ဘိုကလေးမှ သတင်းပေး ဒေါက်တိုင် ဆိုသူ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် သတင်းပေးဟု နာမည်ကြီးနေသည့် အမျိုးသမီးတစ်ဦး အသတ်ခံရသည်ဟု သိရသည်။

ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်ရုံးအနီး လမ်းပေါ်တွင် သတင်းပေး ဒလန်ဟု နာမည်ကြီးနေသည့် မသူဇာကြီး သေနတ်ဖြင့် အပစ်ခံရခြင်း ဖြစ်သည်။

မျက်မြင်တွေ့သူ တစ်ဦးက “သေနတ်သံ ဘာတွေတော့မကြားရဘူး။ အယ် သူကတော့ ဆိုင်ကယ်ရဲ့ ဘေး သွေး အိုင်ထဲမှာ လှဲနေတာ။ ဘယ်သူမှ သွားမကြည့်ရဲဘူး” ဟု ပြောသည်။

ဧပြီ ၁၄ ရက်နေ့၊ နံနက် ၇ နာရီ ခွဲကျော်အချိန်ခန့်က ဆိုင်ကယ်မောင်းလာသူ မသူဇာကြီး သေနတ်ဖြင့် ပစ်ခတ်ခံ လိုက်ရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

သူဇာကြီး သေနတ်ပစ်ခံရပြီး (၁၀) မိနစ်ခန့်အကြာတွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပစ်ခတ်ခံ ရသူအား ကားနှင့်သယ်ဆောင်သွားသည်ဟု အနီးဝန်းကျင်က မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ထို့နောက် လမ်းများကို ပိတ်၍ အခင်းဖြစ်နေရာ အနီးတွင် နေထိုင်သူအချို့ကိုလည်း စစ်ဆေးနေသည်ဟု ရပ် ကွက်အတွင်းနေထိုင်သူ အချို့က ပြောသည်။

ဆေးရုံဝန်ထမ်းတစ်ဦး က “ခေါင်းကို သေနတ်မှန်ထားတယ်။ ဒီကိုရောက်တော့ အသက်မပါတော့ဘူး” ဟု ပြောသည်။

အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သည့် စစ်ကောင်စီ၏ ဒေါက်တိုင် “သူဇာကြီး” အား ဘိုကလေးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစုက ရှင်လင်းသုတ်သင်လိုက်ခြင်း ဖြစ်သည်ဟု ဧပြီ ၁၄ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

သူဇာကြီး သည် စစ်ကောင်စီတပ်များ မြို့ထဲဝင်လာချိန် (၁ဝ) ရပ်ကွက်ထိပ်မှ သပြေပန်းများဖြင့် ထွက်ကြိုခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်းသည် မူးယစ်ဆေးဝါးဖြန့်ဖြူးသည့် အလုပ်ဖြင့် စစ်ကောင်စီကို လစဉ်ငွေရှာပေးနေသူ တစ်ဦး လည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မသူဇာကြီး က စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူအများအပြားကို လည်း လက်ညှိုးထိုး ဖမ်းဆီး စေခဲ့သူ တစ်ဦး ဖြစ်သည်ဟု ဘိုဘေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

“သူက စစ်သားတွေနဲ့ ပေါင်းပြီး မြို့ပေါ်မှာ ထောင်ထောင် ထောင်ထောင် လုပ်နေတာပဲ။ စစ်တပ်ကို ကြိုခဲ့တာ လည်း ဟုတ်တယ်” ဟု ပစ်ခတ်ခံရသူနှင့် တစ်ရပ်ကွက်ထဲတွင် အတူနေသူတစ်ဦးက ပြောသည်။
မသူဇာကြီး ပစ်ခတ်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာဖြင့် မြို့ကိုစွန့်ခွာနိုင်ခဲ့ သည်ဟု သိရသည်။

ဘိုဘေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ပေါင်းစုအနေဖြင့် ပြည်သူများဘက်မှ မရပ်တည်ပဲ စစ်ကောင်စီ အလိုကျ လိုက်လံဆောင်ရွက်ပေးနေသူ အားလုံးကို လုံးဝငဲ့ညှာတော့မည်မဟုတ်ကြောင်းလည်း ၎င်းတို့၏ ထုတ် ပြန်ချက်ထဲတွင် ထပ်မံအသိပေး ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းများကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာများကို ရှာဖွေမှုများ တင်းကြပ်စွာ လုပ်ဆောင်နေခြင်းများကြောင့် ပြည်သူများအနေဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်ဟု မြို့ခံများက ပြော သည်။