အာဏာသိမ်းပြီးထွက်ပြေးရသော ကရင် စစ်ရှောင် ၁ သိန်း ၇ သောင်းရှိပြီး အကူအညီများလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရ သည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်း ခုနှစ်သောင်းနှင့် အထက်တွင်ရှိနေပြီး လက်ရှိတွင် အဖက်ဖက်မှ အကူအ ညီများ လိုအပ်သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများ က ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက “ဒီစစ်အာဏာသိမ်းကတည်းက ယခုအချိန် အထိ ကျနော်တို့ ဒီကရင်ပြည်နယ်မှာ ဆိုလို့ရှိရင် တစ်သိန်း ခုနှစ်သောင်းနဲ့ အထက်မှာ ရှိနေတာပေါ့။ အခုကကျ တော့ တိုးများလာတယ်။ ဒါပေမယ့်လည်း အထူးသဖြင့် IDP အရေအတွက်ကို ကျနော်တို့က အပြည့်အဝရရှိဖို့ အင်မတန်မှ ခက်ခဲတယ်။ ဘာဖြစ်လဲဆိုလို့ရှိရင် နေရာတော်တော်များများမှာ တိုက်ပွဲမဖြစ်ဘူးဆိုလို့ရှိရင် သူတို့ က ပြန်သွားလိုက် တိုက်ပွဲ ဖြစ်ပြီဆိုရင်လည်း ထွက်ပြေးလိုက်ပေါ့နော အဲလိုမျိုးဆိုတဲ့ အခါကျတော့ အတည် တကျ အရေအတွက်တော့ ကျနော်တို့ မရဘူးပေါ့” ဟု ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်ထဲတွင် တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲ များကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်လူဦးရေမှာလည်း ပိုတိုးလာသော်လည်း လူဦးရေ အတိအကျ ရရှိရန် ခက်ခဲ့သည် ဟု KHRG က ပြောသည်။

လက်ရှိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် အပါအဝင် ခရိုင် အများစု ရှိ ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အဖက်ဖက်မှ အခက်အခဲများကို ရင်ဆိုင် နေကြရသည်ဟု စောနန္ဒဆူး က ဆက်ပြောသည်။

၎င်းက “IDP ထွက်ပြေးမှု အများဆုံဖြစ်တာကတော့ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ တပ်မဟာ ၅ မူတြော် ခရိုင်ပေါ့။ ဒုတိယကကျတော့ ကျနော်တို့ ဒီ တပ်မဟာ ၆ ပေါ့ ဒူးပလာယာခရိုင် တတိယ ကျတော့ ကျနော်တို့ တပ်မဟာ ၁ ဒူးသထူခရိုင်ပေါ့ တခြား တပ်မဟာ ၃ နဲ့ တပ်မဟာ ၂ ရယ် တပ်မဟာ ၄ ရယ်မှာလည်း ဒါ IDP တွေ အများကြီးရှိ နေတာပေါ့။ ဒီ IDP တွေ ကျနော်တို့ ခရိုင်တိုင်းလိုလိုမှာ ရှိတဲ့ IDP တွေဟာ ဆိုလို့ရှိရင် အခုအချိန် အ ထိပေါ့လေ အခက်အခဲ ဒုက္ခတော်တော် များများနဲ့ ရင်ဆိုင်နေရလျက်ရှိတယ်ပေါ့။ ဘာလို့လဲဆိုရင် အခုက သူတို့ ဒီလူသား ချင်း စာနာထောက်ထားမှု အကူအညီတွေ လည်း အချိန်နဲ့ တပြေးညီ အပြည့်အဝ မရရှိကြဘူး ပေါ့လေ။ အထူး သဖြင့် စားနပ်ရိက္ခာ နဲ့ နေရာထိုင်ခင်ပေါ့လေ အလုံအလောက်မရှိတဲ့အပေါ်မှာ ကျန်းမာရေး ပညာရေး လက်လှမ်း မှီနိုင်ခွင့်လည်း အပြည့်အဝ မရရှိကြ ဘူးပေါ့နော။ ဆိုတော့ အခုအချိန်မှာ ဆိုလို့ရှိရင် လည်း သူတို့မှာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင် ကြုံတွေ့နေရ တာပေါ့” ဟု ပြောသည်။

ထွက်ပြေး တိမ်းရှောင်နေကြရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ နှင့် မွေးကင်းစ ကလေးငယ်များလည်း ပါဝင်ပြီး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်ဟု KHRG က ဆိုသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များမှာ အဖက်ဖက်မှ အကူအညီများလို အပ်နေသည့် တစ်ဖက်တွင် မိုးတွင်းကာလ မိုးသက်လေပြင်းများ ကျရောက်လာသည့်အပြင် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်လာသည့်အတွက် အကူအညီများ ပိုမိုလိုအပ်နေသည်ဟု ကရင်အမျိုးသမီး အစည်းအရုံး KWO တွဲဖက် အတွင်းရေးမှူး ၂ နော်စေးစေးဟဲ က ပြောသည်။

နော်စေးစေးဟဲက “အခုက ရေတအားကြီးတယ်။ မိုးရွာတော့ ရေကြီးတဲ့အတွက် လူထုတွေက နေရာပြောင်းရ တယ်။ နေရာ ပြောင်း တော့ တလာပတ် မိုးကာတို့ မလုံလောက်ဘူး။ မိုးကာတွေဘာတွေ အကာတွေဘာတွေ မလုံလောက် တော့ အဲလိုပဲ ပြောင်းကြရတယ်။ သူတို့ စားဖို့သောက်ဖို့က မလုံလောက်ဘူး။ သူတို့ စားဖို့သောက် ဖို့ အကူ အညီတွေ လိုနေတာ အခုက တစ်က အစားအသောက် ရရှိဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒုတိယ တစ်ခု က တာလပတ်တို့ လို့ မိုးကာတွေ လိုအပ်တယ်။ တတိယတစ်ခုက ဆေးဝါးလိုအပ်တယ်။ အဲဒီ သုံးခုကတော့ အရေး ကြီးဆုံးဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်များအတွက် ရေရှည်မှာ ပိုမိုခက်ခဲ လာ နိုင်သည့်အတွက် သက်ဆိုင်ရာ အကူအညီပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် ကူညီမှုများကို လက်ရှိ ကူညီ နေမှုများထက်မက ပိုမိုကူညီလုပ်ဆောင်ပေးကြရန် လိုသည်ဟု KWO က ဆိုသည်။

ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံအနေနှင့်လည်း နိုင်ငံတကာက အကူအညီပေးနေသည့် အဖွဲ့အစည်းများကို နယ် စပ်ဖြတ်ကျော် အကူအညီပေးခွင့်ပြုရန် နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကူညီလုပ် ဆောင်ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်းများ က တောင်းဆိုထားကြသည်။

ဓါတ်ပုံ – Karen Peace Support Network