ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ပိတ်စဖြုတ်ရာမှ မိုင်းကွဲ၊ ဗျူစောထီး ၁ ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။

ထားဝယ်ခရိုင် နဘုလယ်ဒေသရှိ “ကြိုဆိုပါ၏” ဆိုင်းဘုတ်တွင် ချိတ်ဆွဲထားသော စစ်ကောင်စီ ဆန့်ကျင်ရေး စာသားပါ ပိတ်ဖြူစအား လာဖြုတ်သော ပျူစောထီးအဖွဲ့များ မိုင်းထိပြီး တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ ခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များနှင့် အတူ ပူးပေါင်းလိုက်ပါလာသည့် ပရဒတ်ကျေး ရွာက ပျူစောထီးခေါင်းဆောင် ကိုမင်းမင်း ပါဝင်သည့် အဖွဲ့မှ အဖွဲ့ဝင် ၃ ဦးသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ WELCOME TO NABULE ဆိုင်းဘုတ်တွင် ချိတ်ဆွဲထား သည့် စစ်ကောင်စီဆန့်ကျင်သည့် စာသားပါသည့် ပိတ်ဖြူစကို ဖြုတ်ယူချိန်တွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF – DYNAMITE က သတင်းထုတ်ပြန် ထားသည်။

“ပေါက်ကွဲသံကြီး တချက်ကြားရပြီးတာနဲ့ သေနတ်ပစ်သံတွေလည်း ကြားရတယ်” ဟု အသက် ၄၅ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှု လုပ်ဆောင်ချက်သည် မိမိတို့အဖွဲ့သားများနှင့်သာ သက်ဆိုင်ပြီး မိဘပြည်သူများနှင့် လုံး ဝ (လုံးဝ) မသက်ဆိုင်ပါကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် YPDF – DYNAMITE အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

မိုင်းကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

သို့သော် YPDF – DYNAMITE အဖွဲ့က လမ်းသွားလမ်းလာ ပြည်သူအချို့နှင့် ဆိုင်ကယ်များအား ငဲ့ညှာပြီး ပြန်လည် ပစ်ခတ်ရန် အခွင့်မသာခဲ့သဖြင့် ဆုတ်ခွာခဲ့ရကြောင်း YPDF-DYNAMITE အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။