စစ်ကောင်စီ လက်နက်ကြီးကြောင့် ၅ နှစ်အရွယ် မိန်းကလေး သေဆုံး

 ကယား (ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ် များကြောင့် တစ်ရက်တာအတွင်း ၅ နှစ်အရွယ်မိန်းကလေး တစ်ဦး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည် ဟု ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၏ တာဝန်ရှိသူများက ပြောသည်။