နတ်ချောင်းရွာကို PDF တွေ မီးရှို့တယ်ဆိုတဲ့ သတင်းမှား ဖြန့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာထဲက ဒေသခံ ၂၀ ကို PDF တွေက သေနတ်နဲ့ ပစ်သတ်ပြီး အိမ် တွေကို မီးရှို့သွားတယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို မောင်ဇော် ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ရေးတင်ထားပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က တင်ခဲ့တဲ့ အဲဒီ သတင်းပို့စ်ကိုပဲ မောင်ဇော်က ဒီဇင်ဘာလ ၂၉ ရက်(ဒီကနေ့) မှာ ထပ် ပြီး ရေးတင်ထားကို တွေ့ရပါတယ်။
အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နတ်ချောင်းကျေးရွာမှာ နေအိမ်တွေ မီးလောင်ခဲ့တာ မှန်ပေမယ့် မီးလောင်နေတဲ့ နေအိမ် တွေကို PDF တွေ ရှို့တာ မဟုတ်ပဲ စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ နတ်ချောင်းကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တဲ့အကြောင်းကို သတင်းဌာန တော်တော် များများကလည်း ဒေသခံတွေကို မေးမြန်းပြီး သတင်းရေးသားထားပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့က နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး RFA က ရေးသားထားတဲ့ သတင်း DVB က ရေးသားထားတဲ့ သတင်း နဲ့ VOA က ရေးထားတဲ့ သတင်းတွေ ထဲမှာ တွေ့ရပါတယ်။
မောင်ဇော်ဆိုသူက ဒီဇင်ဘာလ ၂၈ ရက်နေ့ နတ်ချောင်းကျေးရွာထဲမှာ အိမ်တွေ မီးလောင်နေတဲ့ ပုံကို အသုံးပြု ထားတာ မှန်ပေမယ့် ရေးသားထားတဲ့ သတင်းအချက်အလက်ပါ စာတွေဟာ တကယ့် မြေပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို အမှန်အတိုင်း ရေးသားထားတာ မဟုတ်ပဲ လိမ်ညာ ရေးသားထားတာကို တွေ့ရပါတယ်။
ပြီးတော့ မီးလောင်နေတဲ့ ပုံတွေနဲ့အတူ အသုံးပြုထားတဲ့ CCTV မှတ်တမ်း ပုံတွေဟာလည်း နတ်ချောင်းရွာမှာ ဖြစ် ပျက်ခဲ့တဲ့ ပုံတွေ မဟုတ်ပဲ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှာ အမည်မသိ လက် နက်ကိုင်အဖွဲ့က ဓာတ်မြေဩဇာ အရောင်းဆိုင် တစ်ခုကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းပုံတွေကို အသုံးပြု ထားလို့ပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်နေ့က အမည်မသိ လက်နက်ကိုင် အဖွဲ့က နမ့်ခမ်းမြို့က ဓာတ်မြေဩဇာ အရောင်းဆိုင်ကို ဝင်ရောင် ပစ်ခတ်ခဲ့တဲ့ သတင်းကို People Media သတင်းဌာနက ရေးထားတဲ့ သတင်းထဲမှာ တွေ့နိုင်ပါတယ်။
ဒါကြောင့် အချက်အလက်အားလုံးကို ကြည့်လိုက်တဲ့အခါမှာ မောင်ဇော်ဆိုသူရဲ့ ရေးသားမှုတွေဟာ တကယ် မြေ ပြင်မှာ ဖြစ်ခဲ့တဲ့ အခြေအနေအမှန်ကို အမှန်အတိုင်း ရေးသားထားတာ မဟုတ်ပဲ လိမ်ညာ ဝါဒဖြန့် ရေးသားထား တာကို စိစစ်တွေ့ရှိရတဲ့အတွက် သတင်းအမှား တစ်ခုဖြစ်တယ်ဆိုတာကို အတည်ပြု နိုင်ခဲ့ပါတယ်။
သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ မုန်တီးသွားအောင်၊ မထောက်ခံအောင်၊ မကူညီ အောင်၊ အားမပေးရဲအောင် မဟုတ်မမှန် သတင်းစကားတွေထည့်ပြီး ရည်ရွယ်ချက်ရှိ ရှိ ဝါဒဖြန့် ရေးသား ဖြန့် ဝေနေတာကို တွေ့ရှိရပါတယ်။
မောင်ဇော်ဆိုသူက ရေးသားထားတဲ့ သတင်းပို့စ်ကို ထပ်ဆင့်ဖြန့်ဝေသူ တစ်ရာနီးပါးအထိ ရှိနေပြီး ကြိုက်နှစ် သက်သူနဲ့ သဘောထား မှတ်ချက်ပေးသူ တော်တော်များများ ရှိနေတာကို တွေ့ရပါတယ်။
လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။
ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။