ပျူစောထီးခေါင်းဆောင် သေဆုံးပြီး ကလေး ၃ ဦး အပါအဝင် ဒေသခံ ၁၅ ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်။

ငပုတောက ပျူစောထီး ခေါင်းဆောင် ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ကလေး ၃ ဦး အပါအဝင် ဒေသခံ ၁၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း စစ်နယ်မြေအတွင်းရှိ ငါးပြေမကျေးရွာက ပျူစောထီး ခေါင်း ဆောင်တစ်ဦး ပစ်သတ်ခံရမှုနှင့် ပါတ်သက်၍ ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံရွာသား ၁၅ ဦးကို စစ်ကောင် စီတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

အသက် ၁၂ နှစ်အရွယ် နှင့် အသက် ၅ နှစ် အရွယ် မိန်းကလေးငယ် နှစ်ဦး၊ အသက် ၄ နှစ်အရွယ် ယောကျ်ား လေးတစ်ဦးတို့ အပါအဝင် ဒေသခံ ရွာသူရွာသား ၁၅ ဦးတို့ကို ဧပြီလ ၁၉ ရက်နေ့မှ စတင်၍ ၃ ရက် အတွင်း စစ် ကောင်စီ ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

“တောသူ တောင်သားတွေ အဖမ်းခံရတာပါ။ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးက လက်ညှိုးထိုးတဲ့သူ မှန်သမျှကို စစ် တပ်က ဖမ်းတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

ငါးပြေမကျေးရွာက ရာအိမ်မှူး ဦးဘပုနှင့် ဆယ်အိမ်မှူး ဦးဂုတ်တိုတို့က မမှန်သတင်းပေးသဖြင့် စစ်ကောင်စီ တပ် ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ရွာသားများ ခံနေရခြင်း ဖြစ်သည်ဟု ရွာသားများက ယုံကြည်ထားသည်။

ပျူစောထီး ခေါင်ဆောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအား ဒေသတွင်းရှိ တော်လှန်ရေး မဟာမိတ် ၄ ဖွဲ့ ပူးပေါင်း၍ ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ပုသိမ် အနောက်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့ Pathein Western Defe nce Force (P.W.D.F) က သတင်းထုတ်ပြန်ထားသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်း က “အရွယ်မရောက်သေးတဲ့ ခလေးတွေကို သေနတ်နဲ့ ချိန် ဖမ်းတယ် ဆိုတာ ခလေးသူငယ် ဆိုင်ရာ အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက် နေတာ” ဟု ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ ည ၉ နာရီ ဝန်းကျင်အချိန်က ဟိုင်းကြီးကျွန်း စစ်နယ်မြေအတွင်းရှိ အသက် ၃၉ နှစ် အရွယ်ရှိ ငါးပြေမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအား အမည်မသိလူ ၄ ဦးက အိမ်ပေါ်တက်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။

ပစ်ခတ်မှု ဖြစ်ပွားဖြစ်နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ငပုတောမြို့နယ် နှင့် ပုသိမ်မြို့နယ်ထဲက တော တောင်များအတွင်း ဧပြီလ ၂၂ ရက်နေ့အထိ PDF အဖွဲ့များကို စစ်ကြောင်းထိုး ရှာဖွေနေဆဲ ဖြစ်သည်ဟု ဒေသ ခံများ၏ ပြောပြချက်အရ သိရသည်။