အင်းစိန်ထောင် ဖောက်ခွဲမှု ဖော်ထုတ်အရေးယူရမည်ဟု AJMM ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ရန်ကုန်မြို့၊ အင်းစိန်ထောင်ဖောက်ခွဲ တိုက်ခိုက်မှုသည် တော်လှန်ရေးအပေါ် လူထုယုံကြည်မှု ထိခိုက်နိုင်သော ကြောင့် ဖော်ထုတ်အရေးယူရမည်ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ကောက်မတီ (AJMM) မှ ပြောဆိုလိုက်သည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုသည် ကျင့်ဝတ်မရှိသည့် လုပ်ရပ်ဖြစ်၍ တော်လှန်ရေး အပေါ် လူထုက ယုံကြည်မှု ပိုင်း ထိခိုက်နိုင်သည်ဟုလည်း AJMM က ပြောသည်။

AJMM မှ ကော်မတီဝင်တစ်ဦးက “စစ်အာရှင်ဆန့်ကျင်ရင်းနဲ့ ထောင်တွေထဲရောက်နေတဲ့ ရဲဘော်တွေရဲ့ မိသားစု ဝင်တွေ၊ နောက်တစ်ခြား အပြစ်မဲ့ တဲ့ အရပ်သားပြည်သူတွေ ထိခိုက်ရတယ်ဆိုတာက ဆုံးရှုံးမှုတွေ ပြောလို့ မရ အောင် များပြားတယ်ပေါ့” ဟု ပြောသည်။

အင်းစိန်ထောင်အား အောက်တိုဘာလ ၁၉ ရက်နေ့တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အဆိုပါ ဖောက်ခွဲမှုတွင် ထောင်တွင်းမှလည်း ပြန်လည်ပစ်ခတ်ခဲ့ရာမှ ထောင်ဝင်စာလာတွေ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ အပါအဝင် ပြည်သူ ၈ ဦး ခန့် သေဆုံးခဲ့သည်။

ထိုဖောက်ခွဲမှုအတွင်း နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ ထိခိုက်သေဆုံးရသည့်အတွက် ကျူးလွန် သည့် အဖွဲ့များအနေဖြင့် တာဝန်ခံရမည်ဟု AJMM နှင့်အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ (GSC) နှင့် လူမျိုးပေါင်းစုံ အထွေထွေသပိတ် ကော်မတီ (GSCN) တို့က သဘောထားထုတ် ပြန်သည်။

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် အများပြည်သူ သွားလာနေသည့် နေရာများအား စစ်ရေးပစ်မှတ်အဖြစ် တိုက် ခိုက် လုပ်ဆောင်ခြင်းများကို ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြထားသည်။

“ဒီတိုက်ခိုက်မှုကတော့ ဘယ်သူ့လက်ချက်လဲဆိုတာ ဘယ်သူမှ အတည်မပြုနိုင်တဲ့ အနေထားပေါ့။ စစ်တပ်က လုပ်ကြံတာလည်း ဖြစ်နိုင်သလို လက်နက်ကိုင်အင်အားစု တစ်ခုက မှားယွင်းတိုက်ခိုက်တာလည်း ဖြစ်နိုင်တယ်။ တော်လှန်ရေးအင်အားစုတွေက လုပ်တယ်ဆိုရင်တော့ ကျင့်ဝတ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ ကျန်တဲ့ တော်လှန် ရေး အင်အားစုတွေက ဝိုင်းပြီးတော့ ထိန်းကျောင်းရမယ်။ ဖော်ထုတ်အရေးယူရမယ်။ မဟုတ်ရင်တော့ တော် လှန်ရေး အပေါ် လူထုယုံကြည်မှု ထိခိုက်နိုင်တယ်” ဟု AJMM မှ ကော်မတီဝင်က ပြောသည်။

အင်းစိန်ထောင် ဖောက်ခွဲမှုအား Special Task Agency of Burma (STA) မှ လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့၏ တယ် လီဂရမ်ချန်နယ် (Telegram) တွင် ထုတ်ပြန်ထားပြီး အကျဉ်းဦးစီးမှ ၄ ဦးသေဆုံးခဲ့ကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ဖောက်ခွဲမှုနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှလည်း ဖော်ထုတ် စုံစမ်းပြီး အရေးယူ သွားမည်ဟု ထုတ်ပြန်ထားသည်။

AJMM ကော်မတီသည် စစ်အာဏာသိမ်း အစောပိုင်းကာလဖြစ်သည့် အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှများတွင် သပိတ်များကို ဦးဆောင်ခဲ့ပြီး အဆိုပါ ကော်မတီစတည်ထောင်စဉ်က လက်ရှိ NUG အစိုးရ၏ အမျိုးသမီးနှင့် လူငယ်ရေးရာ ဒု-ဝန်ကြီး ဒေါ်အိသဉ္ဇာမောင်လည်း ကော်မတီဝင်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။

AJMM သည် အနေဖြင့် လက်ရှိတွင် ပြောက်ကျားသပိတ်များ၊ ဖိနှိပ်ခံနင်းပြား အလုပ်သမားပြည်သူများဘက်မှ ရပ်တည်သော နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိပြီး အင်းစိန်ထောင်ထဲတွင် ၎င်းတို့ ကော်မတီဝင် ၁၇ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။