ထားဝယ်ရေနက်ဆိပ်ကမ်း ရဲစခန်း ကာကွယ်ရေး တပ်များ ဝင်တိုက်၊ စစ်သား ၂ ဦး သေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ နဘုလယ်ဒေသရှိ ထားဝယ် ရေနက်ဆိပ်ကမ်း ရဲစခန်းကို ဒေသခံ ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာသူများ လည်းရှိသည်ဟု Dawei Guerrilla Revolutionary Force-DGRF က ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု အခြေအနေနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၆ ရက် နေ့တွင် Dawei Guerrilla Revolutionary Force-DGRFက သတင်းထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “လက်ဦးမှုရယူပြီး စဝင်ပစ်တဲ့ချိန်မှာပဲ စစ်သား နှစ်ယောက် သေနတ် ကျည် ထိသေသွားတယ်။ ဒဏ်ရာရရှိသူတွေလည်း များတယ်။ သူတို့ဘက်က လက်နက်ကြီး ပစ်အားများလို့ ပြန် ဆုတ်လာရတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force-DGRF၊ Launglone People Defence Force-LLPDF၊ က္လားသစ္ဏတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် TYB-PDF တို့က ဒီဇင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၇ နာရီ အချိန် ခန့်တွင် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ကြား အပြန်လန် ပစ်ခတ်မှု တိုက်ပွဲပုံစံမျိုး ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁ နာရီ နီးပါးအကြာ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိုသို့ အပြန်လှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အများ အပြားရှိခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်သည်။
စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ၎င်းတို့ပိုင် စစ်တပ် ကား များဖြင့် ဆေးရုံကို သယ်ယူသွားသည်ကို မြင်တွေ့ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တိုက်ပွဲဖြစ်ပွားပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရဲစခန်းသို့ရောက်ရှိလာကာ အနီးဝန်းကျင်ရှိ တောတောင်များအတွင်း တောနင်းရှာဖွေကာ ရွာခံအချို့ကို ဖမ်းဆီးခဲ့သည့်အတွက် ရွာသားများ နီးစပ်ရာ လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသူ ရွာသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ထိန်ကြီးကျေး ရွာမှ နေအိမ်တစ်လုံးကို ဖောက်ထွင်းပြီး စားနပ်ရိက္ခာများနှင့် ပစ္စည်းအချို့ကို ယူဆောင်သွားသည့်အပြင် ခြေရာ တော်ဘုရား သွားလမ်းရှိ ဥယျာဉ်ခြံအတွင်းက တဲ ၁ လုံးကိုပါ မီးရှို့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။