မိုင်းဆွဲ တိုက်ခိုက်မှုတွင် စစ်ကောင်စီ ၁၀ ဦးကျော်သေဆုံးဟု ပျောက်ကြားအဖွဲ့ ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

မြိတ်မြို့မှ ပုလောမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကား ၁၀ စီးကို တောကြီးမြွေဟောက်အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံးခဲ့သည်ဟု ယင်းအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၂၆ ရက်နေ့၊ ည ၈ နာရီဝန်းကျင် အချိန်ခန့်က မြိတ်-ပုလော အဝေးပြေးလမ်းကြီးပေါ်ရှိ ကဒဲကျေးရွာ အဝင်တွင် မိုင်းသုံးလုံးဖြင့် စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“မှောင်ခါစပဲ ရှိသေးတာ ပေါက်ကွဲသံကြီး ၃ ချက် ကြားရတယ်။ စစ်တပ်ဘက်က သေနတ်ပစ်တာတွေ ကြား တယ်။ နှစ်ဘက်တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး” ဟု အသက် ၅၀ ခန့်အရွယ် ကဒဲကျေးရွာသားတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိသည်ဟု တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။

မိုင်းဖေါက်ခွဲခံရ ပြီးသည့်နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်ကို လက်နက်ငယ်များဖြင့် ရမ်း သမ်း ပစ်ခတ်ခဲ့သေးသော်လည်း တောကြီးမြွေဟောက်အဖွဲ့ဘက်မှ ထိခိုက်သူမရှိဘူးဟု သိရသည်။

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်တန်း စစ်ကား ၁၀ စီး အနက် ၇ စီးထိမှန်ခဲ့ပြီး ၂ စီး မီးလောင်ပျက်စီးခဲ့ကာ တစ်စီးမှာ ဖောက်ခွဲခံရသည့်နေရာ အလွန်တွင် ထိုးရပ်သွားခဲ့သည်ဟု ယင်းအဖွဲ့၏ သတင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသော်လည်း သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးခြား အတည်မပြုနိုင်ပါ။

ပြီးသည့်ရက်ပိုင်း ဧပြီလ ၂၃ ရက်နေ့တွင်လည်း ကဒဲကျေးရွာအနီးမှာပင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့သေးသည် ဟု သိရသည်။