ပြည်သူလူထုကို အကာအကွယ်ပေးရန် လိုအပ်
KNU၊ KNPP နဲ့ CNF တို့ရဲ့ ပူးတွဲတောင်းဆိုချက်အပေါ် KNU ပြောရေးဆိုခွင့်ရှိသူနဲ့ အင်တာဗျူး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။
တိုင်းရင်းသား ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည့် ပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ ပေးရန်၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေး ရန်နှင့် ပြည်သူတွေကို အကာအကွယ်ပေးနိုင်မည့် Safe Zone တစ်ခုကို ဖန်တီးပေးရန် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF တို့က ဇန္နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
ထိုလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၃ ဖွဲ့မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အထူးသံ ကိုယ် စားလှယ်၏ ပြီးခဲ့သည့် ဇန္နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည့် လူသားချင်းစာနာထောက်ထားမှု အကူအ ညီပေးရေး အဆိုပြုချက်ဖြစ်သည့် “လူသားချင်းစာနာ ထောက်ထားမှုအပြင်” (Humanitarian Plus) ဆိုသည့် အပေါ် ကြေညာချက်ထဲတွင် တုန်ပြန့် တောင်းဆိုထားခြင်း ဖြစ်သည်။
KNU၊ KNPP၊ CNF တို့က အဆိုပါ အချက်တွေကို ဘာကြောင့် တောင်းဆိုရတာလဲ၊ လက်ရှိ နယ်စပ်ဖြတ်ကျော် အကူအညီပေးနေတဲ့ အခြေအနေတွေ ဘယ်လိုရှိနေသလဲ၊ KNU ၊ KNPP၊ CNF တို့ရဲ့ တောင်းဆိုချက်တွေ မဖြစ် လာရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲစတဲ့ အကြောင်းအရာတွေကို ကရင်အမျိုးသား အစည်းအရုံး KNU နိုင်ငံ ခြားရေးဌာန တာဝန်ခံ ပဒို စောတောနီးကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စပြောပါတယ်။
အဓိက အချက်ကတော့ ဒီစစ်ကောင်စီကနေပြီးတော့ ထိုးစစ်ကြီးတွေ လုပ်လာတဲ့ အခါမှာ ကြုံတွေ့နေရတဲ့ အခက်အခဲက အထူးသဖြင့် နောက်ဆက်တွဲ ပြဿနာ တစ်ခုအနေနဲ့ကတော့ ဒီလူသားချင်း စာနာထောက်ထားမှု က တော်တော်ကြီးကြီးမားမား ဖြစ်သွားတဲ့အပေါ်မှာ ဒါကလည်း ကျနော်တို့ ဒေသတစ်ခုထဲမှာ ဖြစ်တာ မဟုတ် တော့ဘူး။ တခွင်တပြင်မှာ ဖြစ်လာတဲ့အခါမှာ သူ့နောက်ဆက်တွဲအနေနဲ့ အရေးတကြီး လိုအပ်နေတဲ့ သူ့ရဲ့ လက် တလောဖြေရှင်းရမယ့် သူတို့ နေဖို့ စားဖို့သောက်ဖို့ အဲဒါတွေကတော့ ရေတိုအနေနဲ့ကတော့ တကယ့်ကို လိုအပ် နေတဲ့ အရာဖြစ်တယ်။ သို့သော်ငြားလည်းပဲ အဲဒါတွေကလည်းပဲ မလုပ်မဖြစ်တဲ့ အရာတွေ လုပ်နေကြတာပဲ လူ တွေ နေတိုင်းပဲ အဲဒါနဲ့ပဲ အလုပ်ရှုတ်နေကြတာ။ သို့သော်ငြားလည်း တကယ်လိုအပ်တာက သူတို့အတွက် အကာ အကွယ်ပေးမှုပဲလေ အကာအကွယ်ပေးမှု မရှိပဲနဲ့ ဒီလက်တလောဖြေရှင်းနေရတဲ့ဟာ တောက်လျှောက် လုပ်လာ တဲ့ဟာက ဒါက ဘယ်လိုမှ အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ နောက်တစ်ချက်က ဘာလဲဆိုတော့ အကာအကွယ်မှု အပိုင်းမှာ ကျနော်တို့ အဲဒီမှာ အချက် ၃ ချက်အနေနဲ့ တင်ပြဆွေးနွေးထားတာ ရှိတယ်နော်။ အဲဒါတောင်းဆိုထားတာလည်း ရှိတယ်။
