တောင်ဒဂုံတွင် စစ်ကောင်စီ ကားများ ဖြတ်သန်းချိန်တွင် ဗုံးခွဲတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
တောင်ဒဂုံမြို့နယ်၊ အင်းဝအိမ်ယာအနီး ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်အစောပိုင်းက စစ် ကောင်စီ ကားများ ဖြတ်သန်းချိန်ကို ရည်ရွယ်တိုက်ခိုက်ခဲ့သည့် ဗုံးသုံးလုံးဆင့်ကွဲပြီး ြင်းဖြစ်သည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၈ ရက်၊ နံနက် ၆ နာရီတွင် ဗုံး တစ်လုံး၊ နောက်နာရီဝက်အကြာတွင် ဗုံး ၂လုံး ထပ်ကွဲခဲ့ခြင်း ဖြစ် သည်ဟု တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။
တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦးက “သူတို့ရဲ့ ဆလွန်း မီးတန်းကားတွေ ဖြတ်သွားပြီးတော့ ကွဲတာ အသံက တော်တော်ကျယ်တယ်။ လူတော့မထိဘူး” ဟု ပြောသည်။
ဗုံးပေါက်ကွဲမှုမှာ ဧရာဝဏ် လမ်းဆုံမှစတင်ပြီး မြိတ်လမ်းတစ်လျှောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါဖောက်ခွဲမှုကို အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နှင့် တောင်ပိုင်း ပြည်သူ့ ကာ ကွယ်ရေး အင်အားစုအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့များက ထုတ်ပြန်ထားသည်။
“ဗုံးပေါက်ပြီးတော့ ဧရာဝဏ်လမ်းဆုံမှာ စစ်သားတွေ ရောက်နေတာ အများကြီးပဲ။ ကျမလည်း ဈေးမထွက်ရဲ တော့လို့ အိမ်ပဲပြန်လာလိုက်တယ်” ဟု ၂၀ ဈေးတွင် ကုန်စိမ်းရောင်းသည့် အသက် ၆၀ ဝန်းကျင် အရွယ် အမျိုး သမီးတစ်ဦးက ပြောသည်။
ဗုံးဖောက်ခွဲချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ဆလွန်း မီးတန်း ကားဖြတ်သန်းချိန် ဖောက်ခွဲခဲ့ကြ သော်လည်း အချိန်စက္ကန့်ပိုင်း ကွာဟချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ မောင်းပြေးသွား သည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က ကိုဇေယျာသော်နှင့် PDF ၅၀ ခန့် ကို လက်နက်ခဲယမ်းများနှင့်အတူ စစ် ကောင်စီက ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိပြီး နောက်ပိုင်း ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ခပ်စိပ်စိပ် ပြန်ဖြစ်လာနေခြင်း ဖြစ်သည်။