တိုင်းရင်းသား ဘာသာသတင်း အစီအစဉ် ( ၂၈ – ၁၁ – ၂၂ )
မြဝတီမြို့နယ်ထဲမှာ ကော်ဘရာစစ်ကြောင်းရဲ့ ရိက္ခာပို့ကားတိုက်ခိုက်ခံရပြီး အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးသေဆုံးခဲ့ပါတယ်။
မွန်ပြည်နယ် ရေးမြို့မရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီစနစ် အောင်အောင်မြင်မြင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာမှာကို စစ်ကောင်စီက လိုလားမှုမရှိဘူးလို့ ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်ပါတယ်။