တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၉ – ၁၂ – ၂၂ )
ကရင်နီပြည်နယ်မှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အရပ်သားတစ်ယောက်သေဆုံးသွားပါတယ်။
ကလေးမှာတော့ KTV ကနေ ဖမ်းဆီးခဲ့တဲ့ Non-CDM ဝန်ထမ်းတွေကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က တရားစွဲသွားမယ်လို့ ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်တည်ဆောက်ပေးဖို့ လက်နက်ကိုင် အဖွဲ့တွေကို တအာင်းဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။