ရိုဟင်ဂျာ ၄၀ နီးပါး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။ 

ပဲခူးတိုင်း အနောက်ခြမ်း၊ ဧရာဝတီမြစ်ကူးတံတား (နဝဒေးတံတား) စစ်ဆေးရေး ဂိတ်တွင် ရိုက်ဟင်ဂျာ ၃၇ ဦး စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု စစ်တပ်နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။ ။

ပုလင်းခွံ၊ သံထည်ပစ္စည်း အစုတ်များ၊ ကုန်ပစ္စည်းများအောက်တွင် လှိုင်ခေါင်းဖွဲ့၍ လိုက်ပါလာသည့် ရိုဟင်ဂျာ ၃၇ ဦး ပါ ကားတစီး ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည် ။

စစ်တပ်နှင့် နီးစပ်သူ တစ်ဦး က တံတားထိပ်ပန်းတောင်းဂိတ်မှာဆူးထိုးရှားရင်းမိတာ ဟု ပြောသည်။

မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည်ဟုဆိုကာ ရခိုင်ပြည်နယ်မှ ထွက်လာသည့် ရိုဟင်ဂျာ အမျိုးသား ၃၃ ဦး နှင့် အမျိုးသမီး ၄ ဦးတို့ကို စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဖမ်းမိခြင်းဖြစ်သည်။

ဥသျှစ်ပင်လမ်းတွင် စစ်ဆေးရေးဂိတ် ၃ နေရာခန့် ရှိသဖြင့် ပုသိမ်း-မုံရွာ လမ်းအတိုင်းလာပြီ ကံမမြို့ ဖြတ်လမ်းမှ တဆင့် ပြည်လမ်းအတိုင်း ဝင်လာရာ ပန်းတောင်ဘက်ခြမ်း စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခြင်းဖြစ်သည်။

၎င်းတို့ကို မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်မှတဆင့် တစ်ဦးလျှင် ကျပ်သိန်း ၄၀ နှင့် လူပွဲစားက မလေး ရှား ပို့ပေးမည်ဟုဆိုကာ ကားဖြင့် တင်ဆောင်လာခြင်းဖြစ်သည် ဟု ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများက ထွက်ဆိုသည်။ 

မင်းတုန်းမှာလည်းတဖွဲဖွဲမိနေတာပဲ။မေးလိုက်ရင်ရခိုင်ပြည်နယ်မှာနေတဲ့သူတွေချည်းပဲ။ဒါလည်းလာနေကြတာပဲ။ တိကျတဲ့အဖြေတခုထုတ်သင့်နေပြီ။နွားမှောင်ခိုလမ်းကလည်းသူတို့လမ်းဖြစ်နေပြီ ဟု မင်းတုန်း ဒေသခံတစ်ဦး က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ရခိုင်ပြည်နယ်တွင် စားဝတ်နေရေးခက်ခဲသဖြင့် ထွက်လာကြသည့် ရိုဟင်ဂျာများ ဖမ်းဆီးထောင်ချခံနေရ သကဲ့သို့ လွတ်မြောက်လာကြသူ အများအပြားလည်း မလေးရှားနိုင်ငံ ဘက်ခြမ်း ရောက်ရှိသွားသူများလည်း ရှိနေသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးများ မရှိဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ငြင်းဆိုဆဲ ဖြစ်သော်လည်း အမျိုး သားညီညွတ်ရေး အစိုးရ NUG က ရိုဟင်ဂျာလူမျိုးရှိသည်ကို လက်ခံမည့် အစီအစဉ်များကို ဆွေးနွေးလျက် ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လတွင်တကြိမ် ပန်းတောင်းမြို့နှင့် ဥသျှစ်ပင်မြို့တို့တွင် ရိုဟင်ဂျာ ၃၅ ဦး ဖမ်းဆီးခံရဘူးသည် ဟု သိရသည်။