ယင်းမာပင်တိုက်ပွဲ အရပ်သား ၆ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေပြီး ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၆ ဦး လက် နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးသွားသည်ဟု သိရသည်။

မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်မှ ညနေပိုင်းအထိ တစ်ရက်လုံး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာများထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားပြည်သူအချို့ လက်နက်ကြီးထိမှန်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသအတွင်းရှိ PDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ညောင်တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုခန့်က “ရန်သူ့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်တဲ့အတွက် ကြောင့်မို့လို့ ကံသာ လက်ပန်တောရွာက အပြစ်မဲ့ပြည်သူ ၁၃ ဦး လက်နက်ကြီးစမှန်တယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာ တွေ ပေါ့နော်။ အဲ့ဒီ ၁၃ ဦးထဲကမှ ၆ ဦး ကျဆုံးသွားတာ ရှိတယ်။ ကျဆုံးသွားတဲ့လူတွေက လက်နက်ကြီးမှန်တဲ့ အတွက်ကြောင့်မို့ပေါ့နော် အဲ့ထဲမှာ အသက်အရွယ်ကြီးတဲ့အပိုင်းတွေ ပါတယ်။ နောက်တစ်ခု ကလေးငယ်နှစ်ဦး ပေါ့နော်၊ ၉ နှစ်သား ကလေးငယ်တစ်ဦးနဲ့ ၄ နှစ်သား ကလေးငယ်တစ်ဦး ပါဝင်တာ ဖြစ်ပါတယ်” ဟု ပြော သည်။

တိုက်ပွဲများ ဖြစ်ပွားလာနေသည့်အတွက် လက်ပံတောကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း ရွာသားများ စစ် ရှောင်နေစဉ် လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ အသက် ၄ နှစ်အရွယ် မောင်မှတ်ကြီး၊ အသက် ၉ နှစ်အရွယ် မောင်စွမ်းထက်နိုင်၊ အသက် ၉၀ ကျော်အရွယ် ဒေါ်တင်ညွှန့်၊ အသက် ၈၀ အရွယ် ဦးသန်းမောင်၊ အသက် ၇၀ အရွယ် ဒေါ်သိန်းလှနှင့် အသက် ၃၀ အရွယ် ဒေါ်မို့မို့ဝင်းတို့ ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲအတွင်း အရပ်သားပြည်သူ သေဆုံးမှုများ ရှိနေ သည့်အပြင် လူနေအိမ်အချိုနှင့် စာသင်ကျောင်းဆောင်အချို့လည်း မီးရှို့ခံထားရသည်ဟု အဆိုပါ PDF တာဝန်ခံ က ဆက်ပြောသည်။

“လက်ရှိအနေအထားကတော့ တိုက်ပွဲဖြစ်နေတယ်။ အဲ့တော့ ကံသာ လက်ပန်တောရွာက နေအိမ်တချို့ကို မီးရှို့ တယ်။ စာသင်ကျောင်းတွေ မီးရှို့ခံရတာ ရှိတယ်။ အခုသူတို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ဒရစပ်ပစ်နေ တယ်။ PDF တွေ ဘက်ကတော့ ကျဆုံးတာတော့ မရှိဘူးဗျာ။ စစ်ကောင်စီဘက်က အကျအဆုံးဘာညာတော့ လော လောဆယ် မသိရသေးဘူး။”

တိုက်ပွဲများ ဆက်ဖြစ်ပွားနေသေးသည့်အတွက် ပြည်သူများ၏ နေအိမ်အလုံးရေ မည်မျှ မီးရှို့ခံရသည်ကို အတိ အကျမသိရသေးဘူးဟု ဒေသခံများက ဆိုသည်။ စစ်ကောင်စီဘက်က အင်အား ၃၀၀ ကျော်ခန့်နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

PDF တာဝန်ခံ ကိုခန့်က “ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ ယင်းမာပင်မြို့နယ်၊ ကံသာ လက်ပံ တောရွာနားမှာ ထိတွေ့ တိုက်ပွဲဖြစ်တာ ရှိတယ်။ ရန်သူ့စစ်ကြောင်းဘက်က အင်အား ၃၀၀ လောက်ရှိတယ်ပေါ့ နော်။ ကျနော်တို့ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ညောင်တောက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရယ်၊ ကနီမြို့ နယ် ရွှေတြိဂံတပ်ဖွဲ့ရယ်၊ ယင်းမာပင်မြို့နယ် Local PDF အဖွဲ့ရယ်ပေါ့နော် နောက်ပြီးတော့ ယင်းမာမြို့နယ် ဗိုလ်သူရိန်အဖွဲ့ရယ်ပေါ့နော် အဲ့ဒီအဖွဲ့တွေနဲ့ ဒီနေ့ စုပေါင်းပြီးတော့ ထိတွေ့တိုက်ပွဲ အကြီးမားဆုံးဖြစ်နေတယ်။ အခုထိ ဖြစ်နေတုန်းပဲ” ဟု ညနေ ၅ နာရီအချိန်ခန့်တွင် သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

တိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့များဘက်တွင် ထိခိုက်ကျဆုံးသူမရှိသော်လည်း စစ်ကောင်စီဘက်က ထိ ခိုက်ကျဆုံးမှု ရှိသည်ဟု ညောင်တောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ က ပြောသည်။ သို့သော် စာရင်း အတိအကျ မရရှိသေးဘူးဟု ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးသလို ဆက် သွယ်၍လည်း မရပေ။

ထို့အပြင် မတ်လ ၄ ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီတပ်ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၁၄ ယောက် သေဆုံးခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

Photo – မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာ ရွာလုံးကျွတ် မီးရှို့ ခံခဲ့ရသည့်မြင်ကွင်း-ပုံဟောင်း)