ရခိုင် စစ်ရှောင်စခန်း မီးလောင်၊ မီးလောင်သည့် အကြောင်းရင်းအပေါ် အချို့ သံသယ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က မဟာမုနိစစ်ဘေးရှောင်စခန်း မီးလောင်မှုဖြစ်ပြီး လူပေါင်း ၁ထောင်ကျော် အခက်အခဲဖြစ်ကာ နေရာထိုင်ခင်းနှင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ခံနှင့် ဒေသခံများက ပြောသည်။

မေလ ၉ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၁ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု စစ်ရှောင်စခန်း နာယက ဆရာတော် က ယခုကဲ့သို့ မိန့်ကြားသည်။

“ဒီမနက်ပိုင်း မနက် ၁ နာရီလောက်က ဖယောင်းတိုင် ထွန်းရာကနေ ဖြစ်သွားတာ။ တစ်နာရီလောက်က မီးစပြီး လောင်ပြီးတော့ ၃ နာရီလောက်က အနီးအနားမှာရှိတဲ့ ရွာတွေကလာပြီးတော့ ဝိုင်းပြီးတော့ မီးလာသတ်ကြ တာ ပေါ့။ ၃ နာရီလောက်မှာပဲ မီးက သတ်လို့နိုင်လိုက်တယ်။ ဟို မီးလောင်တဲ့နေရာမှာ ပါတသွားတဲ့ အိမ်တွေကတော့ အကုန်လုံး ၂၆၂ ဆောင်ပေါ့။ အိမ်မီးလောင်သွားတဲ့ ဒုက္ခသည်တွေကတော့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြ တယ်။ အခုက အိမ် ၁၇၀ လောက်သေးတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေတော့မရှိပါဘူး။ ဦးဇင်းတို့မှာ ဆောက် လုပ်ထားတဲ့ အိမ်တွေကကျတော့ ကယ်ဆယ်ရေးအိမ်တွေဆိုတော့ တစ်အိမ်နဲ့တစ်အိမ်နီးနီးလေးပေါ့။ တခါတည်း ချိတ်ဆက်ပြီးတော့ ဆောက်ထားတဲ့ အိမ်တွေပဲ ဖြစ်တယ်။”

စစ်ရှောင်များ၏ နေအိမ်များသည် တစ်အိမ်နှင့်တစ်အိမ် နီးကပ်စွာ တည်ဆောက်ထားကာ ဝါးဖြင့် ဆောက်လုပ် ထားသည့် ယာယီအိမ်များဖြစ်သောကြောင့် မီးလောင်မှုများ လျင်မြန်စွာကူးစက်ကုန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

နေအိမ်တစ်အိမ်၏ ဖယောင်းတိုင်မီးမှ စတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု ပြောဆိုမှုများရှိသော်လည်း အချို့စစ် ရှောင်များက ယခုမီးလောင်မှုအပေါ် သံသယရှိနေကြသည်ဟု သိရသည်။

ကျောက်တော် ဒေသခံတစ်ယောက် က “ဖယောင်းတိုင်မီးက စလောင်တယ်ဆိုတာ ပြောတဲ့သူကလည်း တိတိကျ ကျရတဲ့ အဖြေမျိုးမဟုတ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အဲ့ဒီနေရာ သိပ်သည်းတယ်ဆိုတော့လေ အဲ့ဒီညဉ့် တစ်နာ ရီမှာ ဖယောင်းတိုင်မီးက လောင်သွားတယ် ဆိုတော့လေ သူက တစ်နာရီမှာ ဖယောင်းတိုင်ထွန်းလို့နေတဲ့လူက ဘယ်လိုနေလဲ အဲ့ဒီလိုပဲ၊ ညဉ့်တစ်နာရီ မှာက အိပ်နေတဲ့အချိန်ပေါ့ အဲ့ဒီညဉ့်တစ်ရီက ဖယောင်းတိုင်ထွန်းပြီး လောင်သွားတယ်ဆိုတော့ အဲ့ဒါ သံသယဖြစ် နေတယ်” ဟု ပြောသည်။

