မုံးပေါ်ဒေသ တိုက်ပွဲ ပြင်းထန်၊ ဒေသခံများ အလုပ်ပျက်မည်ကို စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုံးပေါ်ဒေသတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား စစ်းရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားနေပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်မှု ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။
မေလ ၄ ရက်နေ့ (ယမန်နေ့) ည ၉ နာရီ မှ ည ၁၁ နာရီအချိန်ထိ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း)မြို့နယ်ခွဲ မုံး ပေါ်ဒေသအတွင်းရှိ မိုင်ဖန်ကျေးရွာထိပ်တွင် စစ်ကောင်စီတပ်နှင့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။
မုံးပေါ်ဒေသခံ အမျိုးသမီးတစ်ဦး က “မနေ့ည ၉ နာရီကျော်ကနေ ဖြစ်တာ။ ၁၁ နာရီကျော်အထိပေါ့နော်။ နှစ် နာ ရီလောက် ဖြစ်တာပေါ့။ ပြည်သူလူထု ထိခိုက်တာတော့ မရှိဘူး။ စကစဘက်ကတော့ ကျမတို့ မသိဘူး။ စခန်းကို လာပစ်တယ်ဆိုတာမျိုး လောက်ပဲ သိရတာ။ မိုင်ဖန်ရွာဘက်မှာ ဖြစ်တာ။ လူထုတွေလည်း ထွက်တော့ မပြေးကြ ဘူး။ ရွာထဲမှာပဲ အခြေအနေစောင့်ကြည့်ပြီးနေနေကြတာ။ ဒီနေ့တော့ ဘာသံမှမကြားသေးဘူး။ ညဘက်ကြရင် တော့ မသိဘူးနော်” ဟု ပြောသည်။
မုံးပေါ်ဒေသ မိုင်ဖန်ကျေးရွာထိပ်တွင်ရှိနေသည့် စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ ၉၉ တပ်ဖွဲ့ဝင်များ ရှိနေ သည့်နေရာသို့ ကိုးကန့်တပ်မတော် MNDAA က သွားရောက်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည် ဟု ဒေသခံများက ဆိုသည်။
သို့သော်အဆိုပါကိစ္စနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
MNDAA က ထိုသို့သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပြန်လည်ဖြစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့နောက် နှစ်ဖက်ကြား တိုက်ပွဲ နှစ်နာရီ ကျော်အကြာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုလက်ရှိ အချိန်သည် တရုတ်-နယ်စပ်တစ်လျှောက်နှင့် မူဆယ်ခရိုင်အတွင်းက ကြံစိုက်တောင်သူများ၏ ကြံ ခုတ်ရာသီဖြစ်သော်လည်း ယခုကဲ့သို့ တိုက်ပွဲများ မကြာခနဖြစ်ပွားနေသည့်အတွက် ကြံခင်းများသို့သွား၍ ကြံခုတ် မည်ဆိုပါကလည်း လုံခြုံရေးပိုင်း စိတ်မချရသည့်အတွက် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဆို သည်။
“လုံခြုံရေးအရက စိုးရိမ်ရတယ်။ သတိထားနေရတယ်။ သေနတ်သံ တိတ်ရင်တော့ ပြန်ခုတ်ပေါ့။ ပြည်သူတွေက ဒါပဲလုပ်စားနေရတာဆိုတော့လေ။ အဝင်အထွက်တော့ နည်းနည်းလေး ရှောင်နေရတာပေါ့နော်။ ဘယ်သူမဆိုပေါ့ ပြည်သူလူထု တွေရောပေါ့နော်” ဟု မုံးကိုးမြို့ခံ တစ်ဦးက ပြောသည်။
အလားတူ ဧပြီလ ၂၇ ရက်နေ့တုန်းကလည်း မုံးပေါ်ဒေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ပစ် လိုက်သည့် လက်နက်ကြီးကျည်ရောက်ပေါက်ကွဲပြီး ဟိုကန်းကျေးရွာရှိ ကြံခင်းများနှင့် ကြံရွာစည်ရိုး မီးလောင် မှု များ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က မီးငြိမ်းသတ်ခွင့်မပေးခဲ့ဘူးလို့ ဒေသခံများက ဆိုသည်။
“စိုးရိမ်မှုဆိုတာက ဟိုတလောတုန်းက တခေါက်ဖြစ်ပြီးပြီနော်။ ဟိုကန်းဘက်မှာလေ ကြံခုတ်နေတဲ့ဘက်မှာ ကိုး ကန့်နဲ့ဖြစ်တာပဲ။ အဲ့ဒီမှာ လက်နက်ကြီးနဲ့ထုတဲ့ဟာကို ဒီကြံခြံမှာ ကျသွားတယ်။ ကြံခြံမှာ ကျသွားတဲ့ဟာကို ဧက ၅၀ လောက်မီးလောင်သွားတယ်။ အဲ့ဒီဟိုကန်း ရှမ်းရွာရဲ့ ခြံစည်းရိုးနားတောင် ထိတာတောင်မှ မီးကို မသတ်ခိုင်း ချင်ဘူး။ တစ်ရွာလုံးမီးလောင်သွားရင်တောင် ပိုကြိုက်နေတဲ့ပုံ၊ ပြောချင်တာက မီးလောင်တာတောင်မှ မသတ်ခိုင်း ဘူးဆိုတော့ ပြည်သူလူထုအတွက် အရမ်းအန္တရာယ်များတာပေါ့။ စကစ တွေရဲ့ စိတ်နေသဘောထားက တော် တော်လေးကို အောက်တန်းကျတယ်လို့ ခေါ်မှာပေါ့။ ပြည်သူလူထုအပေါ် စာနာစိတ်လည်း မရှိတော့ဘူး။ အဲ့လို မျိုးတွေ ဖြစ်နေတာ။ ပြည်သူ့တပ်မတော်ဆိုပြီး အခုက ပြည်သူ့ရန်သူဖြစ်နေတယ်။” ဟု မုံးပေါ်ဒေသခံ အမျိုးသမီး က ပြောသည်။
အဆိုပါ ဖြစ်စဉ်မျိုးအပြင် နှစ်ဖက်ကြားတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများ ထိခိုက်ခြင်း၊ ကျေးရွာများထဲ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်း၊ ထိမှန်သေဆုံးခြင်း၊ ကျေးရွာများကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ရမည့် အခြေအနေများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေ ကြသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် မုံးပေါ်ဒေသ မိုင်ဖန်ကျေးရွာထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဆက်ရှိနေသေး သည့်အတွက် ရွာသားများက စစ်ရေးအခြေအနေနှင့် တိုက်ပွဲအခြေအနေများကို ဆက်လက်စောင့် ကြည့်နေကြရ သည်ဟု သိရသည်။
ဓါတ်ပုံ – The Kokang