ပူတာအိုတွင် ကားသမားတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
မြစ်ကြီးနား-ပူတာအို လမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီးကို စစ်ကောင်စီဂိတ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းတစ်ဦး သေဆုံးသွားခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက်၊ ညနေ ၆ နာရီကျော်က ခရီးသည်များတင်ထားသည့် Noah မော်တောင်ယာဉ်တစ်စီး ပူတာအိုမှ မြစ်ကြီးနားသို့ မောင်းနှင်လာစဉ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းကျေး ရွာနှင့် ခင်ဒူယန် ကျေးရွာကြားတွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။
“၅ နာရီ ကျော်ရင် မဖြတ်ရဘူးလို့ ပြောထားတာကို ဖုန်ကျန်းကို ကျော်လိုက်တာနဲ့ အပစ်ခံရတာ။ ပေါင်မှာ ကျည်ဆံထိပြီး အရိုးကျိုးပြီး အဲ့တာသွေးလွန်ပြီးမှသေသွားတယ်။ သူ့အမျိုးသမီးကတော့ ဘာမှမဖြစ်ဘူး ခရီး သည် တစ်ယောက်ကတော့ ခြေထောက်မှာ နည်းနည်းရှပ်ထိသွားတယ်” ဟု ဆွမ်ပီယန်ကျေးရွာသား တစ် ယောက်က ပြောသည်။
ဦးစောနွဲ့ခွန်ရွှေလင်း ၄၁ နှစ်နှင့် ၎င်း၏ အမျိုးသမီးအပါအဝင် ခရီးသည်များ ပါဝင်သည့် Noah မော်တော်ယာဉ် သည် ပူတာအိုမြို့မှ မြစ်ကြီးနားမြို့သို့မောင်းနှင်လာစဉ် ပစ်ခံရပြီးသေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။
သေဆုံးသွားသည့် ယာဉ်မောင်းဖြစ်သူကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီခန့်က ဆွမ်ပီယန်ကျေးရွာ သုသာန်တွင် သဂြိုလ်လိုက်သည်ဟု ဆိုသည်။
ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်များထိုင်သည့် စစ်ရေးအရ အရေးပါသည့် စခန်း ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စစ်တပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။
ထိုသို့ စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပြည်သူများ၏ နေအိမ်များ မီးလောင်ခဲ့ပြီး ရွာသားများ ကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဆိုပါ ကျေးရွာ အနီးအနားပတ်ဝန်းကျင်တွင် လည်း ယနေ့အချိန်ထိ နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများ ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။