KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၇ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်။
ကရင်အမျိုးသားအစည်းအရုံး-KNU (မူတြော်-ဖာပွန်ခရိုင်)အတွင်းရှိ ကျေးရွာထဲကို စစ်ကောင် စီတပ်က လက်နက်ကြီးကျည်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး ထိမှန်သေဆုံးခဲ့သည်ဟု KNU ဗဟိုက မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
မတ်လ ၅ ရက်နေ့ ညနေ ၇း၂၀ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်သည် (မူတြော်-ဖာပွန်ခရိုင်)အတွင်း ဘူးသိုမြို့နယ်ကလောဒေးကျေးရွာထဲကို လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးပြီး ထိ ခိုက်ဒဏ်ရာရရှိသူ ၄ ဦး ရှိခဲ့သည်ဟု KNU က ပြောသည်။
“ထိခိုက်သေဆုံးသူ အပြစ်မဲ့ ပြည်သူလူထု (၇) ဦး အထဲတွင် သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးများပါဝင်ခဲ့သလို ကလေးငယ် ၂ ဦးလည်း ပါဝင်ခဲ့ပါသည်” ဟု KNU ဗဟိုက ပြောသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တစ်လတာအတွင်း စစ်ကောင်စီ၏တပ်နှင့် နယ်ခြားစောင့်တပ် BGF တို့သည် ပြည်သူ လူထုများ နေထိုင်ရာကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများ အလုံး ၄၀၀ ကျော် ပစ်ချခဲ့ သည်ဟု သိရသည်။
ထို့အပြင် မူတြော်ခရိုင် တပ်မဟာ ၅ အတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ ကြောင်း KNU က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
စစ်ကောင်စီတပ်က ပြည်သူလူထုများနေထိုင်သည့် ကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများ ဖြင့် ပစ်ချမှုနှင့် လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း ပြည်သူလူထု ၇ ဦး သေဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီလ တစ်လလံး စစ် ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များနှင့် KNLA၊ KNDO ပူးပေါင်းတပ်တို့အကြား ထိတွေ့ ပစ်ခတ်တိုက် ခိုက်မှု ပေါင်း ၂၉၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်က ၃၀၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၂၀၉ ရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထစ်လတာ တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ် ရေးတပ် KNDO တို့ဘက်ကလည်း ၆) ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦး ရှိခဲ့သည်။
ထို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က စစ်ကောင်စီ၏ ကား (၃၅) စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု KNU က ပြောသည်။
ဖေဖော်ဝါရီလအတွင်းတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ် ပွားခဲ့သောကြောင့် KNU-ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင် နှင့် ဒူးပလာယာ ခရိုင်တို့အတွင်းက ပြည်သူလူထုပေါင်း ၇၀၀၀၀ ကျော်က ကျေးရွာများကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင် နေကြရ သည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများ၏ ပြောပြချက်များအရ သိရသည်။