တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၄ – ၇ – ၂၂ )
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုတ်စခန်းကို ကရင်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေပြီး စစ်ကောင်စီက လေကြောင်းအား အပြင်းအထန်သုံးကာ ခုခံကာကွယ်ခဲ့ပါတယ်။
ညောင်လေးပင်ခရိုင်က စစ်ဘေးရှောင် ၁ သောင်းခွဲကျော်အတွက် အဘက်ဘက်က လိုအပ်ချက်တွေရှိနေပါတယ်။
ထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ကရင်နီလက်ဝှေ့မယ်က ခါတိုင်း မြန်မာအလံနဲ့အောင်ပွဲခံရာကနေ ဒီတစ်ခါမှာတော့ ကရင်နီအလံနဲ့ အောင်ပွဲခံခဲ့ပါတယ်။