စစ်ရှောင်ပြည်သူ တစ်ကျော်က မီးဘေးဒုက္ခသည်များ ဖြစ်ကုန်သည့်အတွက် နေရေးထိုင်ရေးအတွက် အပြင် စား နပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူများနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံး REC အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောသည်။

“အကုန်လုံး လူဦးရေ ၁၇၀၅ ဦးကနေပြီးတော့ လောလောဆယ်မှာ နေထိုင်ရာမဲ့ဖြစ်နေတာပေါ့လေ။ အခုတော့ အဲ့ဒီစစ်ဘေးရှောင်တွေကို ဓမ္မာ ရုံနဲ့ အဲ့ဒီစစ်ဘေးရှောင်စခန်းမှာရှိနေတဲ့ စာသင်ဆောင်မှာ ယာယီခိုလှုံခွင့် ပေးထား တယ်လို့ သိရပါတယ်။ မိုးက လည်း ရွာနေတဲ့အခါကြတော့ လောလောဆယ် နေရေးထိုင်ရေးမှာ အခက်အခဲ ကြုံ နေကြတယ်ပေါ့။ စားရေး သောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း လောလောဆယ် ဒီစခန်းကော်မတီမှာ ရှိနေတဲ့ ရံပုံငွေထဲက ယာယီ ထုတ်ပေးထားတယ်လို့ သိရပါတယ်”

ထိုသို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်စစ်ဆေးခြင်း၊ ကြည့်ရှု ခြင်းများ ယနေ့ မွန်းလွှဲ ၃ နာရီ အချိန်ခန့်အထိ တစ်စုံတစ်ရာ မရှိဘူးဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်စခန်း တည်ရှိနေသည့် နေရာနှင့် ပတ်သက်၍လည်း “မဟာမုနိဆိုတဲ့ အခါကြတော့လေ အဲ့ဒီအနီးအနား မှာပဲ စစ်တပ် တပ်ရင်းတပ်ဖွဲ့တွေ အများကြီးရှိပါတယ်ဗျ။ နောက်မနီးမဝေးမှာလည်း ရဲစခန်းလိုဟာမျိုးတွေ ရှိပါ တယ်ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် မဟာမုနိစစ်ဘေးရှောင်စခန်း မီးလောင်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က လက်နက်အပြည့်အစုံဖြင့် စစ်ရှောင်စခန်းနှင့် မလှမ်းမကမ်းတွင် ရှိနေသည်ဟု လည်း ကျောက်တော်ဒေသခံအချို့က ဆိုသည်။

ကျောက်တော် ဒေသခံတစ်ဦးက “အဲ့ဒီနေရာမှတော့ ဒီ နစက အဖွဲ့တွေတော့ ရောက်နေတယ်လို့တော့ ကြားတော့ ကြားတယ်။ အဲ့ဒီ သရက်တစ်ပင်နဲ့ မဟာမုနိဘုရား အဲ့ဒီသရီချောင်းပေါ့ သရီချောင်းတံတားမှာရော လုံခြုံရေးတွေ ချထားတာတွေ တွေ့ရတယ်။ နောက်ပြီးတော့ ဖောကားသုံးစီးကို တွေ့ရခဲ့ရတယ်။ လက်နက်၊ ယူနီဖောင်း အပြည့် အစုံနဲ့ပေါ့” ဟု ပြောသည်။

မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် နေအိမ်တဲများ၊ အိမ်သာများ၊ ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက် အရေးပေါ်သုံးပစ္စည်းများအပြင် လူနေသိပ်သည်းသည့်အတွက် ကျန်းမာရေးပိုင်း အတွက်လည်း လိုအပ်မှုများနေသည်ဟု သိရသည်။

ထိုစစ်ဘေးရှောင် ပြည်သူများသည် ကျောက်တော်မြို့-ပလက်ဝမြို့ လမ်းတစ်လျှောက်ရှိ ကျေးရွာများက ပြည်သူ များ ဖြစ်ကြပြီး စစ်တပ်နှင့် ရက္ခိုင့်တပ်တော် ULA/AA ကြားက တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာကြသည်မှ နှစ်နှစ်နီးပါးခန့် ရှိလာပြီ ဖြစ်သည်ဟု သိရသည်။

ဓါတ်ပုံ – REC, Kyaw Hla Myint