ဒေသခံ PDF များက မူးယစ်ဆေးဖမ်းဆီးကာ မီးရှို့ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း ဒေသခံ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပထမဆုံးအကြိမ် မီးယစ်ဆေး ဝါးရောင်းချနေသူ များကို ဖမ်းဆီးကာ ဖမ်းမိသည့် မူးယစ်ဆေးဝါးများကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။

ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချနေသူများကို ဒေသခံ ပုလော ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု PRDF အဖွဲ့က တာဝန်ရှိသူများက ပြောသည်။

ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ WY ၆၀၁ လုံး၊ ဘိန်းစာမှုန့် ၄၆ ထုပ်၊ ငွေသား ၂၇၀၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု PRDF အဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက္ကူးကျေးရွာရှိ နေအိမ်အချို့ တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ရာ ဦးဖိုး ထောင် အသက် ၄၅ နှစ် နှင့် ဦးကုလား အသက် ၅၃ နှစ် တို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ရေးသားဖော်ပြ ထားသည်။

PRDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “သူတို့ နှစ်ယောက်စလုံးကို မူးယစ်ဆေးဝါး ရောင်းချနေတာတွေ ရပ်တန့် ပေးဖို့ ပြီးခဲ့တဲ့ လပိုင်းထဲ သတိပေးထားတာပါ။ မရပ်နားပဲ ဆက်လုပ်နေလို့အခုလို ဝင်ဖမ်းခဲ့ရတာပါ” ဟု ပြော သည်။

ပုလောမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေသူများအား ဖမ်းဆီး နှိမ်နင်း သွား မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားပြီးသည့်နောက် ယခုလအတွင်း ပထမဆုံး စတင် ဖမ်း ဆီး အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသူနှစ်ဦးကို ဥပဒေအရ အရေးယူအပြစ်ပေးရန် ခေါ်ဆောင်သွားခဲ့ပြီးနောက် ဆက်လက်၍ အဆိုပါ ကျေးရွာအတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူများကိုလည်း သတိပေး တားမြစ်မှုများ ပြုလုပ်ခဲ့သေး သည်ဟု PRDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သော်လည်း ကျန်ပစ္စည်းများကိုမူ တော်လှန်ရေးအတွက် လိုအပ်သော နေရာများတွင် အသုံးပြုသွားမည်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း မူးယစ်ဆေးဝါးများကို အမြစ်ပြတ် တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း PRDF တပ်ဖွဲ့ ၏ သတင်း ထုတ်ပြန် ချက်ထဲတွင် ဖော်ပြထားသည်။

အလားတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှလည်း ယခုနှစ် အစပိုင်းမှ စတင်ကာ မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးနေသူများကို အရေးယူ ဖမ်းဆီး၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် လျက်ရှိသည်။