မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦးကျဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မိုးဗြဲ PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦး ကျဆုံးခဲ့သည့်အပြင် လက်နက်ခဲယမ်းများစွာ အသိမ်းခံ လိုက်ရသည့်နောက်တွင် စစ်တပ်က ပြင်းထန်သည့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ပထမရက်ဖြစ်သည့် ကြာသပတေးနေ့ တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဘက် ၁၀ ဦးကျဆုံး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရ ရှိပြီးနောက် မနေ့က သောကြာနေ့ နံနက်ပိုင်းမှစတင်၍ Jet Fighter တိုက်လေယာဉ်များ၊ လွိုင်ကော်မြို့ ဒေ သကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ၁၂၀-မမ လက်နက်ကြီး များဖြင့် မိုးဗြဲမြို့တွင်းသို့ ပစ်ခတ်မှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

မိုးဗြဲမြို့ စည်းကား ၂ ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “သူတို့အထိနာနေလို့ လက်နက် ကြီးပဲ ပစ်နေတယ်။ တင့်ကားတွေလည်း လွိုင်ကော်က တက်လာပြီ။ အခုတော့ ဘုန်းကြီးကြောင်းမှာ စုပြီးနေ ကြတယ်။ ဒီည အိပ်ရပါ့မလား မသိဘူး” ဟု ပြောသည်။

မိုးဗြဲမြို့နှင့် ၃ ကီလိုမီတာခန့်သာ ကွာဝေးသည့် ဝါရီဆူးပလိုင်ရွာမှ စစ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် မြို့တွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် စက်တင်ဘာလ ၈ ရက်နေ့က (MBPDF) အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိုးဗြဲမြို့က စည်းကား ၂ ရပ်ကွက်ထဲသို့ ပစ်ခတ်နေပြီး လူနေအိမ်အချို့ ပျက်စီးမှုရှိ ရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

MBDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “လောလောဆယ် မြို့ခံတွေတော့ စစ်ရှောင်ရတယ်။ တိုက်ပွဲငြိမ်သွား ရင် ပြန်လာကြတယ်။ တချိုက နီးစပ်ရာ ရှောင်တယ်။ ဆွေမျိုးသားချင်းတွေ ရှိတဲ့ မြို့ကြီးတွေ ပြေးကြတာ ပေါ့။ ပြီးရင် ဘုန်းကြီးကျောင်းဝိုင်းတွေမှာ စစ်ရှောင်ရတာလည်း ရှိတယ်။ သူတိုနီးစပ်ရာပေါ့နော်” ဟု ပြော သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများမှာ တပ်မ ၆၆ ခြေမြန်တပ်ရင်းမှ ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်တွင် MBPDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲများ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအထိ တစ်နေကုန်နီးပါး တိုက်ပွဲကြာမြင့်ခဲ့သည်ဟု MBDF တာဝန်ရှိသူများက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် MBPDF နှင့်အတူ ဖယ်ခုံ PDF, KNDF, KA, URF, KGZ, နေပြည်တော် PDF စသည့် မဟာမိတ် တပ်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များဘက်မှ ၁၀ ဦး ထက်မနည်းကျဆုံးကာ ၁၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း MBDF ထုတ်ပြန်ချက်အရ သိရသည်။ MBPDF အနေဖြင့် အကျအဆုံးမရှိပဲ ၃ ဦးသာ မစိုးရိမ် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“ခေါင်းဒဏ်ရာနဲ့ ရင်ဘတ် ရှပ်ထိဒဏ်ရာတွေပါပဲ။ စိုးရိမ်စရာတော့ မရှိပါဘူး။ ပြန်ပြီးတော့ ဆေးကုသမှု ခံယူ နေပါတယ်။ ဆေးဝါးလည်း လုံလောက်မှုရှိပါတယ်။ ပူးပေါင်း ဆေးတပ်ဖွဲ့တွေလည်း ရှိပါတယ်” MBDF တာဝန် ရှိသူက ဆက်ပြောသည်။

MBPDF အနေဖြင့် တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သားများထံမှ မောင်းပြန်ရိုင်ဖယ်နှင့် ကျည်များ ဖြစ်သည့် MA-1 (၂) လက်၊ MA-2 (၃) လက်၊ MA-3 (၄) လက်၊ ငါကြင်းမှီး ၁ လက်၊ ကျည်ဘောက် ၂၃ ခု၊ ငါးကြင်းမြီးကျည် ၃၂၆ တောင့်၊ M-16 ကျည် ၂၀ တောင့် တို့အပြင် လက်နက်ကြီးနှင့် ဗုံးအမျိုးအစားထဲမှ ၇၉-မမ ဗုံးသီး ၁၂ လုံး၊ ၆၀-မမ ဗုံးသီး ၃၃ လုံး၊ RPG ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး စသည်တို့ သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် လက်ကိုင်ဖုန်း ၆ လုံးနှင့် ငွေသား ၆၇,၀၀၀ ကျပ်ကိုလည်း သိမ်းယူနိင်ခဲ့သည်ဟု သိရသည်။

“ကျနော်တို့မှ လူအင်အား အများကြီး ရှိပေမယ့် လက်နက်အင်အား နည်းတော့လေ နိုင်တဲ့ဝန်နဲ့ပဲ ပစ်နေရတော့ အကူညီအများကြီးလိုတယ်” MBDF ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိ မိုးတွင်းကာလ ဖြစ်သည့်အတွက် MBPDF အနေဖြင့် ကျည်ဆံများ၊ လက်နက်ကြီးမမများ၊ ရဲဘော်များ၏ စစ်ဝတ်စုံမျာနှင့် စစ်ဖိနပ်များ စသည်တို့ လိုအပ်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

MBPDF မှာ မိုးဗြဲမြို့အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် တပ်ရင်း ၂ ခုဖြင့် ဖွဲ့စည်းထားကြောင်း သိရ သည်။ ထို့ပြင် မိုးဗြဲမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် စစ်ကောင်စီက အာဏာသိမ်းသည့် အချိန်မှစ၍ လုံးဝ ခြေကုတ်ရယူနိုင်ခြင်း မရှိသေးသော မြို့လည်းဖြစ်သည်။