စစ်ကောင်စီက ပဲခူးတိုင်းအနောက်ခြမ်း ကျေးရွာ ၆ ရွာ ရှင်းလင်းရေးလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF များကို ထောက်ပံ့ကူညီသည်ဟု ဆိုကာ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ ခရိုင်၊ နတ်တလင်းမြို့အရှေ့ဖက်ခြမ်းက ကျေးရွာပေါင်း ၆ ရွာခန့် ဖယ်ရှားရှင်းလင်းခံနေရသည် သိရသည်။

ရွာများကို ရှင်းလင်းသည် ဆိုသည်မှာ ရွာသူ/ရွာသားများကို ရွာတွင်မနေစေပဲ ရွာမှ မောင်းထုတ်ခြင်း ဖြစ်သည်။

နတ်တလင်းမြို့အရှေ့ဖက်ခြမ်းက ပဲခူးရိုးမအစပ် တောင်ညိုမြို့သစ်ရှိ ရွာပေါင်း ၆ ရွာခန့် ဖယ်ရှား ရှင်းလင်းခံနေ ရခြင်းသည်ဟု ဒေသခံများနှင့် ဒေသအတွင်းရှိ PDF အဖွဲ့တာဝန်ရှိသူအချို့က ပြောသည်။

ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက “သူတို့ကလည်း စစ်ကြောင်းတွေ ထုံးစံအတိုင်း ကြက်ဖမ်း၊ ဝက်ပစ် လုပ် တယ်။ ကျနော်တို့ကလည်း ရှိတဲ့ဟာနဲ့ ခုခံကာကွယ်တယ်။ အခုတော့ သူတို့အထိနာလို့ပြန်ဆုတ်သွားတယ် “ ဟု ပြောသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ပဲခူးရိုးမအစပ် တောင်ညိုဆည် အနီးရှိ ကွေ့ကြီးကျေးရွာမှ နေအိမ် ၄ လုံး၊ ညောင်လေးပင် မှ အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခံရပြီးနောက် အနီးတဝိုက်ရှိ သဖန်းချောင် အပါအဝင်၊ ကွေ့ကြီး၊ ညောင်လေးပင်၊ ကြ မနက်၊ သစ်လုံးအထက်ရွာ၊ သစ်လုံးအောက်ကျေးရွာက ရွာသူရွာသား အယောက် ၅၀၀ ခန့်လည်း ဘေးလွတ် သည့် နေရာများသို့ တိမ်းရှောင်နေရကြရသည်ဟု သိရသည်။

ဇွန်လ ၁၂ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီက စစ်ကြောင်းများထိုးလာသဖြင့် ဒေသခံ PDF များကို မိုင်းစစ်ဆင်ရေး အပါအဝင် ခုခံတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဇွန် ၁၃၊ ၁၅၊ ၁၆ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု အဆိုပါ ဒေသခံ PDF ခေါင်းဆောင် ကပြောသည်။

စစ်ကောင်စီတပ်များသည် မန်းကျည်းပင်ကျေးရွာ အောင်သုခလှေဆိပ်အနီး ဘုန်းကြီးကျောင်းတွင် တပ်ထိုင်ထား ပြီး ဆန်အပါအဝင် စားနပ်ရိက္ခာများကို စစ်ဆေး၍ သယ်ယူခွင့်ကန့်သတ်နေခြင်းများလည်း ရှိသည်ဟု ဒေသခံ များက ပြောသည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦး က “ဆန်တပြည်တောင် ပေးမသယ်ဘဲ စိတ်မထင်လျှင်မထင် ရိုက်နှက် ကန်ကြောက်မှု ပြုလုပ်နေတယ်“ ဟု ပြောသည်။

ပထမအကြိမ် စစ်ကောင်စီ စစ်ကြောင်းထိုးလာစဉ် အင်းအာ ၁၀၀ ခန့်ပါဝင်ပြီး ယခုနောက်ဆုံး စစ်ကြောင်းထိုး လာစဉ် အင်အား ၄၀ ခန့်ပါသည့် တပ်မ ၆၆ အောက်လက်အောက်ခံ (ဒေသခံများ) အခေါ် မ ၄၊ မ ၅၊ တပ်ရင်းများ ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ယခုမီးရှို့ဖယ်ရှားခြင်းခံနေရသည့် ကျေးရွာများသည် ၁၉၉၆ ခုနှစ် ဗိုလ်ခင်ညွန့် နဝတ၊ နအဖ စစ်အစိုးရခေတ် တွင် တောင်ညိုဆည်ကြီး တည်ဆောက်စဉ် ရေမြုပ်ဧရိယာအတွင်းကျသည့် ကျေးရွာအုပ်စု ၆ စုထဲရှိ ရွာများဖြစ် သည်ဟု ဒေသခံများက ပြောသည်။

စစ်အစိုးရခေတ်က ပေးထားသည့် နေရာသည် စိုက်ပျိုးလုပ်ကိုင်၍မရသည့် ကျောက်သားမြေနေရာများဖြစ်၍ တောင်ညိုဆည်အနီး ရေလွတ်သည့် နေရာများတွင် ပြန်လည် အခြေအချနေသည့် ကျေးရွာများဖြစ်သည်ဟု သိရ သည်။

စစ်အစိုးရက ချပေးသည့်နေရာတွင် လုပ်ကိုင်စားသောက်၍ မရသဖြင့် ယခင်ရွာဟောင်းအနီး ရေလွတ်သည့် နေရာများတွင် ပြန်လည်နေထိုင်ပြီး လုပ်ကိုင်စားသောက်နေစဉ် ယခုကဲ့သို့ မီးရှို့ဖယ်ရှားခြင်း၊ အင်အားသုံး ဖယ် ရှားခြင်းများကို ထပ်ခံရခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။