Mytel တာဝါတိုင်ကို လေးကြိမ်မြောက်တွင် မိုင်းခွဲ ဖျက်ဆီးနိုင်ခဲ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
မန္တလေးတိုင်း မတ္တရာမြို့နယ် အုန်းကုန်းကျေးရွာရှိ Mytel ဖုန်း တာဝါတိုင်ကို ဇန္နဝါရီလ ၈ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်က မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ဖုန်းတာဝါတိုင်သည် ရွာ၏အရှေ့ဘက် တောထဲတွင်ရှိပြီး ၎င်းကို သုံးကြိမ်တိုင် ဖျက်ဆီးခဲ့ရာ မအောင်မြင်ခဲ့ပဲ ယခု လေးကြိမ်မြောက်တွင် မိုင်းနှစ်လုံးခွဲ၍ တာဝါတိုင်အနီးက တဲကိုလည်း မီးရှို့ဖျက်စီးခဲ့သည်ဟု အုန်းကုန်းရွာသား များက ပြောသည်။
“မနက်စောစောပိုင်း အသံကြီး နှစ်သံဆက်တိုက်ကြားရတာ။ မြေပါတုံသွားတယ်။ အရင်တစ်ခေါက်ကတော့ စစ် သားတွေ ရောက်လာတယ်။ ခုတော့ရောက်မလာသေးဘူး” ဟု အုန်းကုန်းရွာခံ အသက် ၃၀ နှစ် အရွယ် အမျိုး သမီးတစ်ဦး က ပြောသည်။
အဆိုပါ ဖုန်းတာဝါတိုင်ကို ပထမအကြိမ် ဖျက်ဆီးစဥ်က မြေပိုင်ရှင် အစောင့်အား ပျက်ဆီးပါက စာချုပ်အရ အလျော် ပြန်ပေးရမယ်ဟု စစ်ကောင်စီဘကက် ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်ဟု သိရသည်။
ထို့ကြောင့် မြေပိုင်ရှင်အစောင့်သည် ဖုန်းတာဝါတိုင်ရှိသည့်နေရာတွင် မနေရဲပဲ ရွာထဲပြန်လည်နေထိုင် နေသည်ဟု ရွာခံတစ်ဦးက ပြောသည်။
မတ္တရာမြို့တွင် ဇန္နဝါရီလ ၅ ရက်နေ့ကလည်း ကင်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ကို မီးရှို့ဖျက်ဆီးခံရသည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။