ရေးတောင်ပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်အရာရှိတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။

ရေးမြို့နယ်တောင်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် မြို့နယ်ထွေအုပ်အရာရှိတဦးတို့ ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ပြည်သူများအား ခြိမ်းခြောက်အနှိင်ကျင့်နေသည့် ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ထွေအုပ်အရာရှိ တစ်ဦးတို့ ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြိုန့ယ်တောင်ပိုင်း၊ ကဗျာကြီး‌ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထားဝယ်နှင့် မြို့နယ်ထွေအုပ် အရာရှိတစ်ဦးတို့သည် ဦးထားဝယ်၏ နေအိမ် တွင် ရှိနေကြစဥ် လူနှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

“အပစ်ခံရတာက အုပ်ချုပ်ရေးမှူးအိမ်မှာပဲ။ လဝကအရာရှိကလည်း ရောက်နေတယ်။ နှစ်ယောက်စလုံးကို ပစ် သွားတယ်။ နှစ်ယောက်စလုံး သေဆုံးသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကဗျာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထားဝယ်နှင့် မြို့နယ်ထွေအုပ် အရာရှိတစ်ဦးတို့သည် မေလ ၁၃ ရက်နေ့၊ ည နေ ၆ နာရီ အချိန်ခန့်က ပစ်သတ်ခံရခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးကို ရေးဘီးလူးအဖွဲ့က သုတ်သင် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကဗျာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ပြည်သူများကို ခြိမ်းခြောက် သည့်အတွက် ယခုကဲ့သို့ သုတ်သင် ရှင်းလင်းရခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတစ်ဦး က “ကဗျာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်ကောင်စီက ချထားပေးတဲ့ လက် နက်နဲ့ ပြည်သူတွေကို ခြိမ်းခြောက် နေတယ်။ မတရားမှုတွေကို ကျနော်တို့ကို တိုင်ကြားလာတဲ့ အတွက်ကြောင့် ကျနော်တို့ သူ့ကို ရှင်းလင်းခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။

ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်သည့် ဦးထားဝယ်သည် ကျေး ရွာနေ ပြည်သူများကို လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသည့်အတွက် ကျေးရွာနေပြည်သူများ က တိုင်ကြားမှုများလာခြင်းကြောင့် ယခုကဲ့သို့ နေအိမ်အထိ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဗျူစောထီး အဖွဲ့ခေါင်းဆောင် ဦးထားဝယ်ကို သုတ်တင်ရှင်းလင်းနိုင်ခဲ့သည့် အပြင် သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းရခဲ့သည် ဟု ရေးဘီလူးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ကဗျာကြီးကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေး တပ် ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။