မြစ်ကြီးနားတွင် အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် လုံခြုံရေးတင်းကြပ်မှုများ၊ ကန့်သတ်ပိတ်ပင်မှု၊ ခြိမ်းခြောက်မှုများကြားထဲမှ စစ်အာဏာရှင် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ KSCM ပင်မသပိတ် ကော်မတီက စစ်အာဏာသိမ်း တစ်နှစ်ပြည့်သည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ (ယနေ့) နံနက် ၈ နာရီအချိန်က “ဖိနှိပ်ခံပြည်သူများ လွတ်မြောက်ဖို့ အဆုံးထိ တိုက်ကြစို့” ဆိုသည့် စာသားများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

KSCM သပိတ် ကော်မတီသည် ပြီးခဲ့သည့်နှစ် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလကတည်းက စတည် ထောင်ထားခြင်းဖြစ်ပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင်လည်း ကန့်သတ်ပိတ်ပင်မှု၊ ခြိမ်းခြောက်မှုများ ကြားမှ မြစ်ကြီးနား၏ လူစည်ကားသည့် လမ်းမကြီးတခုဖြစ်သော တပ်ကုန်းလမ်းမကြီးနှင့် မနောကွင်းအရှေ့တို့ တွင် စစ်အာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

“စစ်ကောင်စီ မကျမချင်း ရပ်တည်နေမှာပါ။ ဆန္ဒပြပွဲတွေလည်း ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု သပိတ် ကော်မတီ ဝင် အမျိုးသားတစ်ဦးက ပြောသည်။

စီတာပူ ရပ်ကွက်၊ မနောကွင်းရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို လူငယ်များ ဦးဆောင်ပြီး လုပ်ခဲ့ကြ ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် မြစ်ကြီးနားမြို့က ပြည်သူများသည်လည်း အသံတိတ်သပိတ်တွင် နိုင်ငံတဝှမ်းက အခြားသော မြို့များ နည်းတူ ပါဝင်ခဲ့ကြသည်။

အလားတူ မြို့အစည်ကားဆုံးနေရာများဖြစ်သည့် မြစ်ကြီးနား ဘူတာကြီးရှေ့နှင့် ပုဂ္ဂလိက ဘဏ်များရှေ့တွင် လည်း လက်နက်ကိုင်စစ်သားများနှင့် ရဲတပ်သားများက လုံခြုံရေးတင်းကြပ်ထားသည်။

လက်နက်ကိုင်ထားသည့် စစ်သားများ၊ ရဲများ တင်ထားသည့် ကားများကလည်း မြစ်ကြီးနားမြို့ အတွင်း လှည့် ပတ်သွားလာမှုများ ရှိနေသည်ဟုလည်း မြို့ခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းတနှစ်ပြည့်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့(ယနေ့)တွင် မြစ်ကြီးနားမြို့ရှိ မင်းရပ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ခေမာသီရိ၊ အောင်နန်း၊ အေးစေတီရပ်ကွက်များနှင့် အခြားသောရပ်ကွက်အသီးသီးက ပြည်သူလူထုအားလုံး အတွင်းအိမ်ပြင်မထွက်ဘဲ အသံတိတ်သပိတ် Silence Strike တွင်ပါဝင်ခဲ့ကြသည်။