တလအတွင်း KNU နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၂၆၀ ကျော်သေဆုံး၊
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ တိုက်ပေါင်း ၃၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၆၇ ဦး သေဆုံးကာ ၁၈၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU က သတင်းထုတ်ပြန် ပြောဆိုလိုက်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU က ဇန္နဝါရီလ ၅ ရက် (ယနေ့) ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။
KNU က “၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တစ်လတာအတွင်းတွင် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး လက် အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာ သိမ်း စစ်ကောင်စီ၏ တပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၃၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင် စီ၏ တပ်ဘက်မှ တပ်ရင်းမှူး (၁) ဦး၊ ဒုတပ်ရင်းမှူး (၁) ဦး၊ တပ်ခွဲမှူး (၁၁) ဦး၊ ဒုတပ်ခွဲမှူး (၁) ဦး၊ ဆေးမှူး (၁) ဦး၊ ဗိုလ် (၁) ဦး၊ ဗိုလ်အဆင့်ရှိသူ (၃) ဦး နှင့် တပ်ကြပ်ကြီး (၁)ဦး အပါအဝင် ( ၂၆၇ ) ဦး သေဆုံးကာ တပ်ရင်းမှူး (၂) ဦး နှင့် တပ်ခွဲမှူး (၁) ဦး အပါအဝင် ( ၁၈၄ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်” က ပြောသည်။
တိုက်ပွဲများမှာ KNU တပ်မဟာ-၅ (မူတြော်ခရိုင်)၊ တပ်မဟာ-၁ (ဒူးသထူခရိုင်)၊ တပ်မဟာ-၃ (ညောင်လေးပင် ခရိုင်) နှင့် တပ်မဟာ-၆ (ဒူးပလာယာခရိုင်) စသည့် KNU ထိန်းချုပ်ရာ ခရိုင်များထဲတွင် ဖြစ်ပွားခဲ့သည်ဟု ပြောသည်။
ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် စစ်ကောင်စီတပ်မှ ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာ ဒေသဖက် သို့ စစ်ရေး လှုပ်ရှားလာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU က ဆိုသည်။
ဒီဇင်ဘာလ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများ ရှိသည့်နည်းတူ ကရင်အမျိုးသား အစည်း အရုံး KNU လက်အောက်ခံ KNLA နှင့် KNDO တိုဖက်မှ ၈ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးခဲ့ရပြီး ၁၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက် ထဲတွင် တွေ့ရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်အာဏာသိမ်းသည့်နောက်ပိုင်း နိုင်ငံအနှံ့စတင်ဖြစ်ပွားလာ သည့် စစ်ပွဲများသည် ၂၀၂၂ ခုနှစ် ရောက်ရှိလာသည့်အထိ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေသည်။
လက်ရှိ ကရင်ပြည်နယ်တွင် KNU နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ် ပွားနေသကဲ့သို့ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ် တို့တွင်လည်း ပြည်နယ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေ သည်။
ထို့အတူ တိုင်းဒေသကြီး တော်တော်များများတွင်လည်း NUG က ဖွဲ့စည်းပေးထားသည့် ပြည်သူ့ကာကွယ်ရေး တပ် PDF တို့နှင့် စစ်ကောင်းစီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ မှာ ၎င်းတို့၏ နေရပ်ဒေသကို စွန့်ခွာ ကာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထိုသို့ ထွက်ပြေးတိမ်ရှောင်လာရသည့်အတွက် အခက်အခဲမျိုး ကြုံတွေ့နေရပြီး အကူအညီများစွာ လိုအပ်နေ သည်ဟု အကူအညီပေးနေသူများ က ပြောသည်။