အာဏာရှင်မှန်သမျှ ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။
စစ်အာဏာရှင် အပါအဝင် အာဏာရှင်မှန်သမျှကို တော်လှန်ဖယ်ရှားပြီး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်မည်ဟု အမျိုးသား ညီညွတ်ရေး အတိုင်ခံကောင်စီ NUCC က ကတိပြု ပြောဆိုလိုက်သည်။
ဇန္နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့ ညီလာခံအပြီး ထုတ်ပြန်ချက်ထဲတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC က ထိုသို့ ကတိပြု ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပြည်သူ့ ညီလာခံအပြီး ထုတ်ပြန်ချက်ထဲတွင် “အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် စစ်အာ ဏာရှင် စနစ်အပါအဝင် အာဏာရှင် မှန်သမျှ ဖယ်ရှား၍ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်သည့်အထိ စုပေါင်း ခေါင်းဆောင်မှု ၊ စုပေါင်း ညီညွတ်မှု အင်အားတို့ဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်” ဟု ပြောဆိုထားသည်။
အမျိုးသား ညီညွတ်ရေး အတိုင်ခံကောင်စီ NUCC သည် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်း ပေးခဲ့ သော အဖွဲ့အစည်းဖြစ်သည်။
ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ပြည်သူ့ညီလာခံမှ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အပြီးတိုင်ချုပ် ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပုံသဏ္ဍာန် အမျိုးမျိုး ဖြင့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူများ၊ မတရား ဖမ်းဆီးချုပ်နှောင်ခံရသူများနှင့် တိုက်ပွဲဝင်နေကြသူများအား ဂုဏ် ပြုမှတ်တမ်းတင်ထားသည် ဟု ဆိုသည်။
အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင်များကို လိုလားတောင်း တနေကြ သည့် တိုင်းရင်းသားများမှ ယခု နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် အပါအဝင် ရှိရှိသမျှ အာဏာရှင်အားလုံး ကို အမြစ်ပြတ် တော်လှန်နိုင်မှသာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဟု ပထမ အကြိမ် ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့ညီလာခံ ပထမနေ့ ဇန္နဝါရီလ ၂၇ ရက်နေ့ တွင် တိုင်းရင်းသား ခေါင်း ဆောင်အချို့က ပြောဆိုထားကြသည်။
တိုင်းရင်းသားများအနေဖြင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရရှိပဲ လူမျိုးကြီးဝါဒဖြင့် ချုပ်ကိုင်ထားသည့် စစ်အာဏာရှင်စနစ်ကို မလိုလားသကဲ့သို့ အခြားသော အာဏာရှင်ဆန် သော အုပ်ချုပ်မှု စနစ်မျိုးကိုလည်း မလိုကြောင်း ပြောသည်။
ပြီးခဲသည့် NLD အရပ်သား အစိုးရ သက်တမ်းတွင် NLD က ဒီမိုကရေစီ အာဏာရှင်ပုံစံဖြင့် တိုင်းပြည်ကို ထိန်း ကျောင်းနေသည် သာမက တိုင်းရင်းသားများ၏ အရေးကို လျစ်လျူရှု့ခဲ့သည်ဟု ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။
စစ်အာဏာရှင် အပါအဝင် အာဏာရှင် တစ်မျိုးမျိုးက တနည်းနည်းဖြင့် ဆက်ရှိနေမည်ဆိုပါက အားလုံးလိုလား တောင်းတနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်အာဏာရှင်နှင့် တိုင်းရင်း သား လူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်မပြုသည့် လူမျိုးကြီး ဝါဒကို အခြေခံ သည့် အာဏာရှင်များကြောင့် စစ်မှန်သည့် လွတ်လပ်ရေး မရခဲ့ပဲ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကြီးကို ဖြတ်သန်းခဲ့ရသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
ပုံ – နိုင်ဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်။