ဝန်ကြီးချုပ် လမ်း လုံခြုံရေး စစ်ကောင်း ခြုံခိုတိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
တိုင်းဝန်ကြီးချုပ်လမ်းကြောင်း လမ်းကင်း လုံခြုံရေး စစ်ကြောင်း ထားဝယ်မြို့နယ်အတွင်း ခြုံခို တိုက်ခိုက်ခံလိုက် ရသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ထားဝယ်- မေတ္တာ – ထီးခီးလမ်းမကြီးပေါ်တွင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကို လမ်းကြောင်းအတွက် လမ်းကင်းလုံခြုံရေးယူရန် ခြေလျင်စစ်ကြောင်း ထိုးလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က သရက်ငုတ်ကျေးရွာအနီး ခြုံခို တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်။
ထားဝယ်မြို့ဘက်မှ လမ်းကင်းယူရန် ဝင်လာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို Dawei Guerrilla Revolutionary Force-DGRF နှင့် က္လားသစ္ဏတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း DGRF အဖွဲ့က ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းက သတင်းထုတ်ပြန်ထားသည်။
နှစ်ဘက်ကြား အပြန်အလှန် ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်မှ လူအင်အားအပြင် လက်နက် ကြီးများ၊ စက်သေနတ်များဖြင့်ပါ တန်ပြန် ဒလစပ် ပစ်ခတ်ခဲ့ခြင်းကြောင့် အင်အားချင်း မမျှသဖြင့် ဘေးကင်း လုံခြုံသည့် နေရာသို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် DGRF တပ်ဖွဲ့ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ပြီး DGRF တပ်ဖွဲ့ဝင် ၁ ဦး ကျည် ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေး အင်အားအပြည့် ပါဝင်သည့် ကား ၉ စီးပါ စစ်ကောင်
စီယာဉ်တန်း တစ်ခု ထားဝယ်ဘက်မှ မေတ္တာမြို့ဘက်သို့ မောင်းနှင်သွားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများ က ပြောသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းဖြင့် လိုက်ပါလာသည့် ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ထားဝယ်မြို့မှ မေတ္တာမြို့သို့ နေ့ချင်းပြန်ခရီး လာရောက်ခဲ့ခြင်းဖြစ်ပြီး ဟိန္ဒားကျေးရွာ ရေအားလျှပ်စစ် စီမံကိန်း ကိစ္စရပ်များကို ဆွေးနွေး သွားခဲ့သည်ဟု မေတ္တာမြို့ခံတစ်ဦးက ပြောသည်။
ဓါတ်ပုံ – ထားဝယ်-ထီးခီးလမ်းပိုင်း တစ်နေရာ