ဓါးထိုးခံရပြီး မသေခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ် ၅ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားသည် ဒေသခံများက ပြောသည်။
ပန်းကြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ယခင်နှစ် မေလအတွင်းကလည်း သူနေအိမ် ၌ လူတစ်စုက ဓါးဖြင့်ထိုး၍ မိတ္ထီလာဆေးရုံတွင် တက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့ရသေးသည်။
အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် အသက် ၆၀ နှစ်ကို ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက နတ်မောက်နှက် ကျောက်ပန်းတောင်းကြားတွင် သေနတ်ဖြင့် ပစ်ခတ် ရှင်းခဲ့ခြင်းဖြစ် သည်ဟု ဒေသခံပြောက်ကြားများက ထုတ်ပြန်ကြေညာသည်။
ကျောက်ပန်းတောင်းဒေသခံ တစ်ဦးက ”အဲလူက မနှစ်ကလည်း ဓါးထိုးခံရပြီးပြီ။ ဒလန်အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီနဲ့ ပေါင်းပြီး ရွာသားတွေကို ဒုက္ခ ပေးနေတာ ကြာပြီ။ အရင် NLD အစိုးရ ခေတ်ထဲက အုပ်ချုပ်ရေးမှူး” ဟု ပြောသည်။
ဦးကျော်မြင့်ကို နတ်မောက်မြို့နယ် ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ People’s Guerrilla Force ကျောက်ပန်းတောင်း နှင့် 21-Guerilla Force အဖွဲ့တို့က ပူးပေါင်းပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က သတင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။