အိမ်မဲ လွှတ်တော် ကိုယ်စားလှယ်ဟောင်းအား ထောင်ဒဏ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးအား စစ်ကောင် စီ တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်သည်။

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်-၂ ၏ ၂၀၁၅ ခုနှစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မွေးရာပါ ခြေတစ်ဖက် မသန်းစွမ်သူ ဦးအောင်ကျော်မြိုင်ကို စစ်ကောင်စီ၏ တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်သည်ဟု မိသားစုဝင်များ က ပြောသည်။

သူ(ဦးအောင်ကျော်မြိုင်)က မသန်စွမ်းဆိုပေမယ့် စိတ်ဓာတ်မာတယ် ဒါပေမယ့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆို တော့ စိုးရိမ်တယ်။ ချုပ်ရက် ခံစားခွင့်ရမယ် သိရတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အသက် ၄၂ နှစ်အရွယ် မွေးရာပါ ခြေတစ်ဘက် မသန်စွမ်းသူ ဦးအောင်ကျော်မြိုင်ကို သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် မြောင်းမြ ခရိုင်တရားသူကြီး က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးအောင်ကျော်မြိုင်သည် ၂၀၁၅ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင်  NLD ပါတီ ကိုယ်စားပြု ရွေး ချယ်ခံရသော်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် လွှတ်တော် ကိုယ် စားလှယ်လောင်း အဖြစ် ဆန္ဒမပြုတော့ခြင်း ဖြစ်သည်ဟု NLD ပါတီ အသိုင်းအဝိုင်းထံမှ သိရသည်။

 ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် သက်တမ်းတွင် တိုင်းရင်းသားရေးရာ ကော်မ တီဝင် တာဝန် နှင့် မသန်စွမ်းသူများ ပျိုးထောင်ရေး ကော်မတီတို့၏ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင် ခဲ့ သည်ဟု တိုင်းလွှတ်တော်၏ မှတ်တမ်းများအရ သိရသည်။

၂၀၂၀ မှာ လွှတ်တော်ကိုယ်စားလှယ် ဝင်မလုပ်တော့ပေမယ့် စစ်တပ်က အာဏာသိမ်းတော့ လူထုက ဆန့်ကျင် ဆန္ဒပြတာတွေမှာ ဦးဆောင်ခဲ့တယ်” ဟု အိမ်မဲမြို့ခံတစ်ဦး က ပြောသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲနိုင်ထားသည့် NLD ပါတီက အိမ်မဲ၊ ဝါးခယ်မ မဲဆန္ဒနယ်၏ အမျိုးသား လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာပြည်ဖြိုးကို ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်ဖွဲ့ က ဖမ်းဆီးထားသည်ဟု NLD ပါတီ မှ တာဝန်ရှိသူတစ်ဦး က အတည်ပြု ပြောသည်။

 ၂၀၂၀ ခုနှစ် ကောက်ပွဲတွင် မဲနိုင်ထားသည့် အိမ်မဲမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စခင်ဇော်လင်း နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထွန်း တို့ကိုလည်း စစ်ကောင်စီ က ပုဒ်မ ၂၅၊ ပုဒ်မ ၅၀၀-က တို့ဖြင့် ဝရမ်း ထုတ်ထားသည်။