မူဆယ်ပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်၊ အရပ်သားထိခိုက်မှုအတွက် PSDA တောင်းပန်
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ထဲမှာ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေထဲ အရပ်ပြည်သူတွေ ထိမှန်သေဆုံးမှုရှိခဲ့တဲ့အတွက် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ အရပ်သားတွေ ထိခိုက်မှုအတွက် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ကလည်း တောင်းပန်ထားပါတယ်။