မတ္တရာတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်။
ကား ငါးစီးပါ စစ်ကောင်စီယာဉ်တန်း မတ္တရာမြို့နယ်ထဲတွင် မတ်လ ၂၇ ရက်နေ့ (တပ်မတော်နေ့)တွင် နှစ်ကြိမ် မိုင်းဆွဲခံခဲ့ရသည်ဟု သိရသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မတ္တရာအရှေ့ပိုင်း နယ်မြေရှင်းလင်းရေးအတွက် ရောက်ရှိလာသည့် ငါးစီးပါ စစ် ကောင်စီ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ်က နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့သည် ဟု သတင်းထုတ်ပြန်ထားသည်။
“မတ္တရာ အရှေ့ပိုင်းနယ်တွေကို အတော်ဖိတယ်။ နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ ခဏတိုင်းလာပြီး အိမ်တွေမီးရှို့၊ ရွာသားတွေဖမ်းပြီး နှိပ်စက်တာတွေရှိတယ်။ ရွာထဲမှာ လူတွေမနေရဲတော့ဘူး” ဟု အသက် ၅၀ နှစ် အရွယ် မြောင်းသစ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းကို သဖန်းကိုင်းကျေးရွာနှင့် မြောင်းသစ်ကျေးရွာကြားတွင် နံနက် ၁၁ နာရီ မိနစ် မိနစ် ၃၀ အချိန်ခန့်တွင် အသွားလမ်တွင် တစ်ကြိမ် နှင့် သဖန်းကိုင်း အုပ်စု တံတားနက်တံတား တောင်ဘက်တွင် မွန်းလွှဲ့ ၁ နာရီခွဲ အချိန်ခန့်က အပြန်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မတ္တရာမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ အခြားတပ်ဖွဲ့များ၏ တပ်စခန်း၊ စစ် ဆေးရေးဂိတ်များ နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို အဓိကထား တိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း တရားဝင်ထုတ်ပြန်ပြောဆိုထားသည်။
ထိုသို့ တိုက်ခိုက်ရာတွင် ပြည်သူများ ထိခိုက်မူမရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန် ကြေညာခဲ့သည်။