မေး – ဒီတုန့်ပြန်ကြေညာချက်ကနေ ဘာကို အဓိကထား တောင်းဆိုချင်တာလဲ။
ပဒိုစောတောနီး – ပထမအချက်အနေနဲ့ကတော့ No Fly Zone ပေါ့နော် အဲဒါကလည်း ဟိုး ဒီဇင်ဘာ ၂၀ ရက် ကတည်းက ကျနော်တို့ Statement တွေ ထုတ်ထားတာလေ။ အဲဒီမှာ ကုလသမဂ္ဂ အပါအဝင်ပေါ့ အဲဒါကို ကမ ကထပြုပြီးတော့ ဒီဟာတွေကို ရပ်တန်းကရပ်ပါ။ အထူးသဖြင့် စစ်ကောင်စီကနေ လက်နက်ကြီးတွေနဲ့ ပစ်တာ တို့ နောက်ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတာတို့ ဒါတွေက တအားစိပ်လာတဲ့အခါကျတော့ ဒါတွေက ကျနော်တို့ တောင်းဆိုထားတဲ့ ဒီဇင်ဘာ ၂၀ ရက်ကနေ အခုနကဆိုသလို တော်တော်လေးကို မှန်ကန်တယ်လို့ ပြောလို့ရ တာ ပေါ့ ဘာဖြစ်လို့လဲဆို ကျနော်တို့ ပြောတယ်ဆိုတာက အလဟသ လျှောက်ပြီးတော့ အခြေအမြစ်မရှိ ပြောတာ မဟုတ်ဘူး။ တကယ်ဖြစ်လာနိုင်တဲ့ဟာကို ပြောတာ အခုလည်း တကယ်ဖြစ်နေပြီ။ ဖြစ်တော့ နောက်ဆက်တွဲ တွေ အများကြီး ဖြစ်လာတယ်နော်။ No Fly Zone ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် လေယာဉ် မပျံသန်း ရဘူးဆိုရင် ဒါက အော်တိုမက်တစ် အလိုအလျောက်ပဲ ဒါက သူတို့အတွက် အကာအကွယ် ဖြစ်သွားပြီပေါ့နော။
မေး – အချက် ၃ ချက်တောင်းဆို ထားတာဆိုတော့ တခြားအချက်တွေကရော ဘာတွေလဲ။
ပဒိုစောတောနီး – နောက်တစ်ခုက အဲဒါပြီးတဲ့နောက်မှာ သူတို့ အဲဒါမျိုးဖြစ်ပြီးတဲ့နောက်မှာ တစ်ခုက ဘယ်လိုရှိ သေးလဲဆိုတော့ Safe Zone ဆိုတဲ့ လုံခြုံစိတ်ချရတဲ့ သူတို့ နေရာထိုင်ခင်းတွေ လိုအပ်တယ် အထူးသဖြင့် ဒီစစ် ကြောင့် ထွက်ပြေးနေရတဲ့ လူတွေနဲ့ နောက်ပြီးတော့ အထူးသဖြင့် လုံခြုံစိတ်ချရတဲ့ နေရာဆိုတာ အထူးသဖြင့် ဗုံးကြဲတဲ့နေရာ အခုစစ်ကောင်စီက ဗုံးကြဲတဲ့နေရာ ဘာမှ မရှောင်တော့ဘူး။ ဥပမာ ဆေးရုံတို့ ဆေးခန်းတို့ ပေါ့ နော နောက်ကျောင်းတို့ နောက်လူနေထိုင်တဲ့ ရပ်ကွက်တွေဆို ဘာမှ မရှောင်တော့ဘူး။ အဲဒါက သူက လုပ်ချင် သလို လုပ်နေတဲ့ အခါကျတော့ အဲဒါတွေက ဒီလူတွေ ထွက်ပြေးပြီဆိုရင် သူတို့အတွက် လုံခြုံစိတ်ချရတဲ့ နေရာ တစ်ခု လိုကို လိုအပ်နေပြီ ဖြစ်ပါတယ်။ နောက်အဲဒါကြောင့် အဲဒါကိုလည်း ဖန်တီးပေးဖို့ဆိုတာ ကျနော်တို့က အဲဒီအထဲမှာ တောင်းဆိုထားတာရှိတယ်။ ဒါကတော့ ကျနောတို့ ဒီအပိုင်းမှာ ဆိုရင်တော့ အထူးသဖြင့် နယ်စပ်နဲ့ နီးတဲ့ အပိုင်းတွေ ပိုပြီးတော့ ဖြစ်နိုင်ခြေများတယ်။ ဖြစ်သင့်တာပေါ့လေ။ ဘာဖြစ်လို့လဲဆို ပြေးချင်းပြေးဆို ကျနော်တို့ဆီ ပြေးလာတာက အများကြီးဖြစ်တာကိုး။ အဲဒါကြောင့်မို့ ထိုင်း-မြန်မာ နယ်စပ်ဖက်မှာဆို အထူး သဖြင့် ကျနော်တို့ ကရင်ဖက်ခြမ်းပေါ့နော် မြန်မာနိုင်ငံဖက်ခြမ်းဖက်မှာ အဲမှာ စိတ်ချလုံခြုံတဲ့ နေရာတစ်ခု ဖန် တီးပေးသွားပြီ ဆိုရင် ဒီလူတွေအတွက် အန္တရာယ်ဖြစ်စေမယ့် အကာအကွယ် တစ်ခုကိုတော့ ပေးနိုင်တယ်လို့ ကျနော်ယူဆတယ်လေ။
မေး – နောက်ဆုံး အချက်ကရော။
ပဒိုစောတောနီး – နောက်ဆုံးတစ်ချက်ကတော့ ဒီထက်ပိုပြီး ကျယ်ပြန့်လာတဲ့ဟာက ဘာလဲဆိုတော့ လူသားချင်း စာနာထောက်ထားမှုအပိုင်းမှာ ဒီအတိုင်း လုပ်သော်လည်း နေသားတကျမဖြစ်ဘူးဆိုရင်တော့ မပြီးနိုင် မဆုံးနိုင် လည်း ဖြစ်တယ်။ အခုဖြစ်နေတဲ့ နေရာဒေသတွေက ချင်းမှာလည်း ဖြစ်တယ်။ ကချင်၊ ကျနော်တို့ ကရင်၊ ကရင်နီ နောက်ပြီးတော့ နေရာဒေသအနှံ့အပြားမှာ ဒါတွေတင်မကဘူး။ ဗမာပြည်အထဲမှာ ရှိနေတဲ့ စစ်ကိုင်းတို့ မကွေးတို့မှာလည်း အဲဒါတွေကလည်း အဲဒါကြောင့်မို့လို့ ပြောနေတာတဲ့ဟာက ကျနော်တို့ နယ်စပ်ဖြတ်ကျော် ပြီးတော့ ဒီဟာတွေရယူမယ့် အကူအညီနဲ့တင်မကသေးဘူး ဒီထက်ပိုပြီးမှ နက်ရှိုင်းတဲ့ ကျနော်တို့ အတွင်းပိုင်း ဒေသတွေလည်း ထိုနည်းတူ ခံစားနေရတဲ့ အနေအထား အပေါ်မှာကတော့ ဒါတွေက တကယ်လိုအပ်တဲ့ နေရာ တွေဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အဲဒီအချက်လေးတွေက တကယ် အထူးသဖြင့် လူသားချင်း စာနာ ထောက်ထားမှုပိုင်းမှာ မရှိမဖြစ်လိုအပ်နေတဲ့အရာ ဖြစ်တယ် ဆိုတာ ကျနော်တို့ အထူးပြုပြီးတော့ ကျနော်တို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ တကယ့် လက်ရှိဖြေရှင်းရမယ့်အရာတွေဖြစ်တယ်။
မေး – ဘာကြောင့် ဒီဟာတွေကို ဖြေရှင်းဖို့ လိုအပ်တာလဲ။
ပဒိုစောတောနီး – အဲဒါတွေ မဖြေရှင်းပဲနဲ့ ကျနော်တို့ ထပ်ပြီးတော့ နောက်တစ်ဆင့် သွားဖို့ဆိုတာ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြဿနာက ဒီထွက်ပြေးတိမ်းရှောင်နေရတဲ့ လူတွေဟာ ကျနော်တို့ ဘာ ကြောင့် ဒီလိုထွက် ပြေးနေရတာလဲ ဒါက နိုင်ငံရေး ပြဿနာပဲလေ ဒီနိုင်ငံရေး ပြဿနာကြောင့်သာလျှင် နိုင်ငံ ရေး ပြဿနာကို မဖြေရှင်းနိုင်တဲ့ ပြဿနာကြောင့်သာလျှင် သူတို့ ဒီလိုထွက်ပြေးနေရတဲ့ အပိုင်းတွေရှိတယ်။ နိုင်ငံရေး ပြဿနာ မဖြေရှင်းတော့ စစ်ရေးနည်းနဲ့ အကြမ်းနည်းနဲ့ သုံးတယ်။ အကြမ်းနည်းနဲ့ သုံးတဲ့အခါမှာ ဒါ တွေဖြစ်လာတယ်။ အဲဒါကြောင့်မို့လို့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက်ဟာ ပထမဦးဆုံး လူသားချင်း စာနာ ထောက်ထားမှုကို ဖြေရှင်းမယ်။ နောက်ပြီးတော့ နောက်တစ်ဆင့်ကနေပြီးတော့ အဲဒါ အရင်းခံကျတဲ့ ပြ ဿနာကို ကျနော်တို့ ဆက်ပြီးတော့ ဖြေရှင်းရမယ်ဆိုတာ အဲဒီ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ညွှန်းထား တာ ရှိတယ်။ သို့သော်ငြားလည်းပဲ ဒီဟာကို လုပ်မယ်ဆိုရင် ကျနော်တို့ကြီး ဘယ်တော့မှ မဖြစ်နိုင်ဘူး။ အိမ်နီး ချင်းနိုင်ငံတွေကရော နိုင်ငံတကာကပါ အကုန်လုံး ကိုယ့်ဆိုင်ရာဆိုင်ရာ တာဝန်တွေ အကုန်လုံး တာဝန်ယူကြ ပြီး တော့ လုပ်ကြမှပဲ ဒါတွေဖြစ်လာနိုင်မှာကြောင့် ဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာ အပါအဝင်ပေါ့နော အိမ်နီး ချင်းနိုင်ငံတွေက သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ မဆိုင်သလို နေလို့မရတဲ့ အနေအထားမှာ ရောက်လာတဲ့ အခါမှာကျ တော့ ကျနော်တို့က အားလုံးပြီးတော့ လက်တွဲပြီးတော့ လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်လာပါတယ်လို့နော်။
မေး – ပြီးခဲ့တဲ့လက KNU ကနေ No Fly Zone သတ်မှတ်ပေးဖို့ ထုတ်ပြန်တောင်းဆိုထားတဲ့အပေါ်မှာ နိုင်ငံတကာ ရဲ့ တုန့်ပြန်မှုကရော ဘယ်လိုရှိသလဲ။
ပဒိုစောတောနီး – သိတဲ့အတိုင်းပဲလေ နိုင်ငံတကာရဲ့ အခြေအနေဆိုတာက စောစောကလည်း ကျနော် ပြော ထားတာပဲ သူတို့အနေအထားကတော့ ချက်ချင်းလက်ငင်း ဒီလိုမျိုး တုန့်ပြန်တဲ့ဟာတော့ ဘာမှ မကြားရ သေး ဘူး။ ဒါပေမယ့် ကျနော်တို့ နားလည်တာကတော့ လုပ်သင့်လုပ်ထိုက်တဲ့ဟာတော့ ကျနော်တို့ လုပ်ကြရလိမ့်မယ် လို့ ကျနော်တို့က ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တောင်းဆိုတဲ့ အချက်ထဲမှာလည်း ကျနော် တို့ ဒီလိုပဲ လုပ်စရာရှိတာ လုပ်သွားတာပဲလေ။ ဘာတွေ လုပ်ရမယ်ဆိုတဲ့ အပိုင်းကတော့ ဒါတွေနောက်မှ လာ မယ့် အပိုင်းတွေပေါ့။ အဲဒါကြောင့် ကိုယ်က ဒီအတိုင်း တောင်းဆိုပြီး ဘာမှ မလုပ်ဘူးလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ တောင်းဆိုတဲ့အတိုင်း ဒီတောင်းဆိုချင်က တော့ ဖြစ်လာဖို့ အတွက် ကျနော်တို့ အလုပ်နဲ့ သက်သေပြရမယ် လုပ်ရမယ်။ အကောင်အထည်ဖော်ရမယ်။ ဆိုတာ ကျနော်တို့ကတော့ ဒါကိုယ့်ဖက်မှာ ရှိတဲ့ တာဝန်အရတော့ ကိုယ်ကတော့ ဆက်လက် လုပ်ဆောင်နေပါ တယ်။ လောလောဆယ်ကတော့ ရလာဒ်ကတော့ မထွက်သေးပါဘူးနော်။
မေး – နယ်စပ်ဖြတ်ကျော် အကူအညီတွေကို အခုလက်ရှိမှာ အိမ်နီးချင်းနိုင်ငံတွေက ခွင့်ပြုတာတွေ ရှိလားဗျ။ အဲဒီနယ်စပ်ဖြတ်ကျော် အကူအညီပေးတဲ့ အခြေအနေတွေက အခု ဘယ်လိုအခြေအနေရှိသလဲ။
