုံရေးဂိတ်ကို မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ကို မသိရှိသေးသလို သက် ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင် အချိန်ခန့်ကလည်း သန်လျင်တံတားအဆင်းရှိ စစ် ကောင်စီ ကင်းစခန်းပစ်ခတ် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးမှုဖြစ်ပွားခဲ့ သေးသည်။