ပူတာအိုမှ ပြန်ဆင်းသော စစ်ကောင်စီ တပ်များ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်သွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့ကို ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်သားအချို့နှင့် စစ်ကားအချို့ ပူတာအိုမှ ဆွမ်ပရာဘွမ်လမ်းအတိုင်း ပြန်ဆင်းသွားရာ ပူတာအိုက အထွက် လမ်းကြောင်းတစ်လျှောက်တွင် လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်သွားသည် ဟု ဒေသခံများက ပြောသည်။

“တန်ဂျာမှာက သူတို့စစ်ကြောင်းထိုးတဲ့ အဖွဲ့တွေ ဟုတ်တယ်။ ရမ်းသမ်းပစ်တာ ဟုတ်တယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ သူတို့လမ်းရှင်းတာပေါ့နော် ပြောရမယ်ဆိုရင်။ ပစ်တာတော့ မတွေ့ရဘူး။ ဘယ်ဘက်ကို ဦးတည် ပြီး ပစ်လဲဆိုတာ မပြောတတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပူတာအိုမြို့နှင့် မိုင် ၄၀ ခန့်အကွာ၊ လုံရှာယာန်ကျေးရွာအုပ်စုအဝင်၊ တန်ဂျာကျေးရွာအနီး မေလ ၂၇ ရက်နေ့ နံနက် ၇ ခွဲခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဆွမ်ပရာဘွမ်ဘက်သို့ ပြန်ဆင်းသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကြောင်းလုံခြုံရေး လမ်းရှင်းသဘောဖြင့် ရမ်းသမ်း ပစ် ခတ်ခြင်းမျိုး ဖြစ်သော်လည်း ဒေသခံများက တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

ပူတာအိုမြို့သို့ ရောက်ရှိနေသည့် ရိက္ခာနှင့် စစ်အင်အားများပါသည့် စစ်ကား အစီး ၄၀ ကျော်ပါသည့် ယာဉ်တန်းမှ စစ်အင်အား လူ ၁၀၀ ကျော်ခန့်နှင့် စစ်ကား ၁၀ ခန့်သည် ဆွမ်ပရာဘွမ်ဘက်သို့ ပြန်ဆင်းလာခြင်း ဖြစ်သည်ဟု လမ်းတလျှောက်က ပြည်သူများက အတည်ပြုပြောသည်။

မျက်မြင်တွေ့ရှိခဲ့သူ ခရီးသွားတစ်ဦးက “တစ်မိုင်လောက် လမ်းလျှောက်ပြီဆို အဲမှာ တစ်ချက်၊ အဲမှာ ပြန်ပစ်ပြီး တော့ သူတို့ပစ်ပြီးမှ စစ်ကြောင်း ဆင်းသွားပြီဆိုလို့ရှိရင်တော့ သူတို့ကားက နောက်ကနေ လိုက်တယ်လေ။ အဲ့ လို ဟုတ်တယ်။ လမ်းအဲ့လိုမျိုး ပစ်ပြီးတော့ပေါ့နော်။ လမ်းကြော အခြေအနေနည်းနည်း အဆင်ပြေတယ်ဆိုရင် တော့ လမ်းလျှောက်ပြီး ထွက်ထွက်ထွက်၊ ပြီးတော့ ဟိုကနေ စစ်ကားတွေက ပြန်လိုက်။ စစ်ကားမှာ ကျတော့ လူကတော့ မစီးဘူး။ စီးရင်တောင်မှ တစ်ယောက်၊ နှစ်ယောက်ပဲ။ ပစ္စည်းတော့ မပါဘူး” ဟု ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းနှင့်အတူ ပစ်ခတ်သံများ ကြားရသောကြောင့် ပူတာအို-မြစ်ကြီးနားခရီးသည်ကားများ တန်ဂျာကျေးရွာအနီးတွင် ၄ နာရီခန့် အကြာရပ်နားခဲ့ရသေးသည်ဟု သိရသည်။

ကားလမ်းမတလျှောက် စစ်ကောင်စီယာဉ်တန်း၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ခရီးသည်များ၊ ကားသမား များက လုံခြုံရေးကို စိုးရိမ်နေကြသည့်အပြင် ခရီးသွားပြည်သူများကို ပေါ်တာဆွဲမှာမျိုးကိုလည်း စိုးရိမ်နေ ကြ သည်။

ယာဉ်မောင်း တစ်ဦးက “ကိုယ့်ခရီးသည်တွေ တခုခုဖြစ်သွားမှာလည်း စိုးရိမ်ရတယ်။ သူတို့ပစ်နေတဲ့အချိန်ပေါ့ နော်။ မထင်မှတ်ဘဲ ထိသွားမှာလည်း စိုးရိမ်ရတယ်။ ပြီးတော့ ဒီခရီးသွားတွေကို ချောဆွဲသွားမှာတွေ၊ ပေါ်တာ ဆွဲသွားမှာလည်း စိုးရိမ်ရတယ်။ ကျနော်တို့လူငယ်တွေ ဆိုတော့နော်” ဟု ပြောသည်။

ထိုစစ်ယာဉ်တန်းသည် မြစ်ကြီးနားမြို့ မှ ပူတာအိုမြို့သို့ မေလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ရောက်ရှိလာ သည့် စစ်အင်အား ၂၀၀ ကျော်၊ ရိက္ခာတင်ယာဉ် အစီး ၄၀ ကျော်ခန့်ရှိသည့် စစ်ကြောင်းဖြစ်သည်။

ယခုပူတာအိုမှ ပြန်ဆင်းလာသည့် စစ်ကြောင်းသည် မည့်သည့်နေရာသို့ သွားမည်ကို အတိအကျမသိရသော် လည်း အဆိုပါ လမ်းတလျှောက်တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည့် အတွက် ပူတာအို – ဆွမ်ပရာဘွမ်လမ်းပေါ်က ပြည်သူများအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေ ကြသည်။

မြစ်ကြီးနား-ပူတာအို အတက်လမ်းတလျှောက်တွင်လည်း ယခုကဲ့သို့ လက်နက်များ ရမ်းသမ်းပစ်ခတ်ကာ တက် လာကြခြင်းဖြစ်သည်။

ထိုအတက်လမ်းတလျှောက်တွင် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIO၊ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (Putao) ပူးပေါင်းတပ်ဖွဲ့တို့က ၄ ကြိမ်ထက်နည်း တိုက်ခိုက်ခဲ့ရာ မေလ ၂၃ ရက်နေ့ က တန်ဂျာကျေးရွာအနီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကား ၂ စီး ချောက်ထဲပြုတ်ကျပြီး လူသေဆုံးမှုလည်း ရှိခဲ့ သည်။