ကျားခေါင်းတောင် တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။

တနင်္သာရီ မြို့အနီး ကျားခေါင်းတောင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သည့် ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စုရှိ တကူသံတိုက်လှေဆိပ် နှင့်  ကျားခေါင်းတောင်တွင် ဇန္နဝါရီလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ဘက်မလိုက် ပြောက်ကျားအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မနေ့က ပစ်ခတ်သံတွေ နေ့လည် နာရီလောက် ကနေ ညနေ နာရီကျော်လောက် အထိ ကျားခေါင်းတောင် ဘက်က ကြားနေရတယ် ဟု အသက် ၅၀ အရွယ် ဒေသခံရွာသား တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဘက်မလိုက် ပျောက်ကျားအဖွဲ့က ထိခိုက်မှု တစုံတစ်ရာမရှိခဲ့ပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ဇန္နဝါရီလ ၁၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် လက်ရှိတွင် တကူကျေးရွာ၊ သာရဘွင်ကျေးရွာအုပ်စုများ အတွင်းရှိ ရွာသား များနှင့် ဥယျာဉ်ခြံ လုပ်ငန်း လုပ်ကိုင်နေသူများ စိုးရိမ် ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင် နေကြရသည် ဟု ဒေသခံရွာသားများ က ပြောသည်။

တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စုတို့သည် တနင်္သာရီမြစ်ကမ်းဘေးတလျှောက် တဆက်စပ်တည်း ရှိနေသည့် ကျေးရွာကြီးများဖြစ်ကြသည်။