တနင်္သာရီတိုင်းတွင် သတင်းပေးဆိုသူ သုံးဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်နှင့် ထားဝယ်မြို့နယ်တွင် နှစ်ရက်အတွင်း စစ်ကောင်စီသတင်းပေးဆိုသူ သုံးဦး ပစ်သတ်ခံ လိုက်ရသည်။
ပုလောမြို့နယ်တွင် ဇန္နဝါရီလ ၂၉ ရက်နေ့က အုပ်ချုပ်ရေး စာရေးတစ်ဦး နှင့် ထား၀ယ်မြို့တွင် ဇန္နဝါရီလ ၂၈ ရက်နေ့တွင် ပျူစောထီးအဖွဲ့ဝင် သားအဖနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။
ပုလောမြို့နယ် နန်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ရုံးစာရေးအဖြစ် လုပ်ကိုင်နေသူ ဦးမျိုးအောင် အသက် ၃၇ နှစ်သည် ဇန္နဝါရီလ ၂၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ရွာသားများ ကပြောသည်။
ရုံးစာရေး ဦးမျိုးအောင်သည် အမတော်ကြေးကောက်ခံရန် ပြေစာများကိုင်ပြီး မှော်မိဘုန်းတော်ကြီးကျောင်း အနီး ရောက်ရှိလာစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်။
“သေနတ်နဲ့ ၃ချက်ပစ်ခံရတာ။ သူကစစ်တပ်နဲ့ ပေါင်းပြီး သတင်းပေးလုပ်နေတာမျိုး ရှိတယ်။ နောက် ဒီရွာသား လည်း မဟုတ်ဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူသည် ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် နေထိုင်သူဖြစ်ကာ နန်းတောင်ကျေးရွာ အုပ်ချုပ် ရေးမှုးရုံးတွင် ရုံးစာရေးအဖြစ်လာရောက် လုပ်ကိုင်နေသူဖြစ်သည်ဟု ရွာသားများကပြောသည်။
စစ်တပ်နှင့်ပေါင်းပြီး ရွာသားများအပေါ် ခြိမ်းခြောက် အနိုင်ကျင့်ခြင်းနှင့် သတင်းပေးလုပ်ရပ်များ ရှိသဖြင့်
Palaw Regional Defence Force( PRDF) အဖွဲ့မှပစ်ခတ်ရှင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောသည်။
ထို့အပြင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် ဘူတာလမ်းတွင်နေထိုင်သည့် ပျူစောထီးအဖွဲ့၀င် သားအဖနှစ်ဦး ကိုလည်း ဆိုင်ကယ်စီး အဖွဲ့တစ်ဖွဲ့မှ ၎င်းတို့၏ နေအိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခြင်း ဖြစ် သည်ဟု ဒေသခံများကပြောသည်။
ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၁၀နာရီအချိန်ခန့်က “သေနတ်ပစ်သံကတော့ လေးငါးချက်ကြားရတယ်” ဟု တလမ်းတည်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
နေအိမ်တွင်ရှိနေသည့် ပျူစောထီးအဖွဲ့ဝင် ဦးမောင်လေး နှင့် ၎င်း၏သားဖြစ်သူ သန့်ဇင်စိုးတို့ သားဖနှစ်ဦးကို ဆိုင် ကယ် ၃ စီးဖြင့် လူ ၅ ယောက်ခန့်ပါသည့် အဖွဲ့တစ်ဖွဲ့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက် နေပြည် သူများက ပြောသည်။
၎င်းတို့ သားအဖနှစ်ဦးသည် စစ်အာဏာရှင်အား ဆန့်ကျင်သည့် ပြည်သူများအပေါ် နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေး နေခြင်းများနှင့် စစ်ကောင်စီ သတင်းပေးလုပ်ဆောင်နေသည့်အတွက် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဇန္နဝါရီလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
သားအဖနှစ်ဦးအား သုတ်သင်ရှင်လင်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာဖြင့် လွတ် မြောက်နယ်မြေ စခန်းသို့ ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားကာ ယခုလုပ်ဆောင် ချက်များသည် ပြည်သူလူထုနှင့် လုံး၀ မသက်ဆိုင်ကြောင်း ၎င်းတို့အဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း ထုတ်ပြန်ထား သည်။