ပဒိုစောတောနီး – အခုအချိန်က ဒီလိုထွက်ပြေးနေတဲ့ လူတွေအတွက်ဆို တကယ်လိုအပ်တဲ့ဟာက နေ့ချင်းည ချင်းပဲလေ။ အမြန်ပဲ လိုအပ်တဲ့အခါကျတော့ ကျနော်တို့မှာ အခုက ရင်ဆိုင်နေရတဲ့ ပြဿနာက ဘာလဲဆိုတော့ ဒီအိမ်နီးချင်းနိုင်ငံတွေကနေပြီးတော့ ဟိုဥစ္စာပေါ့နော တရားဝင်နိုင်ငံတကာ အဖွဲ့အစည်းတွေကို သွားရောက်ပြီး လုပ်ဖို့ ဆိုတာက အခွင့်အခါ မသင့်ဘူး မရဘူးဖြစ်နေတဲ့အပေါ်မှာ ဒါကတော့ ကျနော်တို့ကနေပြီးတော့ အထူးသ ဖြင့် ကျနော်တို့ CSO ၊ CBO အဖွဲ့တွေရှိတယ်။ အဲဒီကနေတစ်ဆင့် သွားရတာက များပါတယ်။ ကျနော်တို့လည်း ဒါကိုလည်း တောင်းဆိုနေပါတယ်။ ဒီထက် ပိုပြီးတော့ နောက်တစ်လှမ်းအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အထူးသဖြင့် လူသားချင်း စာနာထောက်ထားမှုတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးတွေ UN အစရှိသည် အားဖြင့် အဲဒါတွေက တကယ်ပဲ INGO က အစပေါ့နော် အဲဒါတွေက သူတို့ကိုယ်တိုင်ပါ ဝင်ပြီးတော့ အဲဒီနေရာ ဒေသတွေမှာ ရောက်နိုင်တဲ့ အနေအထားကို ခွင့်ပြုပေးမယ်ဆိုရင် ဒီထက်ပိုပြီးတော့ ထိရောက်မယ့်ဟာတွေ ရှိ လာမှာ။ ဒါတွေကလည်း ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးရမယ် ပြောဆိုရမယ် တိုက်တွန်းရမယ့် အနေအ ထားတော့ ရှိပါသေးတယ်ပေါ့နော။
မေး – ဘာများ ဖြည့်စွတ်ပြောချင်သေးလဲ။
ပဒိုစောတောနီး – အဓိကက ဘာလဲဆိုတော့ အခုက လူသားချင်းစာနာထောက်ထားမှုကို အာဆီယံရော ဘာရော ပြောနေကြတယ်မလား။ ဆိုလိုတာက ကျနော်တို့ ဒီကိစ္စမှာ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စတွေဖြေရှင်းဖို့ ဆိုရင် ဒီလူသားချင်းစာနာထောက်ထားမှု သွားအကူအညီ သွားပေးရုံနဲ့ ဘယ်လိုမှ မပြီးနိုင်ဘူးလေနော။ အဲဒီဟာ တဆင့်စီပေါ့နော် ကျန်တဲ့ဟာတွေ လူသားချင်းစာနာထောက်ထားမှုဆိုတာ ဘယ်လိုပေးမလဲ ဒီအတိုင်း သွားပေး လို့မှ မရပဲ။ ကျနော်တို့ တောင်းဆိုနေတဲ့ အဲဒီရဲ့ သုံးချက်ကတော့ မပါလို့မရဘူးလေ။ ဒီဟာတွေ ခွင့်ပြုနိုင် မှသာ လျှင် ဒါက လူမှုရေးကိစ္စနဲ့ ဆိုင်တဲ့ဟာရော လူသားချင်းထောက်ပံ့ကူညီပေးတာမှာ ရှောရှောရှူရှူ ဖြစ်သွား မယ်။ နိုင်ငံတကာ ကြီးကြပ်မှုအောက်မှာ ဖြစ်သွားမယ်။ နောက်ဆုံးကျတော့ အရင်းခံ နိုင်ငံရေး ပြဿနာကို လည်း အဲဒီမှာပဲ ကျနော်တို့ စပြီးတော့ အကောင်အထည်ဖော်လို့ ရတော့မှာပေါ့။ အဲဒါကြောင့်မို့လို့ ဒီ ပြဿနာ ကို ဆွေးနွေးဖို့ဆိုရင် ကျနော်တို့ ဒီနိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုနဲ့ သမာသမတ်ရှိမှု တရားမျှတရှိမှု ဘယ် လောက်ရှိသလဲဆိုတာကို ဒါကို မှတ်ကျောက်တင်နိုင်မယ့် အနေအထားတစ်ခုကို ကျနော်တို့ လုပ်ဆောင်ရလိမ့် မယ်လို့ ကျနော် ပြောချင်ပါတယ်။