လေးကေ့ကော်တွင် မောင်ဖြစ်သူ ဖမ်းခံရပြီး ဧရာဝတီတိုင်းမှ အမဖြစ်သူ ထောင်ချခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ကရင်ပြည်နယ် လေးကေကော် မြို့သစ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသူ တစ်ဦး၏ အစ်မ တော် စပ်သူတစ်ဦး မီးပေါ့ဆမှုဖြင့် ထောင်ချခံလိုက်ရသည်ဟု သိရသည်။
လေးကေကော်မြို့သစ်တွင် ဖမ်းဆီးခံထားရသူတစ်ဦး၏ ဧရာဝတီတိုင်း မအူပင်မြို့တွင် နေထိုင်သည့် အမဖြစ်သူ ကို စစ်ကောင်စီက အမှုဖွင့်ပြီး ထောင်ချလိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ အချို့က ပြောသည်။
စစ်ကောင်စီတပ်က ကရင်ပြည်နယ် လေးကေ့ကော် မြို့သစ်ကို ဝင်ရောက်စီးနင်းစဉ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအူပင်မြို့ခံ ဦးလင်းလင်း၏ အစ်မဖြစ်သူကို မအူပင်မြို့ နယ် တရားရုံးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က ထောင် ၃ လ ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစု နှင့် နီး စပ်သူများက ပြောသည်။
“မေလတုန်းက အိမ်မီးလောင်တာကို ဖမ်းပြီး အပြစ်မရှိလို့ ပြန်လွှတ်ပေးပြီးပြီ။ အခု ကိုလင်းလင်း အဖမ်း ခံရ တော့ သူ့အစ်မကို ပြန်ဖမ်းပြီး မီးပေါ့ဆမှု ဆိုပြီးတော့ အပြစ်မရှိ အပြစ်ရှာပြီး ထောင်ချလိုက်တာ” ဟု မိသား စုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးလင်းလင်း လေးကေ့ကော်မြို့တွင် အဖမ်းခံရပြီးနောက် မအူပင်မြို့ရှိ ၎င်း၏ အစ်မဖြစ်သူကို စစ်တပ်က စစ် ဆေးမေးမြန်းရန်ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး အမှုရှာ တရားစွဲ၍ ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည် ဟု သိရသည်။
ကရင်ပြည်နယ် လေးကေ့ကော် မြို့သစ်တွင် စစ်တပ်က ဖမ်းဆီးထားသော ဦးလင်းလင်းသည် အသက် ၄၅ နှစ် ခန့်ရှိ လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး မည်သည့်ပါတီဝင်မှ မဟုတ်ဘဲ လူမှုရေး၊ ဒေသဖွံဖြိုးရေး တက်ကြွလှုပ်ရှားသည့် လူသိများသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု မအူပင်မြို့ခံ ပရဟိတအဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။
မအူပင်မြို့ခံ ဦးမောင်မောင်ဦး က “ကိုလင်းလင်းကိုတော့ စစ်ကောင်စီက တရားစွဲဆိုထားပြီး မြဝတီမြို့မှာ ရုံး ထုတ် စစ်ဆေးနေတယ်လို့ သိရတယ်” ဟု ပြောသည်။
မအူပင်မြို့တွင် ၂၀၂၁ ခုနှစ် အတွင်းက မီးလောင်မှု ၄ ကြိမ် ဖြစ်ပွားခဲ့သော်လည်း ထောင်ဒဏ် ချမှတ်ခြင်း၊ ကျခံ ရခြင်းမရှိဘဲ ငွေဒဏ်ဖြင့်သာ အမှုများပြီးပြတ်ခဲ့သည်ဟု မအူပင်မြို့ အရံမီးသတ်တပ်ဖွဲ့ဝင် အချို့က ဆိုသည်။
သို့သော် ဦးလင်းလင်း၏ အစ်မဖြစ်သူကို မေလတုန်းက မီးလောင်မှုနှင့် ဖမ်းဆီးကာ ပြန်လွှတ်ပေးခဲ့ပြီးနောက် ယခု ဖေဖော်ဝါရီလတွင် စစ်ကောင်စီက ထပ်မံဖမ်းဆီးကာ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ခြင်း ဖြစ်သည်။
မအူပင်မြို့တွင် စစ်ကောင်စီက NLD ပါတီ အမတ်များ၏ မိသားစုပိုင် နေအိမ်ကို ချိပ်ပိတ်ခြင်း၊ ပရဟိတရုံးအချို့ ကို ချိပ်ပိတ်ခြင်း၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ မိသားစုဝင်များကို အကြောင်းမဲ့ ဖမ်းဆီးကာ နေအိမ်များ ကို ချိပ်ပိတ်ခြင်း၊ ဒေသခံများကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးနှိပ်စက်နှင့် ငွေညှစ်ခြင်း တို့ကိုပြု လုပ်နေသည် ဟု ဒေသခံများက ဆိုသည်။