ပျူစောထီးတစ်ဦး၊ ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။

ပျူစောထီးအဖွဲ့ဝင် တစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ ပုလော-ထားဝယ် ကားလမ်းမပေါ်တွင်
ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားသည်ဟု ကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ KPDF (ပုလော) က ထုတ်ပြန် ပြောဆိုလိုက်သည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလော-ထားဝယ်သွား လမ်းပိုင်းပေါ်ရှိ ထမင်းမစားကျေးရွာအနီး ပျူစောထီးအဖွဲ့ဝင် တစ်ဦးနှင့်အတူ ရာအိမ်မှူး ကိုစိုးမင်းဦးတို့ ၂ ဦး မူးယစ်ဆေးဝါးရောင်းဝယ်ရန် ဆိုင်ကယ်နှင့် ထွက်လာချိန် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF (ပုလော) က ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု ထုတ်ပြန်ထားသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦး “သေနတ်သံက ၃ ချက် ကြားရတယ်။ ရွာသားတွေနဲ့အတူ သွားကြည့်တာ နောက်ကျော ဘယ်ဘက်လက်ပြင်နားမှာ ထိထားပြီး မှောက်လျက်လဲ နေတာတာတွေ့ရတယ်” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဆိုင်ကယ်မောင်းနှင်သူ လွတ်မြောက်သွားခဲ့ပြီး အနောက်လိုက်ပါစီးနင်းသူ အသက် ၃၅ နှစ်အရွယ် ရာအိမ်မှူး ကိုစိုးမင်ဦး ထိမှန် ပြုတ်ကျကာ နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည် ဟု ဒေသခံရွာသားများက ပြော သည်။

အောက်တိုဘာလ ၂ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က ပျူစောထီးအဖွဲ့ဝင်နှင့် အဆိုပါ ရာအိမ်မှူးတို့ ၂ ဦး မူးယစ်ဆေး ဝါး ရောင်းဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် သတင်းအရ စစ်ဆေးရန် တားဆီးရာ ရပ်မပေးဘဲ မောင်းနှင် ထွက်ပြေးသဖြင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF (ပုလော) ဗိုလ်ခေါင်းဖြူ စစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ရာအိမ်မှူး ကိုစိုးမင်းဦးသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကာ မူးယစ်ဆေးဝါးပါ သုံးစွဲလေ့ ရှိ ပြီး စစ်တပ်နောက်ခံဖြင့် ရောင်းဝယ်ဖြန့်ဖြူးမှုကိုလည်း ပြုလုပ်လျက်ရှိနေသည့် ဟု ရွာသားများက ပြောသည်။

ကိုစိုးမင်းဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က သေဆုံးသွားသူ ထမင်းမစားကျေးရွာက ပျူစောထီး ခေါင်းဆောင် ဦးကမိုး ၏ တပည့်ရင်းတစ်ဦး ဖြစ်ပြီး မူးယစ်ဆေးဝါးများ သုံးစွဲ ရောင်းချနေခြင်းကြောင့် ယခုကဲ့ သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု KPDF (ပုလော) က ထုတ်ပြန်ထားသည်။

ထို့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့က ထမင်းမစားကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ အင် အား ၂၅ ဦးခန့် လိုက်ပါလာသည့် ကားကို ဗိုလ်ခေါင်းဖြူစစ်ကြောင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဘက် အပြန်အ လှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း ထမင်းမစားကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးကမိုး သေဆုံးခဲ့သည် ဟု သိရသည်။