ရိုဟင်ဂျာများနှင့် ပို့ဆောင်သူ ၃၀ ကျော် ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်။
ဧရာဝတီတိုင်း၊ ရိုဟင်ဂျာ ၂၉ ဦးနှင့် ပို့ဆောင်သူများကို စစ်ဆေးရေး ဂိတ်တစ်ခုတွင် စစ်ကောင်စီ လက်အောက်ခံ ပူပေါင်းစစ်ဆင်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သိရသည်။
ရိုဟင်ဂျာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ပေါင်း ၂၉ ဦးနှင့် ပို့ဆောင်ပေးသည့် ယာဉ်မောင်း ယာဉ် နောက်လိုက် ဗမာလူမျိုး ၇ ဦးတို့ကို ဇွန်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ အုတ်ပုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ကြံခင်း ရဲ တပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
“ရိုဟင်ဂျာတွေကို ဒိုင်နာကားပေါ်မှာ ဖွဲအိတ်တွေနဲ့ ကာပြီးတင်လာတာ” ဟု ပူးပေါင်း စစ်ဆေးရေးအဖွဲ့နှင့် နီးစပ် သူတစ်ဦးက ပြောသည်။
ဖမ်းမိထားသည့် ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ကျေးလက်ဒေသများမှ ဂွလမ်းအတိုင်း ဧရာဝ တီတိုင်းအတွင်းသို့ ခိုးဝင်လာသူများ ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ လူဝန်မှု ကြီးကြပ်ရေးဝန်ကြီး ဌာနက အရာရှိတစ်ဦးက ပြောသည်။
အဆိုပါ လဝက အရာရှိက “သူတို့ကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ အထက်ကို တင်ပြထား ပါ တယ်” ဟု ဆက်ပြောသည်။
ဒိုင်နာကားတစ်စီးရှေ့မှ အိမ်စီးကားလေး ၂စီးမှာ မောင်းပြေးသဖြင့် မြန်အောင်မြို့နယ် အင်ပင်နယ်မြေ ရဲစခန်းပိုင် ပုသိမ်-မုံရွာလမ်းရှိ မျှင်ဝါးတောင်ရဲကင်းမှ တာဝန်ရှိသူများက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
Probox ယာဉ် ၁ စီး၊ Insightယာဉ် ၁ စီး ပေါ်တွင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးပါအဝင် အမျိုးသား ၂၈ ဦးနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၇ ဦး တို့ကို မွန်းလွဲ ၁ နာရီကျော်အချိန်တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ရဲကင်းစခန်းတွင် တာဝန်ကျနေသူများက ပြောသည်။
မူဆလင် လူမှုရေး အဖွဲ့အချို့က အစိုးရအဆက်ဆက် ရခိုင်ပြည်နယ်ဘက်မှ ပြည်မအတွင်းသို့ ဝင်ရောက်လာ၍ ဖမ်းဆီးခံနေရသည့် ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့်မရကြသည့် မြန်မာနိုင်ငံသားများ ဖြစ်သည်ဟုပြော ဆိုသည်။
ဧရာဝတီလူအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး က “ရိုဟင်ဂျာတွေမှာက မြန်မာနိုင်ငံမှာ မွေးတဲ့သူတွေ အများစုရှိနေတယ်။ ဒါပေမယ့် နိုင်ငံသား ဖြစ်ခွင့်ဆုံးရှုံးနေတဲ့သူတွေပါ” ဟု ပြောသည်။
အသက် ၃၂ နှစ်အရွယ်ရှိ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့က ယာဉ်မောင်း ကိုရဲဝင်းအောင်၊ ရန်ကုန်တိုင်း၊ လှိုင် မြို့ နယ်၊ ၁၁ ရပ်ကွက်၊ ဓမ္မာရုံ (၃) လမ်းနေ အသက် ၂၅ နှစ်အရွယ် ယာဉ်နောက်လိုက် ကိုအောင်ကျော်ထွန်းတို့ အပါအဝင် ပို့ဆောင်သူ ဗမာလူမျိုး ၇ ဦးတို့ကိုလည်း လူကုန်ကူးမှု ဥပဒေပုဒ်မဖြင့် အမှုဖွင့် ဆောင်ရွက်ထားဟု ကြံခင်းမြို့မရဲစခန်း အသိုင်းအဝိုင်းထံမှ သိရသည်။