ကချင် ပူးပေါင်းတပ်များနဲ့ စစ်ကောင်စီ တိုက်ပွဲ ခပ်စိတ်စိတ် ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားများကို ယခင်ကထက် ယခုမတ်လအတွင်း ပိုမို ပြုလုပ် လာသည့် အတွက် တိုက်ပွဲများ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားလာနေသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA က ပြောသည်။
မတ်လ ၁၉ ရက်နေ့ (ယမန်နေ့) စစ်ကောင်စီ၏ ၂၁ မိုင် စုပေါင်းဂိတ်ကို KIO/KIA နှင့် KPDF တို့က ဝင်ရောက် တိုက်ခိုက်သကဲ့သို့ ဟိုပင်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာသည့်အတွက် တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ဟိုပင်နားမှာလည်း တစ်ချက်ဖြစ်ပါတယ်။ ဟိုပင်နားမှာလည်း ဟိုစကစတပ်တို့ လှုပ်ရှားလာလို့ ရင်ဆိုင် တိုက်ပွဲ ရှိပါတယ်။ ဒီမနက် အဲ့ဒါလည်း မနက် အစောကြီးဖြစ်ပါတယ်။ ၆ နာရီ ၇ နာရီ ကြားပေါ့။ အခုဆက်ပြီးမှ ၂၁ မိုင်ဖက်မှာ တိုက်ပွဲပြန်ဖြစ်တာ ဟိုပင်ဖက်မှာ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေ ပြန်ဖြစ်တာဆိုတော့ ခပ်စိပ်စိပ်လေး တိုက်ပွဲဖြစ်တယ်လို့ ပြောလို့ရ တာပေ့ါ” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
ဟိုပင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိနေသည်ဟု သတင်းအရင်းအမြစ်အချို့က ပြော ဆိုသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြား အတည်ချက်မရှိသေးပေ။
ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း KIO/KIA ဌာနချုပ် လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီတပ်များက စစ်ရေး လှုပ်ရှားလာသည့်အတွက် ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြော သည်။
၎င်းက “ဒီတပတ်အတော အတွင်းမှာတော့ ကျနော်တို့ လှုပ်ရှား တပ်မပေါ့နော် လှုပ်ရှား တပ်မဌာနချုပ်နားမှာ လည်း ဒီလ ၁၂ ရက်ကနေ ၁၇ ရက်နေ့အထိပေါ့။ ၅ ရက်လောက်တိုက်ပွဲဖြစ်တာ။ အခုတော့ အဲဖက်မှာလည်း ပြန်ငြိမ်သွားပြီ။ စကစဖက် နည်းနည်းလှုပ်ရှားလို့ရှိရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်မှာပါ။ အားလုံးငြိမ် သွား တဲ့ သဘောမျိုးတော့ မဟုတ်ဘူးပေါ့နော်။ နေရာတကာမှာ ခပ်စိပ်စိပ်လေး တိုက်ပွဲဖြစ်တယ်ဆိုတော့ စကစ ဖက်က နည်းနည်းလှုပ်ရှားလို့ရှိရင်တော့ တိုက်ပွဲကတော့ ပြန်ဖြစ်မှာပဲ” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တို့ အကြား တိုက်ပွဲ များ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားမှုများကို ယခင်က ထက် ပိုမို ပြုလုပ်လာသည့်အတွက် နှစ်ဖက်စစ်ရေး တင်းမာမှုများ ရှိနေသည်ဟု KIO/KIA က ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖက်မှ စစ်ရေးလှုပ်ရှားမှုများကို ပိုမိုပြုလုပ်လာသည့်အတွက် တိုက်ပွဲများကလည်း အချိန် မရွေး ထပ်မံဖြစ်ပွားလာနိုင်သည့် အပြင် ပိုမို၍လည်း ပြင်းထန်လာနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဓါတ်ပုံ – the Kachin Net